လူ့စိတ်ဆိုတာက ခန့်မှန်းရခက်တယ်နော်။ တစ်ခါတလေ ကိုယ့်အတွက် မကောင်းမှန်းသိပေမယ့် ဒီဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းပိုးသွားနေရတာကို ပျော်နေမိတဲ့ အခိုက်အတန့်တွေရှိတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှသူတိုင်း ကိုယ်ကနှစ်သက်ချစ်ခင်မိတဲ့သူတိုင်းက ကိုယ့်အတွက် ကောင်းကျိုးပဲပေးမယ်ဆိုတာသေချာရဲ့လား။ အချို့သောသူတွေက ကိုယ့်ကို တကယ်ချစ်လို့ တကယ်ကို အားဖြစ်စေတဲ့သူတွေဆိုပေမယ့် အချို့ကတော့ ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ ဖို့သက်သက် ကိုယ့်ဘေးမှာရှိနေတတ်ကြတာမျိုးလည်း ရှိတတ်ကြပါတယ်။