အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ။

    ခုမှချစ်စခင်စအတွဲလေးတွေ ရုပ်ရှင်ကြည့်ဖို့ ဇာတ်ကားရွေးကြမယ်ဆိုပါစို့။ တစ်ယောက်အကြိုက်တစ်ယောက်ကလည်း မသိသေးတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ဟာသကားလေးတွေရွေးလိုက်မယ်လို့တွေးနေရင်တော့ အဲဒီအတွေးကိုဖျောက်လိုက်ပါတော့။ လက်တလောမှ စဒိတ်တဲ့အတွဲတွေပဲဖြစ်ဖြစ်၊ နှစ်ရှည်လများတွဲလာပြီးတဲ့အတွဲလေးတွေပဲဖြစ်ဖြစ် ဘာကြောင့် သရဲကားကိုမှ ရွေးပြီးကြည့်သင့်တယ်ဆိုတာကို ဖော်ပြပေးထားပါတယ်နော်။

    ၁။ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ဖို့ အခွင့်အရေးတွေရှိလာမယ်။

    ဒါကတော့ စဒိတ်စ အတွဲလေးတွေအတွက်ပေါ့။ ယောကျာ်းလေးကလည်း မိန်းကလေးဘက်ကဘာထင်မလဲဆိုပြီး လက်ကလေးတောင်မကိုင်ရဲဖြစ်နေ၊ မိန်းကလေးကလည်း ရင်တွေခုန်ပြီး ရှက်နေတဲ့အချိန်မှာ သရဲက ဝုန်းဆိုထွက်လာရင် ကိုယ့်ဘာကိုယ်တောင် မသိလိုက်ဘဲ ဖက်လိုက်မိတာ၊ မှီလိုက်မိတာလေးတွေဖြစ်သွားနိုင်ပါတယ်။

    ၂။ စိတ်ဖိစီးတာတွေလျော့စေတယ်။

    သရဲကားတွေကပေးတဲ့ ပြင်းထန်တဲ့ကြောက်လန့်စိတ်တွေဖြစ်လာတဲ့ခါ ထွက်လာတဲ့ အဒရီနယ်လင်း (Adrenaline) ဟော်မုန်းဟာ စိတ်ဖိစီးမှုကိုလျှော့ချပေးပါတယ်။ ကြောက်လို့ စိတ်လွတ်လက်လွတ်အော်လိုက်တာတို့ဘာတို့ကလည်း စိတ်ဖိစီးတာတွေကိုပျောက်စေပါတယ်။

    ၃။ တစ်ယောက် အပေါ် တစ်ယောက်အကြင်နာတွေပိုလာမယ်။

    ကြောက်လန့်စိတ်ဖြစ်တဲ့အခါ ဦးနှောက်က ဒိုပါမင်း (dopamine) ဆိုတဲ့ ဟော်မုန်းလဲထွက်ပါတယ်။ ဒိုပါမင်းဟော်မုန်းကို သာယာမှုဖြစ်စေတဲ့ ဟော်မုန်းလို့ပြောကြပါတယ်။ ဒါကြောင့် သရဲကားကို လူတွေကြိုက်ကြသလို အတွဲတွေအနေနဲ့လည်း သံယောဇဉ်တိုးစေပါတယ်။

    ၄။ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာမယ်။

    သရဲကားဆိုတာကို ယောကျာ်းလေးရော မိန်းကလေးရော ကြောက်တတ်ကြပါတယ်။ သရဲကားတူတူကြည့်ပြီးတော့ မနှစ်မြို့စရာကောင်းတဲ့ အရာတွေကို ဘယ်လိုတုံ့ပြန်လဲ ဆိုတာသိနိုင်တဲ့အပြင် အားနည်းချက်တွေကို စိတ်တွေကို မထိန်းချုပ်ထားတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်းမြင်နိုင်တဲ့အတွက် ပိုပြီးစိတ်ချင်းရင်းနှီးသွားနိုင်ပါတယ်။

    ၅။ တူတူကြောက်ရတာပျော်ဖို့ကောင်းတယ်။

    ကြောက်လို့ ပါးစပ်ထဲကပေါက်ကရတွေအော်မိတာ၊ ပေါက်ပေါက်တွေလက်ထဲကလွှတ်ကျကုန်တာ၊ ယောင်ယမ်းပြီး သူများလက်တွေကိုသွားဆွဲမိတာ စသဖြင့် ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ သရဲကားကြည့်ရင်း ဖြစ်နိုင်ပါသေးတယ်။ နောင်နှစ်တွေကြာတဲ့ချိန်ထိ နင်လေ ပထမဆုံးရုပ်ရှင်ကြည့်တုန်းက ဘာတွေလုပ်တာဆိုပြီး အမှတ်ရစရာလေးတွေဖြစ်နေမှာပါ။

    သရဲကားတစ်ကားရဲ့အချိန်ဟာ ၂ နာရီပဲကြာပါတယ်။ သရဲကားကြောင့် တိုးလာမယ့် သံယောဇဉ်တွေကတော့ ၂ နာရီစာထက်ပိုပါတယ်။ ဒါကြောင့် လူချင်းစိတ်ချင်းလည်းနီးစပ်စေတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေပါပေးနိုင်တဲ့ သရဲကားတွေကို ကြည့်ကြဖို့ ချစ်သူလေးတွေကို အကြံပေးလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement