သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ

ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ

သင့်ဘဝအချိုးအကွေ့တစ်ခုမှာ သတ်သေချင်စိတ် တွေ ပေါ်ကောင်းပေါ်ဖူးပါလိမ့်မယ်။ အထူးသဖြင့် အထက်တန်းကျောင်းတက်နေစဉ်အတွင်း အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် မိဘနဲ့အဆင်မပြေတာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ သတ်သေခြင်းက သင့်ကိုယ်ပိုင်ဘဝကို သင်ကိုယ်တိုင်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

သင်ချစ်ရတဲ့လူသေဆုံးသွားတဲ့အခါမှာ ဒါမှမဟုတ် ဆက်ဆံရေးတစ်ခုပြတ်တောက်သွားတဲ့အခါမျိုးမှာ ဘဝကို လက်လျှော့ချင်တဲ့အတွေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သတ်သေချင်တဲ့ အတွေးမျိုးတွေ တွေးဖူးတယ်ဆိုရင် ဒီခံစားချက်နဲ့ပတ်သက်ပြီး အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။

ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ

  • စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်း

သတ်သေချင်စိတ် ပေါက်ရတဲ့အကြောင်းရင်းတွေထဲ ကိစ္စတခုဖြစ်ပါတယ်။ အများအားဖြင့်တော့ စိတ်ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် စိတ်ဓာတ်ကျခြင်းဖြစ်ပါတယ်။ စိတ်ကျရောဂါ၊ ပူပင်ကြောင့်ကြမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကစဉ့်ကလျားရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။

သင့်စိတ်ကျန်းမာရေးအခြေအနေအတွက် ထိရောက်မယ့် ကုသမှုကို ခဲခဲယဉ်းယဉ်းရှာနေရချိန်မျိုးမှာ သင့်နဂိုအတိုင်းပြန်မကောင်းနိုင်တော့ဘူးဆိုပြီး အကူအညီမဲ့တဲ့ ကြောက်လန့်တဲ့ အတွေးမျိုးတွေ ဖြစ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘဝရဲ့ နာကျင်မှုတွေကို အဆုံးသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းက သင့်ဘဝကိုအဆုံးသတ်လိုက်ဖို့ပဲလို့ သင်တွေးကောင်းတွေးနိုင်ပါတယ်။

စိုးရိမ်ပူပန်ခြင်းက သင်ပတ်ဝန်းကျင်ကို ကြောက်လန့်စေပြီး သင့်ဘဝအလှည့်အပြောင်းတွေကို လိုက်လျောညီထွေမဖြစ်အောင် တားမြစ်ထားပါတယ်။ အချို့အခြေအနေတွေမှာ စိုးရိမ်ခြင်းက သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ဖို့၊ ကျောင်းပြီးဆုံးအောင်တက်ဖို့၊ အလုပ်မြဲအောင် လုပ်ဖို့ စတာတွေကို ခက်ခဲစေပါလိမ်မ့ယ်။ အထီးကျန်ခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေ ပေါင်းသွားပြီဆိုရင် သတ်သေချင်တဲ့ အတွေးတွေကို တွေးမိစေပါလိမ့်မယ်။

စိတ်ဓာတ်ကျခြင်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ သတ်သေခြင်းအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကျလက္ခဏာတွေကို ကျော်လွှားဖို့ မတတ်နိုင်တော့အခါမှာ သတ်သေဖို့ ဖြစ်နိုင်ချေအများကြီးဖြစ်လာပါတယ်။ စိတ်ဓာတ်ကျ လူနာ၉၀%မှာ သတ်သေလိုတဲ့အတွေးတွေ ဖြစ်နိုင်ပါတယ်။

  • ထိခိုက်မိခြင်း

သင့်မှာ ထိခိုက်ဖူးခြင်းက အရှက်ရခြင်း၊ အပြစ်မကင်းသလို ခံစားရခြင်းတွေကနေ သတ်သေချင်စိတ် ဆီကို ဦးတည်သွားတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ထိခိုက်ဖူးတာကြောင့် မှတ်ဉာဏ်တွေ ပျက်စီးသွာခြင်း၊ ထိခိုက်မှုနောက်ပိုင်း စိတ်ဒဏ်ရာပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ သင့်နေ့စဉ်ဘဝမှာ ပြင်းပြင်းထန်ထန်စိုးရိမ်ခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ သတ်သေလိုတဲ့ အတွေးတွေထိ ဖြစ်စေနိုင်ပါတယ်။

  • အနိုင်ကျင့်စော်ကားခံရခြင်း

လူတွေရဲ့ အတွေးတွေနဲ့ သူတို့ ခံစားချက်တွေအပေါ်မှာ အနိုင်ကျင့်ခံရခြင်းက သိသိသာသာသက်ရောက်မှုရှိပါတယ်။ အနိင်ကျင့်ခံရတဲ့အရေအတွက်၊ နည်းလမ်းတွေနဲ့ မဆိုင်ဘဲ အနိုင်ကျင့်ခံရတဲ့အခါမှာ အလွန်အမင်းစိတ်ဓာတ်ကျခြင်းတွေ၊ မျှော့်လင့်ချက်ကင်းမဲ့သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ အများစုက အနိုင်ကျင့်ခံရခြင်းအတွက် တိုင်တန်းအရေးယူခြင်းမျိုး မရှိပါဘူး။ တွေ့ကြုံခံစားနေရတဲ့ နာကျင်မှုတွေကနေ လွတ်မြောက်ဖို့တစ်ခုတည်းသော နည်းလမ်းအနေနဲ့ သတ်သေသွားတဲ့အခါမျိုးမှသာ သိရပါတယ်။

နည်းပညာတိုးတက်လာခြင်းကြောင့် အွန်လိုင်းမှာ အနိုင်ကျင့်ခံရတဲ့ ဖြစ်စဉ်တွေ များလာပါတယ်။ ဆိုရှယ်မီဒီယာ၊ ဝက်ဘ်ဆိုဒ်တွေရဲ့ အကြုံပြုရေးစာ ကဏ္ဍတွေ၊ ဘလော့ဂ်တွေမှာဖြစ်နိုင်ပါတယ်။ သင့်ဂုဏ်သတင်းကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်၊ အရှက်ရစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အနိုင်ကျင့်ခြင်းဖြစ်ပါတယ်။ ဒီအခြေအနေကို မကျော်လွှားနိုင်ဘူးဆိုရင် သတ်သေလိုတဲ့အတွေးတွေ ပေါ်လာနိုင်ပါတယ်။

  • ဆေးစွဲခြင်း

ဆေးစွဲခြင်းသို့ အရက်စွဲခြင်းက သင့်ကို လက်လျှော့အရှုံးပေးခြင်းကို ဖြစ်စေပါလိမ့်မယ်။ ဆေးစွဲတဲ့လူတွေမှာ စိတ်ဓာတ်ကျနိုင်တယ်လို့ အထောက်အထားခိုင်ခိုင်လုံလုံရှိပါတယ်။ ဆေး သို့ အရက်က သင့်ရဲ့နာကျင်မှုကို ယာယီသက်သာစေတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် လက်တွေ့ဘဝမှာ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။

ဆေးနဲ့ အရက်က ဦးနှောက်လုပ်ဆောင်ရည်တွေနဲ့ ဦးနှောက်တွင်း ဓာတုပစ္စည်းတွေကို ပြောင်းလဲစေပြီး စိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးဖြတ်လိုက်တဲ့ လက္ခဏာတွေက နာကျင်စေပြီး သည်းမခံတော့နိုင်လောက်အောင် ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ သတ်သေခြင်းက စွဲလမ်းခြင်းထောင်ချောက်ကနေ လွတ်မြောက်ဖို့ နောက်ဆုံးနည်းလမ်းလို့ ထင်ကောင်းထင်နိုင်ပါတယ်။

  • ဆက်ဆံရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ တန်ဖိုးထားမခံရခြင်း၊ လမ်းခွဲပြတ်စဲခြင်းစတဲ့ ဆက်ဆံရေးပြဿနာတွေက သင့်ဘဝမှာကြီးကြီးမားမားခံစားရနိုင်ပါတယ်။ စုံတွဲတွေ ပြဿနာတက်ခြင်းကနေ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကများခြင်း၊ အပြစ်မကင်းသလိုခံစားရခြင်းနဲ့ အလွန်အမင်းကြောက်လန့်ခြင်းတွေ ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။

စုံတွဲတွေ ပြဿနာတက်ခြင်းက စိတ်ပိုင်းဆိုင်ရာနာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပြီး သတ်သေလိုတဲ့ အတွေးတွေ ပေါ်လာနိုင်ပါတယ်။ အထီးကျန်ရမှာကြောက်တဲ့စိတ်၊ တစ်ယောက်တည်းဖြစ်ရမှာ ကြောက်တဲ့စိတ်တွေကို ဖြေဖျောက်တဲ့ အနေနဲ့ ဖဲလောင်းကစားဝိုင်းတွေမှာ ဝင်ပါတာမျိုး၊ ဆေးအရက်စွဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

သင့်စိတ်ခံစားချက် နာကျင်မှုကို သင်မကျော်လွှားနိုင်တော့တဲ့အခါမှာ မျှော်လင့်ချက်ကင်းသွားပြီး သတ်သေလိုတဲ့ အတွေးတွေဖြစ်နိုင်ပါတယ်။ နာကျင်မှုက ဘဝရဲ့မရှောင်လွှဲနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိထားဖို့ အရေးကြီးပါတယ်။ လူတိုင်းမှာ နာကျင်မှုကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပေမယ့် ပြင်းပြင်းထန်ထန် စိတ်ပိုင်းဆိုင်ရာနာကျင်ခြင်းက သတ်သေချင်စိတ် အတွေးတွေဆီ ဦးတည်သွားစေပါတယ်။

ဘာတွေက သတ်သေလိုတဲ့ အတွေးတွေဖြစ်စေလဲဆိုတာကို နားလည်မယ်ဆိုရင် ပြန်ပြီးထိန်းချုပ်နိုင်ပါလိမ်မယ်။ သတ်သေချင်စိတ် ပေါက်လာတဲ့အခါမှာ သင့်နာကျင်မှုကို ကျော်လွှားဖို့နဲ့ သတ်သေခြင်းကနေ တားဆီးဖို့ နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရေးသားသူ- Thin Myat Sandi Cho

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Hello Sayarwon Panel မှ ရေးသားသည်။ 08/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။