backup og meta

မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲ

    မိန်းကလေးများကြားတွင် အချင်းချင်းအနိုင်ကျင့်ခြင်းများသည် နေ့တိုင်းကြားနေရပါသည်။ သို့သော် ယခုခေတ်တွင် ပိုဆိုးလာပါသည်။ ထိုသို့ဖြစ်ရသော အကြောင်းရင်းများစွာရှိပါသည်။ သို့သော် သင်သည် သင့်ကလေးကို သူသည် အနိုင်ကျင့်ခံရသလား၊ အခြားကလေးများကို အမြဲအနိုင်ကျင့်နေသလား သေချာစွာမေးဖူးပါသလား။ ယခုဆောင်းပါးတွင် မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ၊ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲအကြောင်းများကို ဖော်ပြသွားမည်ဖြစ်ပါသည်။

    မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။

    အချင်းချင်းအနိုင်ကျင့်သော မိန်းကလေးများသည် မနာလိုစိတ်များခြင်း၊ စိတ်ကို မထိန်းချုပ်နိုင်ခြင်း၊ စာနာစိတ်မရှိခြင်း နှင့် အသာစီးရလိုခြင်း စသည့် အကျင့်စရိုက်များရှိတတ်ကြပါသည်။ မကြာသေးမီက လေ့လာချက်များအရ မိန်းကလေးများသည် သူတို့၏ဖြစ်တည်မှု၊ ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုများနှင့် အဓိပ္ပာယ်ရှိသည်ဟုထင်ထားသော အရာများနှင့် သွေဖည်သွားသောအခါ သူတို့သည် အခြားသူများကို အနိုင်ကျင့်ကြသည်ဟု ဆိုပါသည်။ ဥပမာ- အနိုင်ကျင့်သော မိန်းကလေးများသည် သူတို့ငယ်ဘဝတွင် အမြဲအနိုင်ရခြင်း သို့မဟုတ် မိသားစုဝင်များက အနိုင်ကျင့်ခြင်းကို ခံရခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့မဟုတ် အခြားသော မိန်းကလေးများက ဝိုင်းပြီး အနိုင်ကျင့်သည်ကို ခံရခြင်းတို့ကြောင့် သူတို့သည် အနိုင်ကျင့် တတ်လာကြခြင်းဖြစ်ပါသည်။

    သူတို့ကို ဘယ်လို ထိန်းချုပ်မလဲ။

    အနိုင်ကျင့်တတ်သော မိန်းကလေးများကို ရပ်တန့်စေမည့် နည်းလမ်းအချို့ရှိပါသည်။

    သင့်ကလေးသည် အနိုင်ကျင့် ခံနေရသူဖြစ်ပါလျှင် သင့်ကလေးကို စကားပြောပါ။ ထိုပြသနာကို တိုက်ရိုကိဖြေရှင်းရန်းခက်ခဲပါသည်။ မိဘများအနေဖြင့် ကလေးပြောပြသည်များကို နားထောင်ပေးခြင်း၊ ကြုံတွေ့နေရသော ပြသနာများကို အဖြေရှာပေးခြင်း ဖြင့်သင့်ကလေး၏ မိမိကိုယ်ကိုယုံကြည်မှုတိုးလာအောင် ကူညီပေးပါ။ ထို့ပြင် ကလေး၏ အတန်းပိုင်ဆရာမနှင့်တွေ့ပြီး ကလေးကို ဖေးမစောင့်ရှောက်ပေးရန်၊ ကျောင်းစာအပြင် တက်ကြွလှုပ်ရှား အားကစားများတွင် ပါဝင်ရန် တိုက်တွန်းပါ။ အောက်ပါတို့သည် သင့်ကလေးကို အားတက်အောင်ပြုလုပ်ပေးနိုင်မည့် နည်းလမ်း ၄ ခုဖြစ်ပါသည်။

    · သင့်ကလေးကို သိမ်ငယ်စိတ်မဝင်အောင် ပြောပြပါ။ သင့်ကလေးသည် အနိုင်ကျင့်ခံရသောအခါ အရင်လိုတုန့်ပြန်မှုများကို မပြုလုပ်အောင် သင်ပေးပါ။

