(၂) ဘယ်မှာနေကြမလဲ
မိဘ အိမ်မှာပဲ အတူနေကြမှာလား၊ အိမ်ဝယ်မှာလား၊ အိမ်ငှားမှာလား ဆိုတာတော့ အရင်ဆုံး တိုင်ပင်ရပါလိမ့်မယ်။ ဟိုးရှေးကလို တဲအိုပျက်လည်း ရှိမှ မရှိတာလေ။ ကိုယ်တွေ စုထား ဆောင်းထားတာလေးတွေနဲ့ ပြင်ဆင်မလား၊ မိဘတွေက ကူညီထောက်ပံ့မှာလား ဆိုတာတော့ အခြေအနေချင်း မတူညီကြဘူးပေါ့နော့။
(၃) ဝင်ငွေအခြေအနေဘယ်လိုရှိလဲ
မိသားစု အသစ် စက်စက်လေးကို တည်ဆောက်တော့မှာ ဖြစ်တဲ့အတွက် အရာရာ အသစ်တွေ ချည်းပါပဲ။ တစ် ကနေ စတင်တဲ့ အချိန် လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်တိုင် ရပ်တည်နိုင် ရပါမယ်။ ပြောရရင် ကိုယ့်အထွာနဲ့ ကိုယ် ထိုက်သင့်တဲ့ အတိုင်းအတာတော့ ဝင်ငွေရှိသင့်တဲ့ အချိန် ဖြစ်ပါတယ်။
(၄) သားသမီး ဘယ်အချိန်ယူမှာလဲ
အိမ်ထောင်ပြုပြီးရင် ကလေး ဘယ်တော့ယူမှာလဲ၊ ဘယ်နှယောက် ယူမှာလဲ စတဲ့ မိသားစု စီမံကိန်းကိုလည်း ကြိုပြီး တိုင်ပင် ညှိနှိုင်းသင့်တယ်နော်။ ဒီအချက်ကို ဖယ်ထားလို့ ဘယ်ရမလဲ။ ကိုယ်တို့ နှစ်ဦးရဲ့ မျိုးဆက်သစ် ရတနာလေးတွေ ဆိုတာ မိသားစုမှာ အရေးကြီးဆုံးဖြစ်လာတော့မှာ။
(၅) မိသားစုရှေ့ရေးအတွက် ဘာတွေအစီအစဉ်ရှိလဲ
ကိုယ်တိုင် တည်ဆောက်တဲ့ မိသားစုလေး အတွက် ငွေရှာမယ်၊ ကျွေးမွေးမယ်၊ စောင့်ရှောက်မယ် ဆိုတာနဲ့ မပြီးပါဘူး။ နောင်ရေးအတွက် စုတာဆောင်းတာ အစီအစဉ် တစ်ခုခု ရှိထားသင့်ပါတယ်။ ဥပမာ – ဘဏ်မှာ ငွေစုထားမလား၊ လုပ်ငန်းလေးလုပ်ထားမလား စတာတွေပေါ့။ ဒီနေရာမှာ အရင်ကတွေးလေ့မရှိကြတာတစ်ခုက မိသားစုအတွက် အာမခံတစ်ခုခုထားဖို့ပါပဲ။
လက်ထပ်ကာစမှာ ဘာလို့ အာမခံထားသင့်လဲဆိုတော့ စတဲ့အချိန်စောလေ အာမခံကြေးက ပိုတန်ဖိုးများလေ မို့လို့ပါပဲ။ အသက်အာမခံ၊ကျန်းမာရေးအာမခံ၊ သဘာဝဘေး အာမခံ၊ ပိုင်ဆိုင်မှုအာမခံ စတဲ့အမျိုးအစားအစုံရှိပါတယ်။ မိသားစုမှာ ဆုံးရှုံးနစ်နာတာ တစ်စုံတစ်ခု ရှိလာတာနဲ့ ဖြေရှင်းပေးမယ့် အကူအညီ ရနိုင်တာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။