စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ကဘာလဲ။ စိတ်ပိုင်းဆိုင်ရာ ပြသနာဖြစ်ပြီး ကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်မှာ တခုခု ချို့ယွင်းနေတယ်လို့ အမြဲတွေးတောမိနေတဲ့ အခြေအနေဖြစ်ပါတယ်။ တခါတရံမှာ သိသာပေမယ့် သတိမထားမိတဲ့ အခြေအနေလည်း ရှိတတ်ပါတယ်။ ဒီလိုအတွေးတွေကြောင့် ရှက်ကြောက်တတ်ပြီး လူအများနဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားလာပါတယ်။   Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) က ဘယ်လောက်အဖြစ်များသလဲ ဆယ်ကျော်သက်အရွယ် စတင်ခါစမှာ ဒီပြသနာဟာ ခပ်စိတ်စိတ်ဖြစ်ပွားတတ်ပါတယ်။ ယောက်ျားလေးရော မိတ်းကလေးမှာပါ ကြုံရတတ်ပါတယ်။ ဒီပြသနာကို ကုသနည်းတွေမှာ ဆေးဝါးကုသနည်းနဲ့ သိမှုဆိုင်ရာ အမူအကျင့်ကုထုံးတွေ ပါဝင်ပါတယ်။ လက္ခဏာများBody Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ သူတပါးက အသေးအဖွဲလို့ထင်တဲ့၊ ဒါမှမဟုတ် သိတောင်မသိတဲ့ ပြစ်ချက်တွေ မိမိမှာရှိတယ်လို့ ခံစားရပြီး စိုးရိမ်မှုကြီးစွာ ဖြစ်တတ်ပါတယ်။ ဒီချို့ယွင်းချက်ဟာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Kleptomania (မခိုးရမနေနိုင်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kleptomania (မခိုးရမနေနိုင်သောရောဂါ) ကဘာလဲ။ မခိုးရမနေနိုင်သောရောဂါဆိုတာယေဘုယျအားဖြင့် ကိုယ့်မှာလိုအပ်တဲ့အရာမဟုတ်တဲ့ပစ္စည်းနဲ့ တန်ဖိုးနည်းပစ္စည်းလေးတွေကိုခိုးချင်တဲ့စိတ်ကိုထိန်းလို့မရတာထိန်းပေမယ့်ခဏခဏပြန်လုပ်ချင်တဲ့စိတ်မျိုးရှိတာကိုခေါ်တာပါ။ ဒီရောဂါကတော်တော့်ကိုအခြေအနေဆိုးတဲ့ စိတ်ရောဂါတစ်မျိုးပါပဲမကုသပဲထားခဲ့ပါကသင်ကိုယ်တိုင်လည်းစိတ်ဒဏ်ရာရနိုင်ပြီးကိုယ်တစ်ကယ်ချစ်ရတဲ့သူတွေကိုပါထိခိုက်စေပါတယ်။ လက္ခဏာများKleptomania (မခိုးရမနေနိုင်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မခိုးရမနေနိုင်သောရောဂါရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ ပါရှိတဲ့လက္ခဏာတွေကတော့ -သင်မလိုအပ်တဲ့ပစစည်းများကိုခိုးယူချင်တဲ့စိတ်ကိုမတွန်းလှန်နိုင်တာမျိုး။ -စိတ်ဖိစီးမှုများလာတာစိတ်အနှောင့်အယှက်ဖြစ်ရတာတွေ စိတ်ပါလာတဲ့ခံစားချက်တွေကြောင့် ခိုးယူခြင်းကိုဖြစ်သွားစေတာမျိုး။ -ခိုးယူစဉ်အချိန်မှာစိတ်ကျေနပ်သွားတာစိတ်သက်သာသွားတာစိတ်ပျော်သွားတာမျိုးခံစားရရင်။ -ခိုးပြီးတဲ့အချိန်မှာ ဆိုးဆိုးရွားရွားအပြစ်ရှိသလိုခံစားရတာ၊နောင်တရတာ၊ကိုယ့်ကိုယ်ကိုမုန်းတီးတာ၊ရှက်တာ၊အဖမ်းခံရတာမျိုးကြောက်တာမျိုး။ -ခိုးချင်တဲ့စိတ်တွေတစ်ဖန်ပြန်ဖြစ်လာပြီး ပြန်ခိုးချင်လာပြီးမခိုးရမနေနိုင်တဲ့စိတ်တစ်ပတ်ပြန်ပေါ်လာတာမျိုး။ မခိုးရမနေနိုင်ရောဂါရှိတဲ့လူတွေမှာပဲတွေ့ရတတ်တဲ့လကခဏာတွေဆိုပြီးရှိလား ဟုတ်ကဲ့။ ရှိပါတယ်။ အောက်မှာပြောပြမယ့်အချက်တွေ လက္ခဏာတွေကမခိုးရမနေနိုင်ရောဂါရှိသူတွေမှာရှိတတ်ပါတယ်။ -တစ်ခြားခါးပိုက်နှိုက်သူခိုးတွေနဲ့မတူပဲမခိုးရမနေနိုင်ရောဂါရှိသူများဟာကိုယ်ကျိုးရဖို့အတွက်ခိုးတာစမ်းချင်လို့ခိုးတာ ပုန်ကန်လိုစိတ်နဲ့ခိုးတာမဟုတ်ပါ။ သူတို့ကသူတို့ရဲ့ခိုးချင်တဲ့စိတ်ကိုမတွန်းလှန်နိုင်တဲ့အတွက် ရိုးရိုးခိုးရခြင်းဖြစ်ပါတယ်။ -မခိုးရမနေနိုင်သောရောဂါဟာအစီအစဉ်ချထားခြင်းမရှိပဲအကူအညီမပါပဲတစ်ခြားလူရဲ့အကူညီမပါပဲမိမိဘာသာအလိုအလျောက်ခိုးယူလိုစိတ်ပေါ်ခြင်းကြောင့်ဖြစ်နေရပါတယ်။ -အဲ့လိုရောဂါသည်တော်တော်များများဟာစတိုးဆိုင်တွေ စူပါမားကတ်တွေ အများသူငှာတွေရှိတဲ့နေရာတွေကနေခိုးတတ်ကြပါတယ်။ တစ်ချို့တွေကတော့ သူတို့ရဲ့သူငယ်ချင်းတွေဆီကနေလုပ်ဖော်ကိုင်ဖက်တွေဆီကနေပါတီလိုနေရာမျိုးတွေကနေခိုးကြပါတယ်။ -ခိုးလိုက်တဲ့ပစစည်းတွေဟာမခိုးရမနေနိုင်သောရောဂါရှိတဲ့လူတွေအတွက် ဘာတန်ဖိုးမှမရှိတဲ့ပစစည်းတွေဖြစ်ပြီး သူတို့ဝယ်နိုင်နေတဲ့ပစစည်းတွေပဲဖြစ်တတ်ကြပါတယ်။ -အခိုးခံရတဲ့ပစစည်းတွေကိုများသောအားဖြင့်ပစ်ထားတတ်ကြတယ် ဘယ်တော့မှလည်းမသုံးဖြစ်ကြပါဘူး။ တစ်ချို့ကလှုလိုက်တာမျိုး၊သူငယ်ချင်းတို့ မိသားစုဝင်တို့ကိုပေးလိုက်တာမျိုး တစ်ချို့ဆိုရင်သူတို့ခိုးတဲ့နေရာဆီကိုတိတ်တိတ်လေးပြန်သွားထားတတ်ကြပါတယ်။ -ခိုးချင်တဲ့စိတ်ဟာပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်တတ်ပြီးအချိန်ကြာလာတာနဲ့အမျှ တစ်ချို့ကခိုးချင်စိတ်လျော့ပါးလာတတ်ပြီးတစ်ချို့ကပိုခိုးချင်လာတတ်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အပေါ်မှာပြောခဲ့တဲ့အချက်တွေ လက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဆေးပညာဆိုင်ရာအကြံပေးဆွေးနွေးမှုကိုသင်ရယူသင့်ပါပြီ။ ကုသမှုခံယူမှသာ သင့်ရဲ့မခိုးရမနေနိုင်သောစိတ်ကိုထိန်းချုပ်လို့ရလာမှာပါ။ မခိုးရမနေနိုင်သောရောဂါရှိတဲ့လူအများစုက ကုသမှုကိုမခံယူချင်ကြပါဘူးဘာလို့လဲဆိုတော့ သူတို့ကိုဖမ်းလိုက်မလားထောင်ချလိုက်မလားဆိုပြီးကြောက်ကြလို့ပါ။ သို့သော်လည်း သင့်စိတ်ကျန်းမာရေးကိုကူညီစောင့်ရှောက်ပေးတဲ့လူတွေကသင့်ရဲ့ခိုးမှုကို အာဏာရှိသူတွေဆီကိုတိုင်ကြားလေ့မရှိပါဘူး။ (သင်နဲ့ဘယ်အခြေအနေကအဆင်ပြေဆုံးဖြစ်မလဲဆိုတာကိုသင့်ဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးပါပဲ။) အကြောင်းရင်းများKleptomania (မခိုးရမနေနိုင်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ မခိုးရမနေနိုင်သောရောဂါကိုဘာကဖြစ်စေလဲသေချာမသိကြပါဘူး။ သီအိုရီတွေကတော့ ဦးနှောက်မှာပြောင်းလဲမှုဆိုင်ရာတွေဖြစ်တာကြောင့် မခိုးရမနေနိုင်သောရောဂါရဲ့အရင်းအမြစ်ဖြစ်ရတယ်လို့ဆိုကြပါတယ်။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Kleptomania (မခိုးရမနေနိုင်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ မခိုးရမနေနိုင်သောရောဂါကိုသိပ်ပြီးမတွေ့ရတတ်ပါဘူး။ ဘာလို့လဲဆိုတော့သူတို့က ရောဂါကုသမှုကိုမခံယူတတ်ကြပါဘူးတစ်ချို့ကလည်းခဏခဏ ခိုးတဲ့အတွက်ကြောင့်တစ်ခါတည်းအချုပ်ထဲရောက်သွားကြလို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသကိုဘယ်လို ထိန်းချုပ်မလဲ

စိတ်တိုခြင်းက ပုံမှန်ကျန်းမာတဲ့စိတ်ခံစားချက်တစ်ခုဖြစ်ပါတယ်။ မထိန်းချုပ်နိုင်တော့အောင်ဖြစ်နေပြီဆိုရင်ဆော့ သင့်ဆက်ဆံရေး၊ သင့်ကျန်းမာရေးနဲ့ သင့်စိတ်အခြေအနေကိုနဲ့ပတ်သက်ပြီး ပျက်စီးစေတဲ့ပြဿနာတွြေဖ်စ်လာနိငါပတယ်။ သင့်ဒေါသကိုထိန်းချုပ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပေမယ့် အကူအညီပေးနုငိတဲ့ရိုးရှင်းတဲ့နည်းလမ်းတချိုပရှိပါတယ်။ သင့်ဒေါသကိုသင်နားလည်စေပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ပြောပြထားပါတယ်။ ဒေါသက မကောင်းတဲ့စိတ်ခံစားချက်မဟုတ်ပါဘူး။ ဒေါသထွက်ခြင်းခံစားချက်က မကောင်းသလိုမဆိုးလည်းမဆိုးပါဘူး။ မှားနေတဲ့အချိန်မှာ ဒေါသကပုံမှန်ဖြစ်ပါတယ်။ ဒေါသသက်သက်ကြောင့်မဟုတ်ဘဲ ဒေါသနဲ့ပြုလုပ်လိုက်တဲ့အရာတွေက ပြဿနာပေးခြင်းဖြစ်ပါတယ်။ ဒေါသသထွက်တဲ့အခါမှာ သင်ကသင့်ကိုယ်သင်ရောဒါမှမဟုတ်အခြားသူတွေူကို ထိခိုက်စေတာကြောင့်ဖြစ်ပါတယ်။ သင်ကသွေးဆူတတ်သူဆိုရင် အခြားသူတွေကိုမထိခုက်မနာကျင်စေပဲ သင့်ခံစားချကတွေကိုပေါက်ကွဲနိုင်မယ့်နည်းလမ်းတွေကို သင်ယူသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက သင်ခံစားချက်ကိုပိုမိုကောင်းမွန်စေရုံတင်မကဘဲ အခြားသူတွေပါ သင့်ကိုပိုမိုနှစ်သက်လာစေနိုင်ပါတယ်။ ဒါ့အပြင် ဒေါသကိုနည်းမှန်လမ်းမှန်ဖွင့်ပြခြင်းက သင့်ကိုပိုမိုကောင်းမွန်တဲ့ဆက်ဆံရေး၊ သင့်ပန်းတိုင်ကိုရောက်ရှိဖို့နဲ့ ပိုပြီးကျန်းမာပြိးစိတ်ကျေနပ်စရာကောင်းတဲ့ဘဝကိုရရှိစေမှာ ဖြစ်ပါတယ်။ သင့်ဒေါသကိုထိန်းချုပ်ဖို့ပိုပြီးလေ့ကျင့်လေလေ ဒေါသကိုစီမံရာမှာ စီမံခြင်းအနုပညာမှာ သင်ပိုပြီးလွယ်ကူသွားပါလိမ့်မယ်။ သင့်ဒေါသကိုထိန်းချုပ်ဖို့အတွက် အချို့သောသိသင့်သည်များ သင့်ဒေါသကိုလျှော့ခြင်း သင့်နှလုံးခုန်သံမြန်လာပြီး သင့်အသက်ရှူမြန်လာတဲံအခါမှ ဒါမှမဟုတ် သင့်ပခုံမှာတင်းအားများလာတာမျိုး လက်သီးကျစ်ကျစ်ဆုပ်ထားမျိုးတွေဟာ ဒေါသထွက်ခြင်းလက္ခဏာတွေဖြစ်ပါတယ်။ ဒေါသကိုကိုင်တွယ်ခြင်းနဲ့ပတ်သက်တဲ့ အချို့သောလေ့ကျင့်ခန်းတွေကို လေ့ကျင့်ပေးသင့်ပါတယ်။ သင့်ခန္ဓကိုယ်တင်းအားတွေကို ဖြေလျော့ဖို့နဲ့ သင့်နှလုံးခုန်သံနှေးသွားစေဖို့ အသက်ပြင်းပြင်းရှူသင့်ပါတယ်။ ခွန်အားသုံးရတဲ့လမ်းလေတျှာက်ခြင်းမျိုးကလည်း အကူအညီပေးန်ုငပါတယ်။ အခြားကောင်းတဲ့နည်းလမ်းကတော့ ၁၀အထိဖြည်းဖြည်းရည်ပြီး သင့်ခံစားကတေါကိုအသေးစိတ်အထိသိနိုင်အောင် အာရုံစိုက်ထားရပါမယ်။ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ

သင့်ဘဝအချိုးအကွေ့တစ်ခုမှာ သတ်သေချင်စိတ် တွေ ပေါ်ကောင်းပေါ်ဖူးပါလိမ့်မယ်။ အထူးသဖြင့် အထက်တန်းကျောင်းတက်နေစဉ်အတွင်း အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် မိဘနဲ့အဆင်မပြေတာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ သတ်သေခြင်းက သင့်ကိုယ်ပိုင်ဘဝကို သင်ကိုယ်တိုင်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။ သင်ချစ်ရတဲ့လူသေဆုံးသွားတဲ့အခါမှာ ဒါမှမဟုတ် ဆက်ဆံရေးတစ်ခုပြတ်တောက်သွားတဲ့အခါမျိုးမှာ ဘဝကို လက်လျှော့ချင်တဲ့အတွေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သတ်သေချင်တဲ့ အတွေးမျိုးတွေ တွေးဖူးတယ်ဆိုရင် ဒီခံစားချက်နဲ့ပတ်သက်ပြီး အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ ဆိုတော့ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်း သတ်သေချင်စိတ် ပေါက်ရတဲ့အကြောင်းရင်းတွေထဲ ကိစ္စတခုဖြစ်ပါတယ်။ အများအားဖြင့်တော့ စိတ်ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် စိတ်ဓာတ်ကျခြင်းဖြစ်ပါတယ်။ စိတ်ကျရောဂါ၊ ပူပင်ကြောင့်ကြမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကစဉ့်ကလျားရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ သင့်စိတ်ကျန်းမာရေးအခြေအနေအတွက် ထိရောက်မယ့် ကုသမှုကို ခဲခဲယဉ်းယဉ်းရှာနေရချိန်မျိုးမှာ သင့်နဂိုအတိုင်းပြန်မကောင်းနိုင်တော့ဘူးဆိုပြီး အကူအညီမဲ့တဲ့ ကြောက်လန့်တဲ့ အတွေးမျိုးတွေ ဖြစ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘဝရဲ့ နာကျင်မှုတွေကို အဆုံးသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ

သင့်အတွေးက သင့်စိတ်ကျန်းမာရေးကို သက်ရောက်စေပြေီး သင့်ရုပ်ပိုင်းဆိုင်ရာကိုတောင် သက်ရောက်စေနိုင်ပါတယ်။ အကောင်းမြင်အတွေးတွေက သင့်ကိုကျန်းမာစေပြီး အချို့သော စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အဆိုးမြင်အတွေးတွေက သင့်ကျန်းမာရေးကိုဆိုးဆိုးရွားစွာသက်ရောက်ပြီး သင့်စိတ်ကျန်းမာရေးပြဿနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ ဆိုတာကို သိဖို့လိုပါတယ်။ အဆိုးမြင်အတွေးဆိုတာ ဘာလဲ။ သင်လေယာဉ်စီးနေချိန်မှာ လေယာဉ်မယ်က သင့်ကို မယဉ်မကျေးဆက်ဆံတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဘယ်လိုတုံ့ပြန်မလဲ။ ဒီဝန်ထမ်းနဲ့ပတ်သက်ပြီး ဒေါသထွက်မှာလား သင့်ကိုယ်သင်အတွက် ဝမ်းနည်းနေမှာလား။ မေ့လိုက်မှာလား။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်လဲဆိုတာက သင်ဘယ်လိုတွေးတယ်ဆိုတာကို ပြပါတယ်။ မေ့ပျောက်လိုက်နိုင်ပြီး ပြီးခဲ့တာတွေပြီးတဲ့အတိုင်းထားနိုင်မယ်ဆိုရင် သင်က အကောင်းမြင်တတ်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ကိစ္စတိုင်းကို စိတ်မကောင်းဘူး၊ ဒေါသထွက်မယ်၊ ဝမ်းနည်းမယ် ဒါမှမဟုတ် အခြားအဆိုးမြင်အတွေးတွေ ခံစားချက်တွေ ရှိနေရင်တော့ အဆိုးမြင်တတ်သူဖြစ်ပါလိမ့်မယ်။ ပြဿနာသေးသေးလေးကို ချဲ့ပြီး ရက်တွေ၊ သီတင်းပတ်တွေနဲ့ လပေါင်းများစွာထိတောင် ခံစားနေမယ်ဆိုရင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကို ထိခိုက်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေ အင်တာနက်ပေါ်မှာ ခေတ်စားလာခြင်းဟာ စိုးရိမ်စရာကောင်းလှတယ်

လူငယ်လေးတွေ သူတို့ခန္ဓါကိုယ်ကို သူတို့ ဆိုးဆိုးရွားရွား ထိခိုက်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေ YouTube ပေါ်မှာ ခေတ်စားလာတာဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်လာပါတယ်။   မိမိကိုယ်ကို သတ်သေခြင်းမမြောက်တဲ့ ထိခိုက်ဒါဏ်ရာ ရရှိအောင် ပြုလုပ်ခြင်း ဆိုတာဘာလဲ။ မိမိခန္ဓါကိုယ်ကို မိမိကိုယ်တိုင် ဓါးနဲ့လှီးခြင်း၊ထိုးခြင်း ဒါမှမဟုတ် မီးရှို့ခြင်း စတာတွေ ကိုပြုလုပ်ပြီး ထိခိုက်အောင် လုပ်ခြင်းကို ဆိုလိုပါတယ်။ ဒီအပြုအမူတွေထဲမှာ တက်တူးထိုးတာ ဒါမှမဟုတ် နားပေါက်ဖောက်တာတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ခန္ဓါကိုယ်ရဲ့ တစ်ရှုးတွေ၊အင်္ဂါတွေကို ပျက်စီးသွားအောင် ရုတ်တရက် စိတ်လိုလက်ရ ပြုလုပ်ခြင်းကို ရည်ညွှန်းတာပါ။ ဒါ့အပြင် အဆိုပါ အပြုအမူတွေဟာ အသက်အန္တရာယ်ကိုလည်း ထိခိုက်စေခြင်း မရှိရပါဘူး။ မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ခြင်းဟာ စိုးရိမ်စရာကောင်းပြီး ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အလေ့အထ တခုဖြစ်ကာ ဝမ်းနည်းခြင်း၊အထီးကျန်ခြင်း၊ဆောက်တည်ရာမရဖြစ်ခြင်း၊အလွန်အမင်းစိတ်ဆင်းရဲခြင်း၊မိမိကိုယ်ကို တန်ဖိုးမထားခြင်း၊မေတ္တာငတ်မွတ်ခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲ

မိန်းကလေးများကြားတွင် အချင်းချင်းအနိုင်ကျင့်ခြင်းများသည် နေ့တိုင်းကြားနေရပါသည်။ သို့သော် ယခုခေတ်တွင် ပိုဆိုးလာပါသည်။ ထိုသို့ဖြစ်ရသော အကြောင်းရင်းများစွာရှိပါသည်။ သို့သော် သင်သည် သင့်ကလေးကို သူသည် အနိုင်ကျင့်ခံရသလား၊ အခြားကလေးများကို အမြဲအနိုင်ကျင့်နေသလား သေချာစွာမေးဖူးပါသလား။ ယခုဆောင်းပါးတွင် မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ၊ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲအကြောင်းများကို ဖော်ပြသွားမည်ဖြစ်ပါသည်။ မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။ အချင်းချင်းအနိုင်ကျင့်သော မိန်းကလေးများသည် မနာလိုစိတ်များခြင်း၊ စိတ်ကို မထိန်းချုပ်နိုင်ခြင်း၊ စာနာစိတ်မရှိခြင်း နှင့် အသာစီးရလိုခြင်း စသည့် အကျင့်စရိုက်များရှိတတ်ကြပါသည်။ မကြာသေးမီက လေ့လာချက်များအရ မိန်းကလေးများသည် သူတို့၏ဖြစ်တည်မှု၊ ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုများနှင့် အဓိပ္ပာယ်ရှိသည်ဟုထင်ထားသော အရာများနှင့် သွေဖည်သွားသောအခါ သူတို့သည် အခြားသူများကို အနိုင်ကျင့်ကြသည်ဟု ဆိုပါသည်။ ဥပမာ- အနိုင်ကျင့်သော မိန်းကလေးများသည် သူတို့ငယ်ဘဝတွင် အမြဲအနိုင်ရခြင်း သို့မဟုတ် […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းရဲ့ အမှန်တရား

တချို့လူတွေက အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းဟာ ကိုယ်ခန္ဓာထဲမှာ အာဟာရဓာတ်တွေ ပြတ်လတ်နေတာကြောင့်လို့ ထင်ကြတယ်။ အံ့အားသင့်စရာကောင်းတာက ဒီအဆိုဟာအမှန်ဖြစ်တယ်လို့ ထောက်ခံစရာအချက်ကို သုတေသနပညာရှင်တွေက မတွေ့ခဲ့ကြပါဘူး။ တချို့တွေကတော့ အစားအသောက်ကို အလွန်အကြူးစားနေခြင်းဟာ မိမိနှစ်သက်တဲ့အစားအသောက်တွေကို လိုတာထပ်ပိုစားနေတာလို့ ပြောကြတယ်။ ဒါကရော မှန်ရဲ့လား။ အစားအသောက်ကို အလွန်အကြူးစားခြင်းဆိုတာ ဘာလဲ။ ဘာကိုဆိုလိုတာလဲ။ လေ့လာမှုတွေအရ ဦးနှောက်မှာရှိတဲ့ ( Insula, hippocampus, caudate) နေရာတွေက အစားအသောက်ကို အလွန်အကြူးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ကိုယ်ထဲမှာ တချို့သောအာဟာရ (ဥပမာ- ဗီတာမင်ဘီ၁၂ ၊ ကယ်စီယံဓာတ်) ချို့တဲ့ရင်လည်း အလွန်အကြူးစားခြင်းကို ဖြစ်စေတယ်။ စိတ်ဖိစီးမှုများတဲ့လူတွေက သကြားကို အလွန်စားကြတယ်။ တချို့သုတေသန ပညာရှင်တွေကတော့ ချောကလက်နဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေဟာ ဦးနှောက်ထဲမှာ endophine ကို ထုတ်ပေးတယ်လို့ ပြောကြတယ်။ ဒီဓာတ်က သင့်စိတ်ဓာတ်ကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

တစ်နှစ်ပတ်လုံး မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ခြင်း

နွေရာသီကုန်သွားပါပြီ။ သို့သော် ရာသီကုန်သလို ကျန်းမာသောမိသားစု၏ ပျော်ရွှင်မှုများကတော့ ကုန်သွားမည်မဟုတ်ပါ။ ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် မိသားစုပျော်ရွှင်ချိန်များအတွက် ကျောင်းပြက္ခဒိန်ကို မဟာမိတ်ဖွဲ့လိုက်ပါ။ အလုပ်သမားနေ့ နွေရာသီ၏အထင်ကရနေဖြစ်ပြီး ရာသီဥတုလည်း သာသာယာယာပင်ရှိဦးမည်။ ထို့ကြောင့် မိသားစုကို စက်ဘီးကိုယ်စီနင်းကာ ပန်းခြံ၊ ကမ်းခြေ၊ ရေကူးကန်၊ သို့မဟုတ် နှစ်သက်ရာ စားသောက်ဆိုင်တစ်ခုခုကို သွားကြဖို့ နှိုးစော်လိုက်ပါ။ ကြည့်စရာရှုစရာများရှိသည့် လမ်းမှ ပတ်ခေါ်သွားပါ။ အရောင်ပြောင်းသွားကြသည့် သစ်ပင်များ သို့မဟုတ် နွေရာသီ၏ နောက်ဆုံးလက်ကျန် ပန်းများ သစ်သီးများရှိရာ လမ်းကိုရွေးဖို့မမေ့ပါနှင့်။ အလုပ်သမားနေ့မှာ အပျော်ခရီးထွက်ပါ။ ကိုယ့်နယ်မှ ရာသီစာများ သစ်သီးများ သို့မဟုတ် ကျန်းမာရေးနှင့်ညီသည့် နယ်မြေအထင်ကရသွားရေစားများကို ယူသွားပါ။ အလုပ်သမားနေ့မှာ ကိုယ့်မြို့အတွက် အကျိုးရှိတာတစ်ခုခ လုပ်ကြည့်လိုက်ပါ။ ကျေးဇူးတော်နေ့ ဒီလိုနေ့မျိုးတွင် ရိုးရာအစာများကို စားသောက်နိုင်ပါသည်။ မိသားစုတွင် စုစုရုံးရုံးဖြစ်သွားအောင် ကျန်းမာရေးနှင့် ညီညွှတ်သည့ပန်းကန်များဖြစ်သွာအောင် ပြောင်းလဲကြည့်ပါ။ ပဲစိမ်းများကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အော်ငေါက်တဲ့အမူအကျင့်ကို ပြုပြင်ပါ

သင့်အနေနဲ့ စိတ်ဖိစီးမှုများပြီး စိတ်ရှုပ်နေချိန်၊ အနားယူဖို့ လိုအပ်နေချိန် သင့်ကလေးတွေဟာ အနားမှာ အော်ဟစ်ဆူညံနေမယ် ဆိုရင် သိပ်ပြီး အဆင်မပြေလှပါဘူး။ သင်ပကလေးတွေကို တိတ်တိတ်နေဖို့ ပြောနေပေမယ့် သူတို့က ဂရုမထားတဲ့အခါ နောက်ဆုံး သည်းခံနိုင်စွမ်းကုန်ပြီး ဒေါသနဲ့ အော်ငေါက်မိနိုင်ပါတယ်။ အော်ငေါက်ခြင်းဟာ တကယ်တမ်းမှာ သိပ်ပြီးအလုပ်မဖြစ်လှပါဘူး။ ဒါ့အပြင် အော်ငေါက် ဆူပူတာများလာရင်လည်း ရိုးသွားနိုင်ပြီး သင့်ကို လစ်လျူရှုလာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးတွေကို လေ့ကျင့်သင်ကြားရာမှာ သိပ်ပြီး အလုပ်မဖြစ်လှတဲ့ အော်ငေါက်ခြင်းကို ပြောင်းလဲဖို့ ကြိုးစားကြပါစို့။ အော်ငေါက်ခြင်းရဲ့ ဆိုးကျိုး အော်ငေါက်ခြင်းကြောင့် သင့်ကလေးတွေအတွက် ဆိုးကျိုးများစွာဟာ မသိမသာ ရရှိသွားနိုင်ပါတယ်။ အော်ငေါက်ခြင်းဆိုတာ ဒေါသထွက်ခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်မထိန်းနိုင်တဲ့အခါ ကလေးများအတွက် နာကျင်စေတဲ့ စကားလုံးများ ထွက်လာနိုင်ပါတယ်။ သင့်ကလေးဟာ ထိရှခံစားလွယ်သူဆိုရင် ပိုပြီး ဒုက္ခပေးပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း