လူရယ်လို့ ဖြစ်လာပြီဆိုရင် အသက်အရွယ်မရွေး ချစ်ခြင်းမေတ္တာ နဲ့ ကြုံတွေ့လာရမှာပါ။ ကလေးဘဝမှာ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ အရွယ်ရောက်လာတဲ့အခါမှာ သူစိမ်းတစ်ယောက်ပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေအပေါ် မေတ္တာထားတာ အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။