ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ရှိခြင်းက ကျွန်ုပ်တို့ရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေရဲ့ ကောင်းကျိုးကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

ဝါကျွတ်ကာလက မိသားစုတွေအတွက်ပဲတော့ မဟုတ်ပါဘူး။ ဝါကျွတ်ကာလမှာ လက်တွဲဖော်တွေ အကြားမှာလည်း ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးလို့  ရပါတယ်။ ဘယ်လို ဖန်တီးရမလဲ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလေးတွေ လိုက်နာ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်တော့ အခုလို နည်းလမ်းလေး တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။ ဘုရား အတူတူတက်တာ သီတင်းကျွတ်ကာလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ် ထားတဲ့ အခိုက်အတန့်ပါ။ ဒီကာလမှာ ဘုရား အတူတူ တက်တာက ချစ်သူနှစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမှာပါ။  လူကြီးတွေကို ဂါရဝပြုဖို့ အတူတူ ဈေးဝယ်ထွက်တာ သီတင်းကျွတ်မှာ နှစ်ဖက်သော မိဘတွေကို ဂါရဝပြုရမယ့် […]

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်းအသစ်ရအောင် ဘယ်လိုမိတ်ဖွဲ့မလဲ

အသက်၂၀ကျော်အရွယ်ဟာ မိတ်ဆွေအသစ်တွေရှာဖွေဖို့အကောင်းဆုံးအရွယ် ဖြစ်ပါတယ်။ ဒီအသက်အရွယ်အုပ်စုမှာရှိတဲ့ လူအားလုံးနီးနီးဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုကြတဲ့အတွက် သူတို့ဘဝမှာနေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို လူရာပေါင်းများစွာ (ဒါမှမဟုတ် aထာင်ပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်)နဲ့မျှဝေလျက်ရှိပါတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ ပိုပြီးအထီးကျန်ဆန်လျက်ရှိပြန်ပါတယ်။ စစ်တမ်းတွေအရ ကျွန်တော်တို့ဟာ ၁၉၈၀ပြည့်နှစ် ပတ်ဝန်းကျင်ကလူတွေထက် အပေါင်းအသင်းမိတ်ဆွေ ပိုနည်းလာတယ်လို့ဆိုပါတယ်။ facebook ၊ twitter တို့လို ဆိုရှယ်မီဒီယာတွေပေါ်ကတဆင့် သိရတဲ့အပေါင်းအသင်းတွေဟာလည်း တကယ့်အပြင်မှာပေါင်းသင်းဆက်ဆံရတဲ့ မိတ်ဆွေတွေလောက် အဆင်မပြေပါဘူး။ အသက်၂၀ကျော်၊ ၃၀ကျော်တွေဟာ သူငယ်ချင်းအသစ်နဲ့မိတ်ဖွဲ့ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ဘူး ဒါမှမဟုတ် အသက်ကြီးတဲ့သူတွေနဲ့ ပါင်းလို့သင်းလို့ အဆင်မပြေဘူးလို့ ငြီးတွားလေ့ရှိကြပါတယ်။   သူငယ်ချင်းဖြစ်လာနိုင်ချေရှိသူတွေကို ရှာဖွေပါ။ သင်နဲ့လက်ရှိအဆက်အသွယ်ပြုလုပ်လျက်ရှိတဲ့လူတွေထဲကနေ သူငယ်ချင်းအသစ်ရှာဖွေပါ။ နေရာအသစ်ကို အခုမှပြောင်းလာပြီး အနီးနားတဝိုက်မှာ ဘယ်သူ့ကိုမှမသိသေးဘူးဆိုရင်တော့ ဒီနည်းကိုသုံးလို့မရဖူးပေါ့။ ဒါပေမယ့် အများအားဖြင့် သင့်ပတ်ဝန်းကျင်မှာ သင်နဲ့မျက်မှန်းတန်းမိနေသူတွေ ရှိတတ်ကြပါတယ်။ သင့်အနေနဲ့အပြင်ထွက်လမ်းလျှောက်ပြီး တွေ့သမျှလူကို ရယ်ပြပြီး သူစိမ်းဆယ်ယောက်နဲ့တွေ့တိုင်း […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အိမ်တွင်းအကြမ်းဖက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

အိမ်တွင်းအကြမ်းဖက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။ အိမ်တွင်းအကြမ်းဖက်ခြင်း ဆိုတာက ခင်ပွန်းသည်၊ လက်တွဲဖော်၊ ကလေး၊ အသက်ကြီးသူ(သို့) အခြားမိသားစုဝင်တို့အတွင်း တွေ့ရသည့် အရာတစ်ခုဖြစ်ပါတယ်။ ဒါက ဘယ်သူ့ဆီမှာမဆို ဖြစ်နိုင်ပြီးထိခိုက်ခံရသူရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိပါတယ်။ အကြမ်းဖက်သူများက ကြောက်ရွံခြင်း၊ အပြစ်ရှိခြင်း၊ ရှက်ရွံမှုတို့ကို အသုံးပြုပြီး သင့်ကို စိတ်ပင်ပန်းအောင် (သို့) ထိခိုက်အောင် လုပ်သလိုမျိုး သင်နဲ့ သင့်နားရှိလူများကိုလည်း ခြိမ်းခြောက်နိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်ခြင်းရဲ့ ပြဿနာများနဲ့ လက္ခဏာများကို နားလည်ထားခြင်းက သင် အကြမ်းဖက်ခံရတဲ့အခါ ဘယ်လိုကိုင်တွဲမလဲနဲ့ ကိုယ့်ကိုကိုယ် ကူညီနိုင်ဖို့ အထောက်အပံ့ပေးပါတယ်။ အိမ်တွင်းအကြမ်းဖက်ခြင်း ဆိုတာဘာလဲ။ ရုပ်ပိုင်းဆိုင်ရာ (ကာယပိုင်းဆိုင်ရာ) အကြမ်းဖက်ခြင်းနဲ့ အိမ်တွင်းအကြမ်းဖက်ခြင်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုတာက လူတစ်ယောက်ကို ထိခိုက်စေလိုတဲ့ (သို့) အန္တရာယ်ရှိစေနိုင်တဲ့ ရည်ရွယ်ချက်များနဲ့ အင်အားသုံး အနိုင်ကျင့်ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်ခံရသူရဲ့ ခန္ဓာကိုယ်မှာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက်

သင်ဟာ ဆိုးဝါးတဲ့ ချစ်သူ တစ်ယောက်ဖြစ်နေပြီလို့ သင်စဉ်းစားဖူးပါသလား။ အကယ်၍ သင်တို့ရဲ့ အချစ်ရေးဟာ ကြမ်းတမ်းနေတယ်။ ဒါပေမယ့် အဖြေကို ရှာမတွေ့ဘူး ဆိုရင်တော့ သင့်ကိုသင် ပြန်လည်းဆန်းစစ် ကြည့်သင့်ပါပြီ။ သင်ဟာ ဆိုးဝါးတဲ့ ချစ်သူ တစ်ယောက် ဖြစ်နေပြီဆိုတာ ပြောနိုင်တဲ့ အချက် ၅ချက်ရှိပါတယ်။ https://hellosayarwon.com/healthy-mind/healthy-relationships/%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%84%E1%80%BA%E1%80%90%E1%80%B2%E1%80%B7-%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%9E/ သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက် သင်ကဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်တွေက ၁။ အရာရာတိုင်းဟာ သင့်ကိစ္စပဲ ဖြစ်နေခြင်း သင်တို့ နှစ်ယောက်ဟာ ဘာပဲ စီစဉ်ထားထား အရာရာတိုင်းဟာ သင့် အရေးကိစ္စပဲ အမြဲဖြစ်နေတတ်ပါတယ်။ သင်တို့နှစ်ယောက် လုပ်မယ့် အရာတွေမလုပ်ခင်မှာ သင့်ရဲ့ ခွင့်ပြုချက်တွေကို ယူနေရတာမျိုးတွေ၊ သူ့မှာ ဘာကိစ္စပဲရှိပါစေ သင့်ရဲ့ဘေးမှာ တစ်နေ့လုံး ရှိနေစေချင်တာမျိုးတွေ၊ သင်ဟာ သူ့ရဲ့ အရေးအကြီးဆုံးနဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခြင်းမေတ္တာက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

လူတွေဟာ မွေးဖွားလာတဲ့ အချိန်ကစပြီး တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ ကြိုးစားကြပါတယ်။။ ချစ်ခြင်းမေတ္တာဟာ လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဆက်သွယ်ပေးနိုင်တဲ့ အလှပဆုံး နဲ့ အားအင်အရှိဆုံးအရာပါ။ ၁၅၀၀ ချစ်ခြင်းကနေ အသည်းကွဲ ပူဆွေးတာတွေ နာကျင်ရတာတွေ ခံစားရတယ်လို့ လူအများစုက ဆိုကြပေမယ့် ပျော်ရွှင်ပြီး တည်ငြိမ်တဲ့ သမီးရည်းစား၊အကြင်လင်မယား ဆက်ဆံရေးဟာ ကျန်းမာရေးအတွက် များစွာ အကျိုးကျေးဇူး ဖြစ်စေတယ်လို့ဆိုပါတယ်။ ကဲ ..... ချစ်ခြင်းမေတ္တာက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ချစ်ခြင်းမေတ္တာက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ချစ်ခြင်းမေတ္တာက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့ (၁) ကျန်းမာရေးပိုကောင်းမယ်။ အိမ်ထောင်ရှိသူတွေဟာ လူပျိုလူလွတ်တွေထက် ကျန်းမာရေး ပိုကောင်းပြီး ဖျားနာခဲတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဖျားပြီနာပြီဟေ့ ဆိုရင်တောင် မြန်မြန်ဆန်ဆန်ပဲ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အိမ်ရှင်မများ လင်ယောကျ်ားကို မပြောဖြစ်တဲ့ လျှို့ဝှက်ချက် ၁၁ချက်

ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားအတော်များများအတွက် မိန်းမတွေဆိုတာ အမြဲဆန်းပြားပြီး နားမလည်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ လင်ယောက်ျားကိုတောင် မပြောပြတဲ့ လျှို့ဝှက်တဲ့ အရာတွေ အများကြီးရှိနေတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ မိန်းမတွေဟာ သူတို့သာ အကုန်အမှန်အတိုင်းပြောလိုက်မယ်ဆိုရင် ဖြစ်လာမယ့် အရာတွေ အကုန်လုံးကို ဂရုစိုက်လို့ပါပဲ။ ဒါ့ကြောင့် သူတို့ဆီမှာ လျှို့ဝှက်ချက် တွေ အများကြီးရှိနေတယ်ဆိုတာဟာ နားလည်ဖွယ်ရာဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အမျိုးသားတွေဟာ အောက်ဖော်ပြပါ အချက်တွေကိုလေ့လာသင့်ပါတယ်။ အမျိုးသမီးတွေ ထားလေ့ရှိတဲ့ လျှို့ဝှက်ချက် တွေကို ဖော်ထုတ်နိုင်ဖို့ ၁။ သူတို့ဝယ်တဲ့ အရာတွေဟာ သူတို့သင်တို့ကို ပြောထားတဲ့ ဈေးနှုန်းထက် နှစ်ဆယ်ရာခိုင်နှုန်းလောက် ပိုမိုကုန်ကျပါတယ်။ ဒါဟာ ရယ်စရာကောင်းပေမယ့် အမှန်ပါပဲ။ ရိုးသားခြင်းဆိုတာ ဆက်ဆံမှုတစ်ခုမှာအဓိကကျတယ်ဆိုတာ နားလည်ပေမယ့် သူတို့ဝယ်တဲ့ အရာတစ်ခုခု (ခေါင်းလျှော်ရည်၊ အဝတ်အစား၊ ဖိနပ်) ရဲ့ ဈေးနဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မနှစ်မြို့ဖွယ်ဆက်ဆံရေးမှလွတ်မြောက်ရန်နည်းလမ်းများ

နှလုံးသားရေးရာ ၊သူငယ်ချင်းမိတ်ဆွေနှင့် မိသားစုအပြင် သင့်ကိုစိတ်ကုန်ပင်ပန်း၍ အဆက်ဖြတ်လိုသော အခြားသောဆက်ဆံရေးမျိုးလည်းရှိနေနိုင်ရာ ဤဆောင်းပါးတွင် ထိုမနှစ်မြို့ဖွယ်ဆက်ဆံရေးမျိုးကို အဆုံးသတ်ရန် နည်းလမ်းများကို ဖော်ပြထားပါသည်။ မနှစ်မြို့ဖွယ်ဆက်ဆံရေးဆိုသည်မှာ မနှစ်မြို့ဖွယ်ဆက်ဆံရေးဆိုသည်မှာ တစ်ခါတရံကိုင်တွယ်ဖြေရှင်းရ ခက်တတ်သည်။ သင်ကိုယ်တိုင်က ဘာလဲ နှင့် သင်ကဘာကိုအကောင်းဆုံးလုပ်နိုင်လဲကိုပါ မေ့လျော့သွားစေနိုင်သည်။ ထိုဆိုးရွားသောဆက်ဆံရေးကြောင့် တစ်ခါတရံ သင်ကိုယ်တိုင်က အခြေအနေအခါကိုလိုက်၍ တွေးတောဆင်ခြင်နိုင်စွမ်းပါ ကင်းမဲ့သွားတတ်သည်။ အောက်ပါတို့မှာမနှစ်မြို့ဖွယ်ဆက်ဆံရေး၏ အတွေ့ရများသော လက္ခဏာများဖြစ်သည်။ (၁) နစ်နာအောင်ဝေဖန်ခံရခြင်း လူတစ်ဦးနှင့်တစ်ဦး နီးကပ်လေ တစ်ဦး၏အားနည်းချက်များ၊ လိုအပ်ချက်များကို မြင်လာလေဖြစ်သည်။ အပြုသဘောဝေဖန်ထောက်ပြခြင်းဖြင့် ပိုမိုတိုးတက်စေနိုင်သော်လည်း သင့်ကို (သို့မဟုတ်) အခြားတစ်စုံတစ်ယောက်ကို နာကျင်အောင်၊ ဂုဏ်သိက္ခါထိခိုက်အောင်ပြောဆိုလာပြီဆိုလျှင်တော့ ထိုဆက်ဆံရေးမျိုးကို ရပ်တန့်ပစ်သင့်သည်။ (၂) အပြန်အလှန်မဆွေးနွေးဘဲငြင်းခုံခြင်း တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် ပဋိပက္ခများ၊ ငြင်းခုန်မှုများ တစ်ချိန်မဟုတ်တစ်ချိန် ကြုံနိုင်မည်ဖြစ်သည်။ သို့သော် အချိန်ရှိသရွေ့ ထိုကဲ့သို့ဖြစ်နေပြီး စေ့စပ်ဆွေးနွေးအဖြေရှာခြင်းမပြုလျှင်တော့ နှစ်ဦးသားဆက်ဆံရေးတွင့်ပဿနာတစ်စုံတရာ ရှိလာနိုင်သည်။ (၃) မိမိကိုယ်မိမိလက်ခံနိုင်မှုပျောက်ဆုံးခြင်း ဆက်ဆံရေးတစ်ခုကြောင့်ဖြစ်ပေါ်လာသော အပြောင်းအလဲသည် သင့်ကိုယ်သင်ကောင်းသောပြောင်းလဲမှုဖြစ်စေလျှင် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျွမ်းကျင်သူများ ပြောပြသောအိမ်ထောင်ကွဲခြင်း အကြောင်းရင်း၈ခု

သင်၏နေ့စဉ်အပြုအမူတို့က သင့်အိမ်ထောင်ရေးကို ဖျက်ဆီးနိုင်ပါသည်။ သုတေသနအဆိုအရ နှစ်ဦးသားဆက်ဆံရေးတွင်ကြီးမားသော ပြဿနာများကိုဖြစ်စေသည်မှာ သေးငယ်သောအမှုကိစ္စများက စသည်ဟုဆိုပါသည်။ သတင်းကောင်းတစ်ခုကတော့ သင့်တွင် ထိုအကျင့်ဆိုးများရှိရုံဖြင့် အိမ်ထောင်ကွဲမည်ဟုမဆိုလိုပါ။ လေ့လာချက်တစ်ခုအရ စုံတွဲများ ပြုလုပ်ကြိုးစားကြည့်နိုင်သော အရာများစွာရှိပါသည်။ ထိုသို့ဆိုလျှင် အောက်ပါ အချက်လေးများကို လေ့လာဆင်ခြင်ကြည့်ပါ။   ကျွမ်းကျင်သူများပြောပြသောအကျင့်ဆိုးများ (၁)တစ်ဦး၏မကောင်းသတင်းကိုတစ်ဦးကကွယ်ရာတွင်ပြောခြင်း သင့်၏အိမ်ထောင်ဖက်အကြောင်း ကွယ်ရာတွင်စကားအတင်းဆိုခြင်းသည် မကြာခဏတွေ့ရတတ်သည်။ အထူးသဖြင့်အမျိုးသမီးများသည် ထိုကဲ့သို့သဘောရှိသောအမျိုးသမီးချင်းဆုံမိသောအခါတွင် ပို၍ပြောမိတတ်ကြသည်။ သင်နှင့်ရင်းနှီးသူများက သူတို့၏ခင်ပွန်းသည်များ မကောင်းကြောင်းကိုပြောမိကြသည့်အခါ သင်ပါအလိုလို ထိုစကားဝိုင်းထဲ ရောက်သွားလိမ့်မည်။ သို့သော်ထိုကိစ္စသည် အသေးအဖွဲတော့မဟုတ်ပါ။ သင့်ခင်ပွန်းသည်က ထိုအကြောင်းကိုသိရှိသွားလျှင် သူ့အပေါ်ထားသော သင်၏လေးစားမှုကိုသိရှိသွားပြီး ဆက်ဆံရေးအဖုအထစ်ဖြစ်လာနိုင်သည်။ ထိုမှတစ်ဆင့်ဝေဖန်ပြစ်တင်မဆုံးဖြစ်လာပြီး သင်မသိလိုက်ခင်မှာပင် သင်တို့ဆက်ဆံရေးသည် လျှင်မြန်စွာပျက်စီးအေးစက်သွားပေလိမ့်မည်။   (၂)ခင်ပွန်းသည်မဖြစ်ချင်သည်များကို ပုံသွင်းရန်ကြိုးစားခြင်း သင့်အနေဖြင့် သင်၏အမျိုးသားကို အခြားသူတို့၏ခင်ပွန်းသည်တို့ကဲ့သို့တည်တံ့ခန့်ညားစွာနေရန်စေခိုင်းခြင်း(သို့မဟုတ်) အခြားသူများနှင့် သူ့ကိုနှိုင်းယှဉ်ခြင်းက အတော်ဆိုးသောအမူအကျင့်ဖြစ်သည်။ ထိုကဲ့သို့သောစိတ် သင့်တွင်ရှိပါက ဆက်ဆံရေးသည် အချိန်တစ်ခုရောက်လျှင် အဆုံးသတ်သွားလိမ့်မည်။ သင်ဆန္ဒရှိ၍ ဖြစ်ချင်သည့်အတိုင်း […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မိတ်ဖွဲ့ဖို့အတွက် နည်းလမ်းကောင်းများ

မိသားစုလိုပါပဲ၊ သူငယ်ချင်းဘဝဆိုတာလည်း လူတိုင်းကဆုတစ်ဆုအနေနဲ့ ရထားတဲ့ အင်မတန်ပျော်စရာကောင်းတဲ့ ခံစားမှုတစ်ခုပါပဲ။ သူငယ်ချင်းတစ်ယောက်ဟာရုတ်တရက် ကိုယ့်နားကပျောက်ကွယ်သွားတာမျိုးမရှိနိုင်ဘဲချစ်စရာကောင်းတဲ့ သူငယ်ချင်းဘဝဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့လိုပါတယ်။ စိတ်ပညာရှင်များကတော့ လူတစ်ယောက်ချင်းစီမှာအနည်းဆုံးတော့ ယုံကြည်စိတ်ချရပြီးစိတ်ဓါတ်ရေးရာတည်ကြည်မှုရှိတဲ့ သူငယ်ချင်းအရင်း(၃)ယောက်လောက် ရှိနေသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်းအဲဒီလိုယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းမျိုးရဖို့ကတစ်ချို့အတွက်တော့ ရိုးရှင်းပေမယ့် တစ်ချို့အတွက်တော့ ခက်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်တွေကတော့ အပြန်အလှန်လေးစားပြီးယုံကြည်ရတဲ့ သူငယ်ချင်းမျိုးရစေနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ အချိန်ပေးပြီးဂရုစိုက်ပါ သူလုပ်တဲ့ကိစ္စတွေမှာအားပေးခြင်းဖြင့် ကိုယ့်ရဲ့ ဂရုစိုက်မှုကို ပြသဖို့ လိုပါတယ်။ သူနဲ့ အတူတူတစ်ပတ်ကိုသုံးခါလောက် အားကစားလုပ်တာတို့၊ ပိတ်ရက်တွေမှာကော်ဖီဆိုင်အတူတူထိုင်တာတို့၊ ကိုယ့်ရဲ့အိမ်ကိုဖိတ်ပြီးအင်တာနက်မှာတွေ့တဲ့ ဟင်းချက်နည်းတွေနဲ့ ဟင်းအတူတူချက်စားကြတာတို့ လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တွေရဲ့ ရင်းနှီးမှုပိုပြီးခိုင်မာအောင် ရက်တိုခရီးထွက်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ သူငယ်ချင်းတွေဟာကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်းသူငယ်ချင်းဆက်ဆံရေးမှာတစ်ဖက်သတ်တော့ မဆန်သင့်ပါဘူး။ ဥပမာရုပ်ရှင်အတူသွားကြည့်ရင် သူကြည့်ချင်တဲ့ကားနဲ့ ကိုယ်ကြည့်ချင်တဲ့ကားညှိနှိုင်းကြတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာသူ့အနေနဲ့ ကိုယ်နဲ့ပေါင်းသင်းရတာလွှမ်းမိုးခံနေရသလိုမျိုးမခံစားမိတော့မှာ ဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုပါ ကိုယ့်ရဲ့အတွေးအမြင်တွေ၊ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ကောင်းနှလုံးကောင်းထားနိုင်ဖို့ နည်းလမ်း ၅ သွယ်

သင့်အနေနဲ့ ဖော်ရွေကြင်နာတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းကို ဖော်ပြဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် နောက်ကိုခြေတစ်လှမ်းသာဆုတ်ပေးလိုက်ပါ။ အခြားသူတွေအပေါ် ချစ်ခင် ကြင်နာစိတ်ရှိကြောင်းဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ သူတို့တွေ ဘဝမှာပိုအဆင်ပြေသွားမယ်ဆိုရင် သင်လည်းချစ်ခင်ကြင်နာမှုကိုရောင်ပြန်ရရှိနိုင်မှာပါ။ သင့်ရဲ့စိတ်နှလုံးကောင်းကိုဖော်ပြနိုင်မယ့် နေ့စဉ်လေ့ကျင့်ခန်း ၅ခုရှိပါတယ်- ၁) မီးနီအဆင့်မှာရပ်လိုက်ပါ သင့်စိတ်ကမီးနီအဆင့်(ဘာကိုမှဆက်မကြားလို၊မပြောလို၊ အားလုံးရပ်တန့်သွားစေလိုတဲ့ စိတ်မကျေနပ်မှုအခြေအနေ) ကိုရောက်နေတဲ့အချိန်တိုင်း အသက်ကိုပြင်းပြင်းရှူပြီး ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကို သတိထားတွေးကြည့်ပြီးမှ ကိုယ့်အတွက်ရော၊ တခြားသူအတွက်ပါ အဆင်ပြေစေဖို့ဆုတောင်းပေးပါ။ “ပျော်ရွှင်ပါစေ။ အဆင်ပြေပါစေ”ဆိုတဲ့ စကားတွေကို စိတ်မပြေမချင်းစိတ်ထဲကနေပြောနေပါ။ နောက်တစ်ကြိမ် မီးနီအဆင့် ရောက်ပြန်ရင်လည်းဒီအတိုင်းထပ်လုပ်ပါ။ လုံလောက်တဲ့အထိအကြိမ်ကြိမ်လုပ်ဆောင်ပြီးတဲ့အခါ မီးနီအဆင့်က စိတ်ကောင်းနှလုံးကောင်းမွေးမြူရာမှာ သဲလွန်စတစ်ခုဖြစ်လာပြီး စိတ်နှလုံးကောင်းထားရှိတဲ့အလေ့အကျင့်ကို ဖြစ်တည်စေပါတယ်။ ၂) ကုန်စုံဆိုင် အရောင်းဝန်ထမ်းတွေနဲ့ ခင်မင်အောင် ပေါင်းထားပါ ကုန်စုံဆိုင်သွားတဲ့အခါ ၊ ရုပ်ရှင်လက်မှတ်ဝယ်ဖို့ တန်းစီတဲ့အခါ၊ ဒါမှမဟုတ် ဓါတ်ဆီဆိုင်မှာဆီထည့်ချိန်မှာ တခြားလူတွေနဲ့ ချိတ်ဆက်ပေါင်းသင်းပါ။ စိတ်ထဲကနေလည်းသူတို့အတွက် ကောင်းကျိုးကို ဆန္ဒပြုထားပါ။ သူတို့ စကားပြောတဲ့အခါ နားထောင်ပေးပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)