ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ရှိခြင်းက ကျွန်ုပ်တို့ရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေရဲ့ ကောင်းကျိုးကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

ဝါကျွတ်ကာလက မိသားစုတွေအတွက်ပဲတော့ မဟုတ်ပါဘူး။ ဝါကျွတ်ကာလမှာ လက်တွဲဖော်တွေ အကြားမှာလည်း ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးလို့  ရပါတယ်။ ဘယ်လို ဖန်တီးရမလဲ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလေးတွေ လိုက်နာ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်တော့ အခုလို နည်းလမ်းလေး တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။ ဘုရား အတူတူတက်တာ သီတင်းကျွတ်ကာလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ် ထားတဲ့ အခိုက်အတန့်ပါ။ ဒီကာလမှာ ဘုရား အတူတူ တက်တာက ချစ်သူနှစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမှာပါ။  လူကြီးတွေကို ဂါရဝပြုဖို့ အတူတူ ဈေးဝယ်ထွက်တာ သီတင်းကျွတ်မှာ နှစ်ဖက်သော မိဘတွေကို ဂါရဝပြုရမယ့် […]

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေး ရှိသင့်တဲ့အကြောင်းအရင်း

အိမ်ဆိုတာက ရာသီဥတုဒဏ်တွေကနေ ကာကွယ်ပေးတယ်ဆိုတာထက်ပိုတဲ့ မိသားစုအသိုက်အမြုံလေးပါ။ တစ်နေ့တာ ပင်ပန်းလာသမျှ အိမ်ရောက်မှပဲ အမောပြေသွားတယ်လို့ရေရွတ်မိဖူးလား။ ဒါဆိုရင်တော့ သင်ကအိမ်ချစ်တတ်သူတစ်ဦးပါ။ အပြင်ကပြန်လာရင် ချစ်ရတဲ့မိသားစုတွေမျက်နှာကိုမြင်ရတာ စိတ်ချမ်းသာစရာနော်။ ဒီကြားထဲ အသည်းကျော်လေးတွေကများ အမြီးလေးနှံ့လို့ ဆီးကြိုရင် ပင်ပန်းတာက ကြက်ပျောက် ငှက်ပျောက်ပါပဲ။ ဒီလိုချစ်စရာကောင်းတဲ့ မိသားစုအသိုက်အမြုံလေးကို ပိုင်ဆိုင်ထားသူတွေက အခြားသူတွေထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုကျန်းမာကြပါတယ်နော်။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးနယ်ပယ်မှာဖြစ်ဖြစ်အောင်မြင်နေကြသူတွေကပျော်ရွှင်စရာကောင်းတဲ့ မိသားစု အသိုက်အမြုံလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါနော်။ ပျော်ရွှင်စရာအသိုက်အမြုံကို ပိုင်ဆိုင်ထားသူတွေသာ ရရှိမယ့်အကျိုးကျေးဇူးတွေ ပျော်ရွှင်စရာအသိုက်အမြုံလေးပိုင်ဆိုင်ထားသူတွေက ကံကောင်းသူတွေလို့ဆိုရမှာပါ။ မိသားစုရှိနေတော့ တီးတိုးတိုင်ပင်ဖော်ရသလို ရင်ဖွင့်ခွင့်လည်း အပြည့်အဝရနိုင်ပါတယ်။ကောင်းတာ ဆိုးတာတွေကို မျှဝေခံစားပေးသူတွေရှိနေတဲ့အတွက် စိတ်ညစ်စရာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်ရကြသူတွေပေါ့။ အလုပ်ခွင်မှာ စွမ်းဆောင်နိုင်စွမ်းကောင်းကြတယ် အလုပ်ခွင်မှာလန်းဆန်းတက်ကြွပြီးပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းဆောင်တာတိုင်းကိုအောင်မြင်နေအောင်လုပ်ဆောင်နိုင်စေဖို့ အကြည်ဓါတ်လေးတွေပေးနေတာက ချစ်ရတဲ့ မိသားစုဝင်တွေပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းကြတယ် ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေကို ဆန်းစစ်ကြည့်လိုက်ရင် သူတို့မှာ အရမ်းချစ်ရတဲ့ မိသားစုဝင်တွေရှိသလို သူတို့ကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ပျိုကိုယ်နု အရွယ်တင်နေစေမယ့် လျို့ဝှက်ချက်

ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဘယ်သူမဆို လှချင်၊ နုပျိုချင်ကြတာပါပဲ။ အရွယ်တင်နုပျိုခြင်းဆိုတာ အလှအပနဲ့ပဲ သက်ဆိုင်မယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ သုတေသီတွေ လေ့လာချက်အရ အမြဲတမ်း စိတ်ပျော်ရွှင်ြပီး နုပျိုနေတဲ့သူတွေဟာ တခြားရွယ်တူတွေထက် သက်တမ်းရှည်ကြာစွာ နေထိုင်သွားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ အရွယ်တင်နုပျိုဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေ ပြင်ရမယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြင်ဆင်ရမယ်။ အစာအာဟာရမျှတစွာ စားရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်အောင် ပြောင်းလဲ နေထိုင်ရမယ်။ တွေးလိုက်ရင်တော့ ရှုပ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ အရွယ်တင်နုပျိုစေဖို့ဆိုတာ ကိုယ့်စိတ်၊ ကိုယ့်ရွေးချယ်မှုနဲ့သာ သက်ဆိုင်နေတာပါ။ ဒီတော့ စိတ်ပျိုကိုယ်နု အရွယ်တင်ပြီး သက်တမ်းရှည်ကြာစွာ နေထိုင်ဖို့ ဘဝမှာ ပြောင်းလဲနေထိုင်သင့်တဲ့ ပုံစံလေးတွေကို ပြောပြပေးချင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကို ပြောင်းလဲပစ်ပါ။ စိတ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမက နေ့စဉ်ဘဝတစ်ခုလုံးကိုပါ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျန်းမာရေးအတွက် မဟာမိတ်ဖက် ပျော်ရွင်ခြင်း စစ်တပ်။ ။

ပျော်ရွင်ခြင်းဆိုတာ လူသားတိုင်းအတွက် အကျိုးပြုတဲ့ အရာတစ်လို့ အားလုံး သတ်မှတ်ထားကြပါတယ်။ နေ့ရက်တိုင်း အချိန်တိုင်းမှာ ပျော်ရွင်နေချင်ကြတာ လူတိုင်းပါပဲ ။ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာရော ပျော်ရွှင်မှုက သက်ရောက်မှု ရှိပါတယ်။ ကျန်းမာရေး အပေါ်မှာရော ပျော်ရွင်မှုက ဘယ်လို ကောင်းကျိုးတွေ ပြုပေးလဲ ကြည့်ရအောင် ။ ။ ပျော်ရွင်ခြင်းကို သင့်ကိုယ်ခန္ဓါ ဘယ်လိုတုန့်ပြန်သလဲ ။ ။ ပျော်ရွင်နေတဲ့ သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါမှာ ဘာတွေ ပြောင်းလဲနေလဲဆိုတာ ကြည့်ရအောင် ။ ။ ပျော်ရွင်ခြင်းနဲ့ ဦးနှောက် ။ ။ သင့်စိတ်ခံစားမှုတိုင်းဟာ ဦးနှောက် အပေါ် သက်ရောက်မှုရှိသလို ဦးနှောက်က ထွက်လာတဲ့ အာရုံကြော အချက်ပြစနစ်တွေကလည်း သင့်စိတ်ပိုင်းဆိုင်ရာ အပေါ် အပြန်အလှန်သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ frontal […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရပ်၊ ဒီမှာတင်ရပ်

