backup og meta

အလေ့အကျင့်ဆိုးတွေကို ဘယ်လိုပယ်ဖျောက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလေ့အကျင့်ဆိုးတွေကို ဘယ်လိုပယ်ဖျောက်မလဲ

    လူဆိုတာမျိုးက တစ်ခါတစ်လေမှာ မသင့်လျော်ဘူးဆိုတဲ့ အပြုအမူမျိုးတွေကိုမှ စွဲစွဲလမ်းလမ်းလုပ်နေမိတတ်ပါတယ်။ ဥပမာ လူရှေ့သူရှေ့မှာ ဆေးလိပ်သောက်မိနေတာမျိုး၊ လူတကာတန်းစီနေချိန်မျိုးမှာ မကြာခဏ ကြားဖြတ်မိတာမျိုး၊ စကားကိုလုပြောနေမိတာမျိုးပေါ့။

    နောက်ပြီး လူရှေ့သူရှေ့မှာ လက်သည်းကိုက်နေမိတာမျိုး၊ အရက်တွေ ဆက်တိုက် သောက်နေမိတာမျိုး၊ ငွေတွေ မလိုအပ်ပဲ အများအပြားသုံးစွဲဖြစ်နေတာမျိုး၊ အချိန်ပြည့် အင်တာနက် သုံးနေမိတာမျိုး၊ တစ်ဖက်သားကို မညှာမတာ ပြောဆိုလေ့ရှိတာမျိုး၊ စသဖြင့်ပေါ့လေ။

    ကိုယ်ကိုယ်တိုင်ကိုက ဒီအပြုအမူတွေက မကောင်းဘူးဆိုတာကို သိနေပေမယ့် မစွန့်လွှတ်နိုင်ပဲ လုပ်နေမိတာမျိုးဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို တားဆီး ဖယ်ရှားကြမလဲ။

    အလေ့အကျင့်ဆိုးတွေဟာ လူတိုင်းဆီမှာ တစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်ကြတာပါပဲ။ ဒီလို မသင့်လျော်တဲ့ အမူအကျင့်တွေဟာ လူတိုင်းရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေကို တားဆီးနေတဲ့ အရံအတားတွေဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း ထိခိုက်နစ်နာမှုတွေများပါတယ်။ အချိန်တွေကုန်မယ်၊ ခွန်အားတွေလည်း နစ်နာဆုံးရှုံးရမယ်။ တကယ်ကို မကောင်းတဲ့အရာပါ။

    ဒီလို အကျိုးမရှိတဲ့ အလေ့အကျင့်ဆိုးတွေကို ဘယ်လို ဖယ်ရှားကြမလဲ။ တားဆီးကြမလဲ။ ထပ်ပြီး မလုပ်ဖြစ်အောင် ဘယ်လို ပြုပြင်ယူကြမလဲ။

    အလေ့အကျင့်ဆိုးတွေကို အတင်းမတားဆီးပါနဲ့၊ အစားထိုးယူပါ

    အကျင့်ဆိုးတွေက လူတွေကို ဆိုးကျိုး ၂ ခုပေးပါတယ်။ စိတ်ဖိစီးမှုနဲ့ ငြီးငွေ့စေတာပါပဲ။ ကိုယ်လုပ်နေတဲ့ အကျင့်ဆိုး အပြုအမူတွေဟာ ကိုယ့်ကို ပိုပို စိတ်ဖိစီးစေ၊ ငြီးငွေ့ပျင်းရိမှုတွေဖြစ်လာစေမှာပါ။

    ဒီလိုအကျင့်ဆိုးတွေကို ဖယ်ရှားဖို့အတွက် နည်းလမ်းကောင်းတွေရှိပါတယ်။ ကိုယ်တိုင်လိုက်နာပြီး သေချာကျင့်သုံးမယ်ဆိုရင် အကျင့်ဆိုးတွေကို ပျောက်ကွယ်သွားအောင် ပြင်ဆင်နိုင်မှာပါ။

    တသက်လုံး အရိုးစွဲလာတဲ့ အကျင့်ဆိုးတွေကို ချက်ခြင်းပျောက်ကွယ်သွားအောင် ဖယ်ရှားပစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲ့ဒီအကျင့်ဆိုးတွေအစား ပိုပြီးကောင်းမွန်တဲ့ အကျင့်တွေနဲ့ တဖြည်းဖြည်းခြင်း အစားထိုးသွားတာက မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လက်သည်းတွေကိုက်နေမိတာ၊ အကြောင်းမရှိပဲ ဆံပင်ကို ဆွဲလိမ်ကျစ်နေတတ်တာ၊ ခုံကို တတောက်တောက်နဲ့ ခေါက်နေတတ်တာ၊ သွားကြိတ်တတ်တာတွေအစား တခြား အာရုံစိုက်စရာအသစ်တွေနဲ့ အစားထိုးကြည့်ပါ။ ခုလို အာရုံလွှဲစရာနဲ့ အစားထိုးပြီး ကုစားတာက အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

    • နောက်ပြီး အလေ့အကျင့်ဆိုးတွေ ဘာကြောင့် ပြုမူမိနေတာလဲ၊ ဘာကြောင့်တွယ်ညိနေတာလဲဆိုတာကို သေသေချာချာတွေးတော့ ဆင်ချင်ကြည့်ပါ။
    • ပြီးရင် ပြောင်းဖို့ အမှန်တကယ်လိုအပ်နေတာက ဘယ်အရာလဲ ဆိုတာကိုလဲ အဖြေရှာပါ။ အကျိုးအကြောင်းသင့်လျော်တဲ့ အကြောင်းပြချက် ဒါမှမဟုတ် အဖြေတစ်ခုခုတော့ ရလာပါလိမ့်မယ်။
    • ပြီးရင် လျော့ချဖို့လိုအပ်တာတွေကို တဖြေးဖြေးခြင်းလျှော့ချပါ။
    • ရည်မှန်းချက် သေးသေးတွေထားပြီး တစ်ဆင့်ခြင်း ပြုပြင်ယူပါ။
    • မကောင်းတာတွေကို ကောင်းတာတွေနဲ့ အစားထိုးယူပါ။
    • ကိုယ်ဘယ်လောက် အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားနိုင်လဲဆိုတာကို ပုံမှန်စောင့်ကြည့်ပါ။

    နောက်ပြီး အောက်က နည်းလမ်းတွေကလည်း သင့်ရဲ့ အကျင့်ဆိုးတွေကို လျော့ချပေးဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

    • ၁။ သင့်လျော်တဲ့ အစားထိုး အလေ့အထမျိုး စိစစ် ရွေးချယ်ပြီး လုပ်ဆောင်ကြည့်ပါ
    • ၂။ အကျင့်ဆိုးတွေ လုပ်လာနိုင်ချေရှိရင် သတိထား ရှောင်ကျဉ်ပါ
    • ၃။ ကိုယ့်လို အကျင့်ဆိုးတွေကို ပြင်ဆင်ချင်နေတဲ့ လူတွေနဲ့ ပူးပေါင်းပြီး အကျင့်ဆိုးဖျောက်ကြည့်ပါ၊ အပြန်အလှန် ဖေးမပါ
    • ၄။ ကိုယ် နေထိုင်ချင်တဲ့ ဘဝမျိုးဖြစ်လာအောင် ဖန်တီးယူပါ
    • ၅။ ဘဝမှာ အောင်မြင်အောင် ကြိုးစားပါ၊ အကျင့်ဆိုးတွေရဲ့ အများစုဟာ စိတ်သောကတွေ၊ စိတ်လှုပ်ရှားမှုကို မြစ်ဖျားခံတတ်တာမို့ အောင်မြင်မှုတွေက ကိုယ့်ရဲ့ စိတ်အခြေအနေကို တိုးတက်စေနိုင်တာမို့ပါ
    • ၆။ ဘဝတစ်ခုလုံးကို ပြောင်းပစ်စရာမလိုပါဘူး၊ ပုံမှန်အတိုင်းဆက်နေပြီးလည်း အကျင့်ဆိုးတွေကို ဖျောက်နိုင်တယ်ဆိုတာကို နားလည်ထားပါ။

    အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေဟာ အလေ့အကျင့်ဆိုးတွေ၊ ဝါသနာဆိုးတွေ တွယ်ညိနေတဲ့ လူတစ်ယောက်ကို ကောင်းကောင်းအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ အလေ့အကျင့်ဆိုးတွေ၊ အပြုအမူဆိုးတွေကို ဖယ်ရှားပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု တည်ဆောက်ကြည့်ဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement