စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

အကယ်၍သာ….. ဆိုတဲ့အတွေးတွေ နှိပ်စက်နေပြီလား။

အကယ်၍ စာမေးပွဲမအောင်ခဲ့ရင် ငါဘာဆက်လုပ်ရမလဲ။ အကယ်၍ ငါရွေးချယ်တဲ့လမ်းကမှားနေတယ်ဆိုရင် ပြန်ပြောင်းဖို့အချိန်ရှိပမလား။ အကယ်၍ ဒီအလုပ်ကို မရခဲ့ရင် ဘယ်လိုလုပ်ရမလဲ။ အကယ်၍ ငါ့မိဘတွေသာ မရှိတော့ဘူးဆို ငါဘယ်လိုဆက်ရှင်သန်မလဲ။ အကယ်၍ ချစ်သူက ဖောက်ပြန်နေခဲ့ရင်။ အကယ်၍ ကုလို့မရတဲ့ ရောဂါဝင်လာခဲ့ရင်။ အကယ်၍ အကယ်၍ ပေါင်းများစွာကို လူတွေအားလုံးနေ့စဉ်ကြုံတွေ့ကြရပါတယ်။ စဉ်းစားကြည့်ရင် ဒီလိုတွေးတာဟာ မကောင်းတာတော့မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်သဘော သဘာဝကိုက မသေချာခြင်းတွေများနေတဲ့ အခြေအနေတွေကို မေးခွန်းထုတ်တတ်ကြပါတယ်။ မသေချာတာခြင်းတွေကို ဦးနှောက်က စိတ်ပူပန်ဖို့ ကြောက်ရွံ့တွန့်ဆုတ်ခြင်း တွေကို ဖြစ်စေတယ်။ ဥပမာ ရေလမ်းခရီးသွားတဲ့အခါ အကယ်၍ ရေထဲကျ သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်မှုကြောင့် အသက်ကယ်အင်္ကျီကိုဝတ်ဆင်တယ်ဆိုတာ မှန်ကန်တဲ့ အပြုအမူပါ။ အသက်ကယ် အင်္ကျီဝတ်ထားရက်နဲ့ကို အကယ်၍ အသက်ကယ်အကျီၤကြီး ကျွတ်သွားခဲ့ရင်၊ ပြဲသွားခဲ့ရင် ရေနစ်သွားတော့မှာဆိုတဲ့ အတွေးမျိုးဆိုရင်တော့ စိတ်ပူပန်မှုတွေလွန်ကဲနေကြောင်း ပြနေပါပြီ။ စိတ်ပူပန်မှုဆိုတာတော့ နေ့စဉ်ရှင်သန်ခြင်းအတွက် လိုအပ်နေပါသေးတယ်။ ဘေးအန္တရာယ်တွေ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား ၁၀ ခွန်း

စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား ကိုယ့်သူငယ်ချင်းတစ်ယောက်၊ ချစ်သူ၊ မိသားစုဝင်တစ်ယောက်ယောက် အရမ်း စိတ်ထိခိုက်နေတဲ့ချိန်မှာ နှစ်သိမ့်ပေးဖို့၊ သက်သာအောင် လုပ်ပေးဖို့ ကြိုးစားပေမယ့် ဘာပြောရမှန်းမသိဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့ချိန်မှာ ဘေးလူပြောတဲ့စကားတစ်ခွန်းကြောင့် ပိုဆိုးသွားတာမျိုးကြုံဖူးလား။ ဘေးလူတွေကတော့ စေတနာနဲ့ ကောင်းစေချင်တဲ့ ဆန္ဒနဲ့ တတ်နိုင်သလောက် အားပေးကြပေးမယ့် စေတနာအမှားတွေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား အထူးသဖြင့် စိတ်ထိခိုက်လွယ် စိတ်အားငယ်လွယ်စေတဲ့ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ရောဂါရှိတဲ့ သူတွေအတွက်ဆို ပိုဆိုးတတ်ပါတယ်။ ကိုယ့်ဒီလိုစကားတွေကို ပြောမိနေပြီလား၊ စိတ်ညစ်နေတဲ့သူတွေဟာ ဘယ်လိုစကားမျိုးကို ကြားချင်လဲ၊ ဘယ်လိုစကားမျိုးကို မကြားချင်ဘူးလဲ၊ ဘယ်လိုမျိုး နှစ်သိမ့်သင့်လဲဆိုတာလေးကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ နင်တစ်ခါလောက်ပျော်ပျော်နေကြည့်ပါလား။ ပျော်ကြည့်ပါလားလို့ပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်အခြေအနေကို မထီမဲ့မြင်လုပ်သလိုမျိုးဖြစ်သွားတဲ့အပြင် လျစ်လျူရှုသလိုဖြစ်သွားတတ်ပါတယ်။ စိတ်ကျရောဂါဖြစ်နေတဲ့သူတိုင်းဟာ ကင်ဆာဖြစ်နေတဲ့သူတွေလိုပါပဲ။ ကင်ဆာဖြစ်နေတဲ့သူကို နင်ကျန်းမာအောင်နေပါလားလို့သွားပြောသလိုပဲ။  စိတ်ကျရောဂါသည်တွေမှာလည်း သူများလို ပျော်နိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးရှိပြီးသားမို့လို့ပါ။ ဒါဆိုဘယ်လိုပြောရမလဲ။ နင်စိတ်မပျော်တာ ငါသတိထားမိတယ်။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

Single – ၁ အတွဲရှိသူတွေ - ဝ

Single – ၁ အတွဲရှိသူတွေ - ဝ  ........ ခုလို ပိတ်ရက်တွေများ၊ ရာသီဥတုတွေအေးနေတဲ့ချိန်ဆို အတွဲရှိတဲ့သူတွေက နင်တို့မှာ ချမ်းရင် ဖက်ထားစရာလူရှိလား၊ ပွဲဈေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို လက်ချိတ်ပြီး ကြည်ကြည်နူးနူးလျှောက်လည် ရမယ့်သူရှိလားဆိုပြီး ခနဲ့တဲ့တဲ့ စကားသံတွေကို ဆင်ဂယ်လ် ဖြစ်နေတဲ့သူတွေ သည်းခံနေကြရပြီလား။ ကဲ ဒါဆိုရင်တော့ ဒီဆောင်ပါးလေးမှာတော့ အချစ်ရှိတာ၊ အတွဲရှိတာကောင်းတယ်ဆိုတဲ့သူတွေကို ပြန်လည်ချေပဖို့အတွက် ကျန်းမာရေး ကောင်းကျိုးလေးတွေကို ဖော်ပြလိုက်ပါတယ်။ Single – ၁ အတွဲရှိသူတွေ - ဝ Single – ၁ အတွဲရှိသူတွေ - ဝ လို့ ပြောရတာက ၁။ ကူညီအားပေးမယ့်သူ တစ်ပုံတစ်ပင်ရှိမယ်။ ရည်းစားရှိတဲ့သူတွေကိုဆိုရင် “သြော် သူ့ကို အားပေးမယ့်ရည်းစားရှိတာပဲ” ဆိုပြီး ထင်ကြပေမယ့် ဆင်ဂယ်လ်တွေအနေနဲ့ဆိုရင်တော့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်မှာ ဒီလက္ခဏာတွေရှိနေရင် စိတ်ဖိစီးမှုများနေတာ ဖြစ်နိုင်ပါတယ်

စိတ်ဖိစီးမှုဆိုတာ ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ၊ အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ စိတ်ကို ချည်နှောင်ထားသလို၊ အားစိုက်ထုတ်သလို လုပ်မိပြီးနောက် ကျန်ခဲ့တဲ့ ဒဏ်ရာတစ်မျိုးပါပဲ။ ဒီဘက်ခေတ်မှာ အသက်အရွယ်မရွေး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာကို သတိထားမိမှာပါ။ မိသားစုပြဿနာ၊ ငွေရေးကြေးရေး၊ လုပ်ငန်းခွင်၊ လူမှုရေး၊ အချစ်ရေး အစရှိသဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့လောကပြဿနာပေါင်းစုံဟာ ကျွန်တော်တို့ရဲ့ စိတ်ကို အနှေးနဲ့အမြန် ဒုက္ခဖြစ်စေပြီး စိတ်ဖိစီးမှုဆိုတဲ့အခြေအနေကို ရောက်ရှိလာကာ စိတ်ရော ကိုယ်ပါ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။ တချို့လူတွေကတော့ ကိုယ့်မှာ စိတ်ဖိစီးမှုတွေဖြစ်နေရင် သိနိုင်တယ်ဆိုပေမယ့် ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေလို့ ကိုယ်တိုင်စိတ်ဖိစီးနေတယ်ဆိုတာတောင် သတိမထားမိတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုစိတ်ဖိစီးမှုများနေတဲ့အခါ • ဝက်ခြံတွေ ပေါက်လာမယ် • ဆက်တိုက်ဆိုသလို ခေါင်းကိုက်နေမယ် • ကြွက်သား၊ အရိုးအဆစ်တွေ ပိုပြီး နာကျင်ကိုက်ခဲလာမယ် • မကြာခဏ ဖျားနာမယ် • အားမရှိသလို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါတိုင်းဟာ စိတ်ကြောင့်ပဲမဟုတ်ပါဘူး။

စိတ်ကျရောဂါပါဆိုမှ စိတ်ကြောင့်မဟုတ်ရင် ဘာကြောင့်ဖြစ်နိုင်သေးလဲဆိုပြီး မေးစရာတွေရှိလာပါတယ်။ စိတ်ကျရောဂါဖြစ်နိုင်တဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ဒီပရက်ရှင် (depression) လို့ခေါ်တဲ့ စိတ်ကျရောဂါမျိုးဟာ မျိုးရိုးဗီဇကြောင့်၊ ပတ်ဝန်းကျင်ကြောင့်  ဖြစ်တတ်ပါတယ်။ ကိုယ့်မိသားစုထဲမှာ စိတ်ရောဂါ တစ်မျိုးမျိုးကို ခံစားနေတဲ့သူ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖူးတဲ့သူတွေရှိရင် စိတ်ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ နောက်ပြီး ငယ်ဘဝ ဒါမှမဟုတ် ဘဝရဲ့ အချိန်တစ်ခုမှာ ကြီးမားတဲ့ စိတ်ဒဏ်ရာကို ပြင်းပြင်းထန်ထန်ခံစားရတာမျိုးကြောင့်ဖြစ်တယ်။ ဦးနှောက်ထဲ၊ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ မညီမျှမှုကြောင့်ဖြစ်တယ်။ ဒါ့ပြင် စိတ်ကျရောဂါတိုင်းဟာ စိတ်ကြောင့်ပဲမဟုတ်ပါဘူး။ ဥပမာ ပြောရရင်  ဗီတာမင်နဲ့ ဓာတ်အမျိုးမျိုး ချို့ယွင်းတာကြောင့် စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန်ကဲခြင်းရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါတွေ ဆက်စပ်မှု ရှိနေတယ်ဆိုတာပါပဲ။ စိတ်ကျရောဂါတိုင်းဟာ စိတ်ကြောင့်ပဲမဟုတ်ပါဘူး။ ၁။ အိုမီဂါ - ၃ fatty acid လျော့နည်းခြင်း အိုမီဂါ - ၃ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သင့်ဟာ စိတ်ထောင်ချောက်ထဲမှာ ပိတ်မိနေပြီလား။

သင်ဟာ အရေးကြီး အစည်းအဝေးတစ်ခုသွားရမယ့်ချိန်မှာ ကားလမ်းကြောထဲမှာ ပိတ်မိနေတယ်ဆိုပါတော့။ နာရီကိုကြည့်လိုက်၊ ဒေါသတွေထွက်လိုက်၊ မရွေ့တဲ့ကားလမ်းကြောကြီးကို အပြစ်တင်လိုက် နဲ့နောက်ဆုံး ငါတော့ အလုပ်ပြုတ်တော့မှာပဲဆိုတဲ့ စိတ်ပါဖြစ်လာတယ်။ ဒီလိုဆိုရင်တော့ သင်ဟာ သင့်ရဲ့စိတ်ထောင်ချောက် တစ်ခုထဲကို ရောက်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကားလမ်းပိတ်လို့ နောက်ကျရုံလောက်နဲ့ မဖြစ်နိုင်တဲ့ အဆိုးရွားဆုံး အခြေအနေတစ်ခုကို စတင်တွေးမိလိုက်ပြီမို့လို့ပါ။ တကယ်တော့ ကားလမ်းပိတ်ခြင်းက သင့်ကိုစိတ်ပူပန်စေတာမဟုတ်ဘဲ ကားလမ်းပိတ်လို့ ဖြစ်လာတဲ့သင့်ရဲ့စိတ်တွေက သင့်ကို မနက်စောစောစီးစီး စိတ်ဒုက္ခဖြစ်စေတာပါ။ လူအများစုဟာ စိတ်ဖိစီးမှုတွေကို ကြုံလာရတိုင်း အကောင်းဘက်ကို လှည့်မတွေးကြဘဲ အဆိုးဘက်ကိုပဲ ပိုပြီးတွေးတတ်ကြပါတယ်။ တကယ် ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိက အကြောင်းအရာထက် ကိုယ့်ရဲ့ ဒီအဖြစ်အပျက်အပေါ်ထားတဲ့ ထင်မြင်ချက်တွေ၊ မဖြစ်လာသေးတဲ့နောက်ဆက်တွဲတွေကို ကြိုတင်ပြီးတွေးပူတာတွေဟာ ရှိရင်းစွဲ ပြဿနာထက် ပိုပြီး ဆိုးရွားနေသယောင်ထင်ရစေပါတယ်။ မကောင်းတာတစ်ခုကြုံလာပြီဆိုတိုင်း လူတွေဟာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတွေကို အကြီးမားဆုံးပြောင်းလဲစေတဲ့ အရာတွေ

လူတွေဟာ ပြောင်းလဲမှုကို ကြောက်ကြတယ်၊ ကိုယ့်ဘဝကို ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတဲ့ အကျင့်ဆိုးတစ်ခု၊ အကြောင်းအရာတစ်ခုကို ပြောင်းလဲခြင်းကို ကြောက်တဲ့စိတ်နဲ့ ဖယ်ရှားဖို့ကို ဝန်လေးကြတယ်။ အစားကိုအလွန်အကျူးစားတာ၊ အရက်၊ဆေးလိပ်ကို စွဲလမ်းတာ၊ အမြဲနောက်ကျနေတဲ့ အကျင့်ရှိတာ၊ အသုံးအဖြုန်းကြမ်းတာ စသဖြင့် ကိုယ့်ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ထိခိုက်စေမယ့် အမူအကျင့်တွေကို စွန့်လွှတ်ဖို့၊ ပြောင်းလဲဖို့အတွက် ခက်ခဲကြတယ်။ ပြောင်းလဲခြင်းဆိုတာ မဖြစ်ခင်မှာ ပြောင်းလဲချင်တဲ့စိတ်ပေါ်လာဖို့ကို ပိုခက်တယ်။ ဒါဆိုရင် လူတွေကို ဘယ်လိုအရာတွေက ပြောင်းလဲချင်စိတ်ကို ဖြစ်စေတာလဲ။ ၁။ အမှုမဲ့အမှတ်မဲ့ပဲ။ တချို့ရှိတယ်။ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်၊ မကောင်းတဲ့အကျင့်တစ်ခုကို မလုပ်ဖို့ ကြိုးစားနေတာကြာပြီ၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်စွန့်လွှတ်လိုက်နိုင်တယ်။ ဒီလိုလူတွေကို ဘာကြောင့် လုပ်နိုင်သွားတာလဲမေးရင် သူတို့မှာအဖြေမရှိဘူး။ ဒီအတိုင်းပဲ လုပ်ချင်သွားတယ်၊ အရင်တုန်းက မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ အခုကတော့ လုပ်နိုင်သွားတယ်ဆိုပြီးပဲ ဖြေကြတယ်။ ၂။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရုတ်တရက် ပြင်းထန်တဲ့ဝေဒနာတွေ ဘာကြောင့်ခံစားရသလဲ

စာဖတ်သူအနေနဲ့ အကြောင်းကိစ္စတစ်စုံတရာကြောင့် ရုတ်တရက်ဒေါသအရမ်းထွက်လာတဲ့အခါ နှလုံးခုန်အလွန်အမင်းမြန်ပြီး အသက်ရှူမဝတာတို့၊ခေါင်းမူးလာတာ၊နားထဲမှာ တစီစီမြည်သံတွေကြားလာတာ ဒါမှမဟုတ် တခြားလက္ခဏာတွေ ဖြစ်တတ်ပါသလား။ အကယ်၍ ဒီလိုတွေခံစားရတယ်ဆိုရင် မိတ်ဆွေရဲ့ခန္ဓာကိုယ်အနေနဲ့ Panic attack လို့သတ်မှတ်ထားတဲ့ ရုတ်တရက်ဝေနာအပြင်းအထန် ဖြစ်လေ့ဖြစ်ထရှိနေပါပြီ။ အဆိုပါ Panic attack ခံစားရတဲ့သူအများစုက သူတို့ကိုယ်သူတို့ နှလုံးမကောင်းလို့၊နှလုံးအားနည်းလို့လို့ပဲ ထင်တတ်ကြပါတယ်။ဒီလိုလက္ခဏာတွေဟာ လူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်ပြီး ၁၅ မိနစ်အတွင်းမှာပဲ ပျောက်ကွယ်သွားတတ်လို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကိုတော့ မြင်ရမှာ မဟုတ်ပေမဲ့ အထူးသဖြင့် ခိုက်ရန်ဖြစ်ပွားနေတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်က ဒါမျိုးသိသိသာသာဖြစ်လာတတ်ပါတယ်။အပြင်းအထန်လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မျိုးမှာဆိုရင် ခန္ဓာကိုယ်က အောက်စီဂျင်ကို ပိုလိုအပ်ပါတယ်။ အသက်ရှူတွေ ပိုမြန်လာမယ်၊ နှလုံးခုန်ပိုမြန်စေတဲ့ ဟော်မုန်းတွေ ပိုထုတ်ပေးလာမယ်၊ကြွက်သားတွေ ပိုပြီးတောင့်တင်းလာမယ်။တကယ်လို့ ဒီလိုတွေခံစားရအပြီးမှာ ရင်ဘက်အောင့်တာနဲ့ ဖျားနာမှုဖြစ်ပေါ်လာပြီဆိုရင်တော့ သင့်မှာ ဒေါသကြောင့် ပုံမှန်မဟုတ်တဲ့၊ ကစဉ့်ကလျားဖြစ်တတ်တဲ့ ဝေဒနာအချို့ ရှိနေပြီဆိုတာ သေချာသွားပါပြီ။ အဲဒီတော့ မဖြစ်အောင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ…

Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ… ဘာတွေ ဖြစ်နိုင်လဲ။ ဘယ်လို ဖြေရှင်းလို့ ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ… လူတိုင်း စိတ်ဖိစီးမှုတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမယ့် အခုပြောသွားမယ့် Burn out ဖြစ်ခြင်းဆိုတာကတော့ သာမန် စိတ်ဖိစီးမှု ကြုံတွေ့ရခြင်း နှင့် ကွာခြားပါတယ်။ ပိုမို ပြင်းထန်တာကြောင့် ပြင်းထန်လွန်းတဲ့ စိတ်ဖိစီးမှုတစ်မျိုးလို့လည်း ပြောလို့ရနိုင်ပါတယ်။ ဥပမာ - လူတစ်ယောက်အလုပ်ကြိုးစားတာဟာ ကောင်းတဲ့ကိစ္စပါ။ သို့သော် အလုပ်ချိန်ပြင်ပဖြစ်တဲ့ မိုးလင်းတာနဲ့အလုပ်၊ မိုးချုပ်တဲ့အထိလည်း အလုပ်၊ ပိတ်ရက်တွေမှာလည်း အလုပ်… ဒီလိုဆောင်ရွက်တာတွေ ရေရှည်ဖြစ်လာတဲ့အခါမှာတော့ Social Life မရှိတော့သလိုဖြစ်သွားရင်း Burn Out ဆိုတဲ့အရာက ဝင်ရောက်လာနိုင်ပါတယ်။ Burn Out […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ်

အလုပ်ခွင်မှာ အရေးကြီးဆုံးကလေ ညမိုးချုပ်ထိအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ မိုးမလင်းခင်တည်းက လာအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ လူကြီးအမြင်ကြည်အောင်လုပ်ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်း (creativity)နဲ့ လုပ်နိုင်စွမ်း(productivity) ကောင်းဖို့က အဓိကပါပဲ။ ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ် ဒါပေမယ့် ကိုယ့်မှာ အဲ့အပိုင်းကိုပဲ အရင်ကထက်ကျဆင်းလာပြီး စိတ်ဖိစီးမှုတွေပဲ ထမ်းပိုးလာရတယ်ဆို ပုံမှန်မဟုတ်တော့ပါဘူး။ ဒီလိုဆို အမြန်ကုစားဖို့လိုနေပါပြီ။ အလုပ်တွေပိုလုပ်နိုင်လာဖို့က ဘာကိုလိုအပ်မယ်ထင်ပါသလဲ။ အရင်ဆုံး - ကိုယ့်စွမ်းရည်တွေကို အဟန့်အတားဖြစ်နေတဲ့အရာတွေ ဘာတွေရှိမလဲဆိုတာကို ပြန်သုံးသပ်ပါ။ ကိုယ့်အတွေးတွေကို ဆန်းစစ်ပါ ပထမဆုံး ကိုယ့်ခေါင်းထဲပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။ စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် အကျိုးရှိမလာနိုင်တာမို့ ဒါတွေ တွေးမယ့်အစား ဖြေရှင်းဖို့ကို အရင်တွေးပါ။ ရှုထောင့်ပြောင်းပြီး ကောင်းတဲ့ဘက်က […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း