လူရယ်လို့ ဖြစ်လာရင် တယောက်ထဲ မနေချင်ကြတာ အများစုရဲ့ သဘာဝပါ။ မိတ်ဆွေအပေါင်းအသင်း ရှာတယ်၊အဖော်ရှာတယ်၊ချစ်သူ ရှာတတ်ကြပါတယ်။ ချစ်သူရည်းစားရှိခြင်း၊အိမ်ထောင်ဖက်ရှိခြင်းဟာ အထီးကျန်ဆန်မှုကို ကုစားပေးနိုင်ပြီး ဘဝရဲ့ နိမ့်မြင့်တက်ကျတွေကို အတူတကွ လက်တွဲကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ချစ်သူကနေ ချဉ်သူ ဘဝပြောင်းလာပြီဆိုရင်တော့ သင့်အတွက် 'ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး' ဆိုသလို ဖြစ်လာတတ်ပါတယ်။ ဘယ်လိုအချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်ရဲ့လက်ရှိ အချစ်ရေး၊အိမ်ထောင်ရေးဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမလဲဆိုတာကို သတိပြုမိနိုင်စေဖို့ ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။   ၁။ သင့်ကို ထိန်းချုပ်လွန်းတယ်   ပုံမှန်ကျတဲ့ ဆက်ဆံရေးတခုဆိုတာဟာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို မျှမျှတတ ကျင့်သုံးရပါတယ်။ ကိုယ်စိတ်ဝင်စားရာ၊ဝါသနာပါရာကို လုပ်ခွင့်လည်း ရှိရမှာပါ။ ဒါပေမယ့် သင့်ချစ်သူမပါဘဲ သင်တယောက်တည်း အပြင်သွားတာဖြစ်ဖြစ်၊တခုခု လုပ်တာဖြစ်ဖြစ် ဘာပဲလုပ်လုပ် တဖက်က သံသယတွေဝင်၊ဒေါသတွေထွက်နေပြီဆိုရင်တော့ ဒါဟာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းဘူးလို့ ဘယ်သူတွေပြောလဲ

ယောကျာ်းမယူသေးဘူးလား။ မိန်းမ မယူသေးဘူးလားလို့ မကြာခဏအမေးခံနေရလား။ ဒါမှမဟုတ် မင်္ဂလာဆောင်မှာဖြစ်ဖြစ် အလှူတွေ ဘာတွေပဲဖြစ်ဖြစ် အသိအကျွမ်းတွေနဲ့ ဆုံမိတဲ့အခါ ဘယ်နေ့စားရမှာလဲလို့ ပြုံးစိစိမေးတာတွေကို စိတ်ကုန်နေပြီလား။ ဒီလူတွေကို တန်ပြန်ဖို့ အချိန်တန်ပြီလေ။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းဘူးလို့ ဘယ်သူတွေပြောလဲ။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ ကောင်းတဲ့အချက်တွေအများကြီးဆိုတာ သူတို့သိအောင် အချက်ကျကျ ပြောလိုက်ရအောင်။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းဘူးလို့ ဘယ်သူတွေပြောလဲ အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် အောက်ပါ‌ကောင်းကျိုးတွေ တွေ့ရပါတယ်။ ၁။ တာဝန်တွေမရှိဘဲ လွတ်လပ်ပေ့ါပါးတဲ့ဘဝ ဘယ်သူ့ကိုမှ စောင့်နေစရာမလိုဘဲ ဘယ်သူ့ဝန်ထုပ်ဝန်ပိုးကိုမှ ထမ်းနေစရာမလိုဘဲ ဘယ်သွားချင်လဲ ခုချက်ချင်းထသွားလို့ရတယ်။ ဘာလုပ်ချင်လဲ ခုချက်ချင်းထလုပ်လို့ရတယ်။ ဘယ်သူ့မျက်နှာမှကြည့်နေစရာမလိုဘူး။ ဘယ်သူ့ကိုမှ တိုက်တွန်းနေစရာမလိုဘူး။ ဘယ်လောက်လွတ်လပ်တဲ့ဘဝလဲ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လွတ်လွတ်လပ်လပ်အချိန်ဖြုန်းနိုင်တယ်။ ပြန်မလာသေးဘူးလားဆိုပြီး ဆူပူမာန်မဲမယ့်သူမရှိဘူး။ ဒီအချိန် ကလေးထိန်းရမှာမို့လို့ပါဆိုပြီး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ

သင့်အနေနဲ့ အခုချိန် ကြင်စဦး အိမ်ထောင်ရှင်ဘဝကို တည်ထောင်ထားသူပဲ ဖြစ်ဖြစ်၊ ငွေရတု၊ ရွှေရတု ပေါင်းများစွာ အိမ်ထောင်သက် ကြာညောင်းနေသူပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သံယောဇဉ်ကြိုးခိုင်မြဲပြီး ချစ်ခင်ကြင်နာမှု အပြည့်နဲ့ သစ္စာတရားပြည့်ဝနေတဲ့ အိမ်ထောင်ရေး ကိုသာ လိုချင်ကြမှာ အမှန်ပါပဲ။ ဒီလို အိမ်ထောင်တစ်ခုလည်း ပိုင်ဆိုင်ချင်တယ်၊ ဒီလို ဖြစ်လာဖို့အတွက်လည်း ဘယ်လိုနည်းလမ်းတွေကို လုပ်ဆောင်ရမှန်း မသိဘူးဆိုရင် ကျွန်တော်တို့ Hellosayarwon မှ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် မမေ့သင့်တဲ့ အချက်လေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ ၁။ စိတ်ဝင်တစား နားထောင်ပေးပါ။ Relationship ဆိုင်ရာ အတိုင်ပင်ခံတွေအားလုံးက တကယ့် အစစ်အမှန် နားထောင်ခြင်းဟာ ရန်ဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ယုံကြည်မှုကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သနားကြင်နာစိတ် ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်နိုင်မည့် နည်းလမ်း ၅ သွယ်

မေတ္တာနဲ့ သနားကြင်နာမှုက မရှိမဖြစ်ပါ၊ ဇိမ်ခံဖို့ မဟုတ်ပါဘူး။ ဒါတွေမရှိပဲ လူသားတွေ မရှင်သန်နိုင်ပါဘူး။ (ဒလိုင်းလားမား) ဒလိုင်းလားမား စေတနာနဲ့ ထောက်ပြထားသလိုပဲ သနားကြင်နာမှုက လူသားတွေ အောင်မြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ တာဝန်ယူမှုတွေကို မလွှတ်ချပဲနဲ့ လူတစ်ယောက်က ဘယ်လိုမျိုး သူ့ သနားကြင်နာမှုကို ထုတ်ပြနိုင်မှာလဲ။ ကူညီခြင်းက ကွဲပြားစေပါတယ် ကျွန်တော်တို့ အကူအညီက မလုံလောက်ဘူး၊ ဒီထက် ပိုပြီး လိုအပ်နေမှာ လို့ စဉ်းစားပြီး ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ တချို့ပြဿနာတွေမှာ ကျွန်တော်တို့ သနားကြင်နာမှုကို မပြသတော့ပဲ လစ်လျူရှုလာကြပါတယ်။ ဒီစုပုံလာတဲ့ အတွေးတွေက ကျွန်တော်တို့စိတ်ဓါတ်တွေကို မကြင်နာတတ်တဲ့ပုံစံဆီ တဖြည်းဖြည်း ရောက်သွားစေပါတယ်။ အဲ့နောက်မှာ ကျွန်တော်တို့ဟာ ဂရုစိုက်သလို ပြုမူပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘာမှ မလုပ်တော့ပါဘူး။ ဒီကိစ္စတွေမှာ ကူညီတာက ရေပုံးထဲက ရေတစ်စက်လောက်ပဲ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

တစ်နှစ်ပတ်လုံး မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ခြင်း

နွေရာသီကုန်သွားပါပြီ။ သို့သော် ရာသီကုန်သလို ကျန်းမာသောမိသားစု၏ ပျော်ရွှင်မှုများကတော့ ကုန်သွားမည်မဟုတ်ပါ။ ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် မိသားစုပျော်ရွှင်ချိန်များအတွက် ကျောင်းပြက္ခဒိန်ကို မဟာမိတ်ဖွဲ့လိုက်ပါ။ အလုပ်သမားနေ့ နွေရာသီ၏အထင်ကရနေဖြစ်ပြီး ရာသီဥတုလည်း သာသာယာယာပင်ရှိဦးမည်။ ထို့ကြောင့် မိသားစုကို စက်ဘီးကိုယ်စီနင်းကာ ပန်းခြံ၊ ကမ်းခြေ၊ ရေကူးကန်၊ သို့မဟုတ် နှစ်သက်ရာ စားသောက်ဆိုင်တစ်ခုခုကို သွားကြဖို့ နှိုးစော်လိုက်ပါ။ ကြည့်စရာရှုစရာများရှိသည့် လမ်းမှ ပတ်ခေါ်သွားပါ။ အရောင်ပြောင်းသွားကြသည့် သစ်ပင်များ သို့မဟုတ် နွေရာသီ၏ နောက်ဆုံးလက်ကျန် ပန်းများ သစ်သီးများရှိရာ လမ်းကိုရွေးဖို့မမေ့ပါနှင့်။ အလုပ်သမားနေ့မှာ အပျော်ခရီးထွက်ပါ။ ကိုယ့်နယ်မှ ရာသီစာများ သစ်သီးများ သို့မဟုတ် ကျန်းမာရေးနှင့်ညီသည့် နယ်မြေအထင်ကရသွားရေစားများကို ယူသွားပါ။ အလုပ်သမားနေ့မှာ ကိုယ့်မြို့အတွက် အကျိုးရှိတာတစ်ခုခ လုပ်ကြည့်လိုက်ပါ။ ကျေးဇူးတော်နေ့ ဒီလိုနေ့မျိုးတွင် ရိုးရာအစာများကို စားသောက်နိုင်ပါသည်။ မိသားစုတွင် စုစုရုံးရုံးဖြစ်သွားအောင် ကျန်းမာရေးနှင့် ညီညွှတ်သည့ပန်းကန်များဖြစ်သွာအောင် ပြောင်းလဲကြည့်ပါ။ ပဲစိမ်းများကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း ၉ ခု

မိသားစုတွေမှာ ကလေးတွေက ကျောင်းတက်၊ ကျူရှင်တက်၊ သင်တန်းတက်ရ၊ လူကြီးတွေက အလုပ်ကိုယ်စီသွားရတဲ့အခါ တွေ့ဆုံချိန်က နည်းလာပါတယ်။ ဒီကြားထဲ အိမ်မှာရှိတဲ့အချိန်လေး နားချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်း စတဲ့ အိုင်တီအသုံးအဆောင်တွေကို အချိန်ပေးလာကြတာကြောင့် မျက်နှာစုံညီ ထမင်းစားဖို့တောင်ခက်တဲ့ မိသားစုတွေ ရှိလာပါတယ်။ မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း တွေကို သီးသန့်ကြီးရှာ‌ဖွေလာရပါတယ်။ နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ မိသားစုကြားမှာ ဂရုစိုက်မှုတွေ၊ ချစ်ခင်မှုတွေလျော့သလိုဖြစ်လာရပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်လာစေပြီး မိသားစုသာယာမှုကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သာယာတဲ့မိသားစုတွေ ဖြစ်လာစေဖို့ နွေးထွေးတဲ့ ဆက်ဆံရေးရှိဖို့ လိုပါတယ်။ မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ ဒီ ၉ ချက်ကို လေ့လာပြီး ပြန်စဉ်းစားကြည့်ပါ။ မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း ၉ ခု မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း တွေကတော့ (၁) […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အကောင်းမြင်စိတ် စွမ်းအား

အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသာစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ သင့်မှာ အဆုတ်ကင်ဆာဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။   အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။ အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများအနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။ အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် ကောင်းသောဖက်ကို ဦးတည်နေသော […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)