    · အနိုင်ကျင့်ခြင်းများ၊ အနိုင်ကျင့်ခံရခြင်းများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သူများကို စာရင်းလုပ်ထားပြီး သင့်ကလေးကို ပြောပြပါ။ အနိုင်ကျင့်ခံရလျှင် မတုန့်ပြန်ဘဲ လျစ်လျူရှုခြင်း၊ ဆရာမအားတိုင်ပြောခြင်း၊ သူငယ်ချင်းများနှင့် အုပ်စုဖွဲ့နေခြင်း၊ အနိုင်ကျင့်သူများက ခြိမ်းခြောက်လာလျှင် ဖြတ်လတ်စွာ ခွန်းတုန့်ပြန်ခြင်း စသည်တို့ပြုလုပ်ရန် သင်ပေးထားပါ။

    · သင့်ကလေးကို သူနှင့် စိတ်တူကိုယ်တူသူငယ်ချင်းများနှင့် အပေါင်းအသင်း လုပ်စေပါ။

    · သင့်ကလေးကို အနိုင်ကျင့်လာသူများ၊ အကြောင်းအရာများကို စာအုပ်ထဲတွင် ရေးမှတ်ထားစေပါ။ ထိုနောက် မိဘများက မှန်မှန်ကြည့်ခြင်းဖြင့် သင့်ကလေးအတွက် လိုအပ်လျှင် ချက်ချင်းကြားနေဖြေရှင်းပေးနိုင်မြည်ဖစ်ပါသည်။

    သို့သော် သင့်ကလေးသည် အခြားကလေးများကို ဗိုလ်ကျသူတစ်ဦးဖြစ်နေလျှင် ဘယ်လိုဖြေရှင်းမလဲ။

    ထိုအခါသင်သည် သင့်ကလေးနှင့် အချိန်ယူပြီး စကားပြောရန်လိုအပ်ပါသည်။ သင့်ကလေးသည် သူ့ကိုယ်သူ အခြားသူများကို အနိုင်ကျင့်နေပါလားဟု သိချင်မှ သိပါလိမ့်မည်။ အောက်ပါတို့သည် သင့်ကလေး၏ ဗိုလ်ကျမှုများကို ဖြေရှင်းနိုင်သော နည်းလမ်းမျာဖြစ်ပါသည်။

    · သူသည် အခြားသူများကို ဗိုလ်ကျခြင်းများဖြစ်လာသော် မပြုလုပ်ရန် သင်ပေးပါ။ ကလေးသည် ကောင်းစွာ မသိမနားလည်သောကြောင့် အချို့သော အမူအရာများကို ပြုလုပ်ခြင်း၊ အနိုင်ကျင့်သလိုဖြစ်သွားခြင်း ဖြစ်နိုင်ပါသည်။

    · ဒေါသစိတ်ဖြင့် သူငယ်ချင်းဖွဲ့ခြင်းသည် မကောင်းကြောင်းရှင်းပြပါ။

    · ထိုသို့ ထိန်းကျောင်းပေးနေသော်လည်း အနိုင်ကျင့်မြဲဖြစ်နေလျှင် စိတ်ရောဂါ အထူးကုနှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ပါသည်။

    မိန်းကလေးများတွင်ဖြစ်တတ်သည့် အနိုင်ကျင့်ခြင်း၊ အနိုင်ကျင့်ခံရခြင်း ပြသနာများသည် မိဘများအဖို့ သိရှိနားလည်ရန်၊ ဖြေရှင်းရန်ခက်ပါသည်။ သို့သော် သင့်ကလေးကို အချိန်ပေးခြင်း၊ သူ့ခံစားချက်များကို နားထောင်ပေးခြင်း၊ ပြသနာများကို ကုညီဖြေရှင်းပေးခြင်း၊ သူတို့ကို အားပေးခြင်းဖြင့် သင့်အနေနှင့် ကူညီနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement