အိပ်ရေးမဝရင် ဖြစ်မယ့် ဆိုးကျိုးတွေကတော့ အထူးအထွေပြောစရာလိုမယ် မထင်ပါဘူးနော်။ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေလျော့နည်းလာမယ်။ ဝိတ်တက်မယ်။
ညကို တစ်ခုခုကို ဖက်အိပ်ရမှ အိပ်တတ်တယ်ဆိုလည်း ဖက်ခေါင်းအုံး ရှိနေတာပဲလေနော်။
၄။ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ဖြစ်တယ်။
ကလေးကိစ္စ၊ မိသားစုကိစ္စနဲ့ gym ဖိုးတွေသွင်းထားပြီး မသွားဖြစ်တာတွေလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အချိန်ကို ကိုယ်ပိုင်တဲ့အတွက် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ လှလှပပ ကျော့ကျော့ရှင်းရှင်း နေနိုင်မှာဖြစ်ပါတယ်။
၅။ အရေးအကြောင်းတွေလျော့နည်းပြီး နုပျိုလှပတယ်။
ကိုယ့်ရည်းစား၊ အမျိုးသားညဘက် နိုက်က်အောက်ထွက်လို့ ပြန်မလာသေးလို့ စိတ်ပူပန်ပြီး အိပ်ရေးတွေပျက်ရတာမျိုးလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်ပဲ စိတ်ပူစရာရှိတာကြောင့်လည်း စိတ်ပူပန်ရတာတွေလည်း နည်းမယ်။ အရွယ်မတိုင်မီ အရေးအကြောင်းတွေလည်း ထွက်မှာမဟုတ်တာကြောင့် ငယ်ရွယ်နုပျိုလှပနေမှာပါ။
၆။ ကိုယ့်အချိန်ကိုယ်ပိုင်တယ်။
နှစ်ယောက်ဖြစ်သွားတဲ့အခါ ကိုယ်ပိုင်အချိန်ဆိုတာ လျော့နည်းသွားမယ်။ တစ်ခုခုလုပ်ဖို့ဆိုရင် အချိန်တွေလိုက်ညှိနေရတယ်။ ကိုယ်က အိမ်မှာ နားချင်တယ်။ သူက အပြင်ထွက်ချင်တယ်။ ကိုယ်က လူမှုရေးကိစ္စတွေရှိတယ်။ သူကလည်း ဒီတစ်ရက်ပဲအားလို့ တွေ့ချင်တယ်။
အချိန်တွေကို ညှိရတာ စိတ်ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။