စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

ဒီပရက်ရှင် ဝင်တယ်၊ စိတ်တွေ ကျနေတယ် ဆိုတာကို လူမှုကွန်ရက်တွေမှာ ထမင်းစားရေသောက် ပြောနေကြတာ တွေ့တွေ့နေရပါတယ်။ ဒီလို ပြောရင်း ပုံမှန်နေထိုင်၊ သွားလာ၊ လုပ်ကိုင်နေနိုင်သေးတာတော့ ဝမ်းသာစရာပေါ့လေ။ ဒါပေမယ့် စိတ်ဓာတ်ကျတယ် ဆိုတာ တတ်နိုင်သလောက် စောစော ဖြေရှင်းသင့်တဲ့ အရာပါ။ ပါးစပ်ကသာ ငါ စိတ်ကျရောဂါ ဖြစ်နေပြီလို့ ပြောပြောနေကြပေမယ့် တကယ်တမ်း ကုသဖြေရှင်းဖြစ်တာ နည်းပါတယ်။ ဒီလိုပဲ အဆင်ပြေသွားမှာပါပဲ လို့လေ။ ဒီလိုနဲ့ ... နောက်ပိုင်းမှာ စိတ်ကျ ဝေဒနာ ပြင်းထန်လာရင် အစာစားချင်စိတ် မရှိတော့တာ၊ ပိန်ကျသွားတာ၊ အိပ်မပျော်တော့တာ၊ သတ်သေချင်စိတ် တွေ ဖြစ်လာတာတွေ အထိ ဖြစ်လာတဲ့ အခါ အန္တရာယ် ရှိပါတယ်။ ဒီအဆင့် ကို မရောက်ခင် ကိုယ့်မှာ အန္တရာယ်ရှိတဲ့ လက္ခဏာအဆင့်တွေ ဖြစ်နေပြီလား […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၇) မျိုး

ဒီပရက်ရှင် ဝင်နေပြီ၊ စိတ်ကျ နေပြီဆိုရင် ဘာမှမလုပ်ချင်၊ မတွေးချင်တော့ဘူး။ ဘာကိုမှ စိတ်မပါတော့သလို အစားအသောက် ကိုလည်း ဖြစ်သလို စားတတ်ကြပါတယ်။ ဒီလိုအချိန်မှာ အစာစားချိန် မမှန်တာ၊ အစားအသောက် ရွေးချယ်မှု မှားယွင်းတာတွေကြောင့် စိတ်ကျန်းမာရေး ကို ပိုဆိုးစေနိုင်တာကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အစားအသောက်က ခန္ဓာကိုယ် အတွက်တင် မကဘဲ စိတ်ကျန်းမာရေး အတွက်ပါ သက်ရောက်မှု မသေးဘူး ဆိုတာ သိခဲ့ရတာပါ။ စိတ်ကျ လက္ခဏာ ရှိနေသူတွေဟာ ဒီအစားအစာတွေ စားရင် ပိုဆိုးလာနိုင်ပါတယ် - (၁) အချိုများတဲ့ အစားအသောက် စိတ်ဖိစီး၊ စိတ်ညစ်နေတဲ့အချိန်မှာ အချိုတောင့်တတတ်တယ်လို့ ပြောကြတယ်။ အချိုစားပေးရင် စိတ်ကျဝေဒနာ သက်သာသွားမယ်လို့ ယူဆကြတာကိုး။ အမှန်တော့ အဲဒီအစားအသောက်တွေမှာ ပါတဲ့ သန့်စင်ပြီးသား သကြားတွေက စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ အချိုစားခြင်းက ခဏတာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ဓာတ်ကျခြင်းနဲ့ သက်ဆိုင်သော အမှန်၊ အမှား ယုံတမ်းများ

စိတ်ဓာတ်ကျတယ်၊ စိတ်ဓာတ်ကျတယ်လို့ လူတိုင်းပြောတတ်ကြတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာက အရာရာဆုံးရှုံးလိုက်ရပြီဆိုတဲ့ အတွေးမျိုး စိတ်ထဲမှာ ခံစားမိပြီး စိတ်ရောကိုယ်ပါ ထိခိုက်ခံစားရတာမျိုးပါ။ Depression လို့ခေါ်ဆိုတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာက လူအများအပြားမှာ ဖြစ်နိုင်ခြေရှိပြီးတော့ တချို့တွေအတွက်က ယာယီအားဖြင့်သာဖြစ်ပေမယ့် တချို့တွေအတွက်ကတော့ တကယ့် ကျန်းမာရေးပြဿနာကြီးဖြစ်ပါတယ်။ Depression စနစ်တကျကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာကြီး ဖြစ်ပါတယ်။ စိတ်ခံစားချက်သက်သက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်ပြီး လူတွေအကြားမှာရှိနေတဲ့ ယုံတမ်းစကားတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးရှိပါတယ်။ ဒီအချက်တွေဟာ ဘယ်လောက် မှန်ကန်ပြီး ဘယ်လောက် မှားယွင်းနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။ မှားယွင်းနေသည့် ယုံတမ်းများ Myth: အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ် - စိတ်ဓာတ်ကျတာက လူ ၆ ယောက်မှာ ၁ ယောက်နှုန်းဖြစ်တဲ့ ရောဂါမျိုးပါ။ အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ်ဆိုတာက တစ်ဝက်ပဲမှန်တဲ့ အချက်အလက်ဖြစ်ပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား

အကြောင်းအရာတိုင်း၊ အဖြစ်အပျက်တိုင်း၊ အခြေအနေတိုင်းကို အလွန်အကျွံတွေ ခံစားမိနေတာ၊ အလွန်အမင်းတွေကို Highly Sensitive ဖြစ်တယ်လို့ ခေါ်ပါတယ်။ သံသယလွန်ကဲတာပေါ့။ သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား ။ သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား သံသယလွန်ကဲတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်အပေါ် ရှုမြင်ပုံအပိုင်းမှာ ပြဿနာရှိနေတာဖြစ်ပြီး ဒီလို စိတ်ခံစားချက်မျိုးက Introvert တွေမှာရော Extrovert တွေမှာပါ ရှိနေနိုင်ပါတယ်။ သံသယလွန်ကဲတာဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်ပြိး ပိုမိုဆိုးရွားတဲ့ အနေအထားတစ်ခုမှာ စိတ်ဖိစီးတာ၊ သောကများတာနဲ့ စိတ်ဓာတ်ကျတာလို စိတ်ဝေဒနာတွေ အလွယ်တကူဖြစ်လာနိုင်တာမို့ သတိထားသင့်ပါတယ်။ ကိုယ်ဟာ သံသယလွန်ကဲလွန်းသူဖြစ်နေပြီလားဆိုတာကို အပြုအမူတွေကို ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အပြုအမူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံတွေ၊ တွေးမြင်ပုံတွေဟာ သံသယလွန်ကဲသူဖြစ်နေခြင်းရှိမရှိကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ

ဘဝဆိုတာက အရာရာအဆင်မပြေသလို ပြည့်စုံနေဖို့လည်း မလွယ်ကူပါဘူး။ အမှားတွေ လုပ်မိနိုင်သလို မျှော်လင့်ထားသလို မဖြစ်လာတာတွေလည်း ကြုံရနိုင်ပါတယ်။ လူဆိုတာက အမှားမကင်းဘူးဆိုသလိုပေါ့။ ဒီလို အမှားတွေ ဖြစ်တဲ့အခါ အချို့က ကိုယ့်တာဝန် ကိုယ်ယူ​ကြပေမယ့် အချို့က သူများကို အပြစ်တင်တတ်ကြပါတယ်။ နေ့စဉ်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာလည်း မြင်ဖူးကြမှာပါ။ အရာရာကို ပြစ်တင်​ပြောဆိုနေတတ်သူတွေလေ။ လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ ။ အပြစ်လုပ်လို့ ပြောခံရတာက စိတ်အနှောင့် အယှက် မဖြစ်ပေမယ့် ကိုယ့်အပြစ်မဟုတ်ဘဲ သူမှားနေတာကို ကိုယ့်အပြစ်လို ပြောတာကတော့ အဆင်မပြေတာ အမှန်ပါ။ အပြစ်တင်တာက ဘာတွေဖြစ်လာမလဲ........... ပြစ်တင်ပြောဆိုတာက ကောင်းတဲ့ အလေ့အထမဟုတ်ပါဘူး။ အမှားတွေ့တိုင်း သူတစ်ပါးကိုပဲ အပြစ်တင်မယ်ဆိုရင် ရေရှည်မှာ ဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။ အမှားကင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အ​ကြောင်းအရာ အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် အမှားတွေ၊ လွဲချော်မှုတွေ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင်ဒါလေးတွေလုပ်ကြမယ်

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ glands လေးတွေကနေ ဟော်မုန်း အမျိုးမျိုးကို နေ့စဉ်နဲ့အမျှ ထုတ်နေကြပါတယ်။ အဲဒီဟော်မုန်းလေးတွေက သွေးကြောလေးတွေကနေတစ်ဆင့် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီဟော်မုန်း အမျိုးမျိုးထဲက Happy Hormone လို့ခေါ်နိုင်တဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းလေးတွေ အကြောင်းနဲ့ စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင် ဘာတွေလုပ်ကြမယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။ စိတ်ခံစားချက်ကို ကောင်းမွန်စေသော ဟော်မုန်း လေးများ ၁။ Dopamine Dopamine လို့ခေါ်တဲ့ ဟော်မုန်းလေးကလည်း feel good hormone လို့ တင်စားရလောက်အောင် စိတ်ကို ပျော်ရွှင်ကြည်နူးစေနိုင်တဲ့ ဟော်မုန်းလေးတစ်မျိုးဖြစ်ပါတယ်။ ၂။ Serotonin Serotonin က သင့်ရဲ့ စိတ်ခံစားချက်ကို ကောင်းစေနိုင်ရုံသာမက သင့်ရဲ့ တစ်နေ့တာ အတွက်အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ […]


စိတ်မူမမှန်မှု ပြဿနာများ

မိဘသေဆုံးသွားသော ကလေးများရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ

ကလေး ဆိုလို့ စိတ်ထဲမှာ ဘာမှ ခံစားနေရမှာ မဟုတ်ဘူး။ ဖြစ်ပျက်နေတာတွေကို ဘာမှမသိဘူးလို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့တွေ သိထားတာထက်ကို ကလေးတွေက အရိပ်အခြေနားလည်ပါတယ်။ အိမ်မှာ ကိစ္စတစ်ခုခုဖြစ်ရင် လူကြီးတွေ ကလေးတွေလည်း  ခံစားရတတ်ပါတယ်။ ဒီထဲမှာ ကိုယ်နှစ်သက်တဲ့ တစ်ယောက်ယောက်  သေဆုံးသွားတာလည်း ပါပါတယ်။ ဒီတစ်ခေါက်တော့ မိဘသေဆုံးသွားသော ကလေးများရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ မိဘသေဆုံးသွားသော ကလေးများရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ မနေ့က လူမှုကွန်ယက်မှာ ဖခင်က ကြိုးဆွဲချပြီး သတ်သေတာကို live လွှင့်ပြီး အရွယ်မရောက်သေးတဲ့ ကလေးတွေကို စောင့်ကြည့်ခိုင်းတာပါ။ ဒီကိစ္စမှာ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာကို မပြောလိုပါဘူး။ အဓိက ဆွေးနွေးချင်တာက ဒါကို မြင်လိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ပါ။ လူကြီးတွေကတော့ ထင်မှာပဲ။ ကလေးတွေက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Delusion အမျိုးအစားများအကြောင်း

Delusion ဆိုတာကတော့ တစ်ခုခုကို မှားယွင်းပြီး ထင်ယောင်ထင်မှား ယုံကြည်နေတတ်တဲ့ အတွေးအခေါ်နဲ့ စိတ်ခံစားချက်ဆိုင်ရာ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ရဲ့ ထင်ယောင်ထင်မှား ယုံကြည်ထားတဲ့ ယုံကြည်ချက်တစ်ခုကို အကျိုးသင့်အကြောင်းသင့်၊ နည်းလမ်းကျကျ ရှင်းပြလည်း လုံးဝလက်မခံဘဲ ဇွတ်ယုံကြည်နေတာမျိုးဖြစ်ပါတယ်။ Delusion အမျိုးအစားများအကြောင်း လေ့လာလိုက်ရအောင်နော်။ Delusional disorder, Schizophrenia (စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါ) ၊ bipolar disorder (စိတ်အတက်အကျ မမှန်သောရောဂါ)၊ depression (စိတ်ကျရောဂါ) စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အခြားသော ကျန်းမာရေးအခြေအနေတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်ရတဲ့ အချက်လေးတွေ၊ ယုံကြည်ရာတွေ ရှိပါတယ်။ အဲဒီယုံကြည်ချက်တိုင်းကို delusionလို့မခေါ်ပါဘူး။ ယုံကြည်ချက်တွေက fixed and False ဖြစ်နေပြီး အကျိုးကြောင်း၊ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ ဆိုတာက FA တွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့ အိမ်ထောင်ပြုတာ၊ ရင်သွေးရတနာ ရယူတာတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်တဲ့။ လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာပျော်ရွှင်မှုအကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာနေခဲ့ကြတာ ကြာမြင့်နေပါပြီ။ ပျော်ရွှင်ဖို့ ဘာတွေလိုအပ်မလဲ၊ စိတ်ချမ်းသာဖို့ ဘာတွေ လိုအပ်မလဲပေါ့။ ခုချိန်မှာလည်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီအချက်ကို စနစ်တကျ လေ့လာမှုတွေပြုလုပ်ပြီး ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ လူပေါင်း တစ်သောင်းခွဲလောက်ကို ၁၄ နှစ်ကြာအောင် စောင့်ကြည့် သုတေသနပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ နေပျော်စေဖို့ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနေစေဖို့ဆိုရင် မိသားစုဘဝရှိဖို့၊ အိမ်ထောင်သားမွေးမှုပြုဖို့လိုအပ်တယ်လို့ အဆိုပါသုတေသနအစီရင်ခံစာက ဖော်ပြထားပါတယ်။ အဆိုပါ ဆစ်ဒနီမြို့အခြေစိုက် သိပ္ပံပညာရှင်တွေရဲ့ အဆိုတွေအရဆိုရင်တော့ ဘဝနေထိုင်မှုပုံစံတွေ၊ မိသားစု ရှိခြင်း မရှိခြင်းတွေဟာ လူသားတစ်ယောက်ရဲ့ ရေရှည် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသအကြောင်း တစေ့တစောင်း

ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒေါသကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ရင်တော့ ငြင်းခုန်ဆွေးနွေးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ အလွဲသုံး စားမှုတွေကနေ ပြစ်မှုကျူးလွန်မှုတွေ နဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်း တွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒေါသအကြောင်း တစေ့တစောင်း လေ့လာဦးစို့နော်။ ဒေါသအကြောင်း တစေ့တစောင်း ဒေါသနဲ့ မကင်းနိုင်ကြသူတိုင်းဟာ ဒေါသအကြောင်း တစေ့တစောင်း လေ့လာထားတာ မမှားပါဘူး။ ဒေါသဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်လဲ ဒေါသဖြစ်လာရင် အဒရီနယ်လင်းနဲ့ ကော်တီစောဟော်မုန်း ထွက်ပါတယ်။ ဦးနှောက်ရဲ့ သွေးလည်ပတ်မှုတွေဟာ နှလုံးဆီကို ဦးတည်သွားစေပြီးတော့ နှလုံးခုန်မြန်လာမယ်။ သွေးပေါင်ချိန်နဲ့ အသက်ရှူနှုန်းတွေ မြင့်တက်လာမယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး‌ ချွေးထွက်လာမယ်။ စိတ်အစဉ်ဟာ စူးရှလာပြီး ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းကိုပဲ အာရုံစိုက် စေလာပါတယ်။ ကျန်းမာရေးပြဿနာတွေကတော့ ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်လာမှာပါ။ နာတာရှည် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း