လုပ်ငန်းခွင်ထဲမှာ ဒီလိုပြစ်တင်ပြောဆိုတာမျိုး အများကြုံရနိုင်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ကိုယ်တကယ်မှားမနေဘူးဆိုရင် ရှင်းပြပါ။ စိတ်ဓာတ်မကျဘဲ အကောင်းဆုံး ဆက်ကြိုးစားပါ။ အလုပ်နဲ့ သက်သေပြတာက အကောင်းဆုံး နည်းလမ်းဖြစ်မှာပါ။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့
တစ်ခါတစ်လေမှာ လူတွေ အပြစ်တင်ပြောဆိုကြတာက သူတို့ကိုယ် သူတို့ ကာကွယ်ချင်စိတ်ကြောင့်ပါ။ သူတို့က အပြစ်ကင်းပြီး ပြီးပြည့်စုံတဲ့ သူတေါဖြစ်ချင်ကြပါတယ်။ ဒီတော့ အမှားတစ်ခုခု ကြုံရတဲ့အခါ သူရဲ့ ပြည့်စုံမှု အများကင်းမှုကို ကာကွယ်ချင်တဲ့စိတ်နဲ့ အခြားသူကို လက်ညှိုးထိုး အပြစ်တင်ပါတော့တယ်။
ဒါက စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းတဲ့သဘောပါ။ ဒီအခြေအနေကို အကောင်းဆုံး ကျော်လွှားဖို့ဆိုရင် ကိုယ့်ဘက်က အချက်အလက်သေချာပြင်ဆင်လို့ အမှားကင်းကြောင်းကို သက်သေပြနိုင်ဖို့ ပြင်ဆင်ထားပါ။ နောက်ထပ် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်း တစ်ခုက ခွင့်လွှတ်ပေးလိုက်တာပါ။
အလွယ်ကူဆုံး နည်းလမ်းဖြစ်နေလို့
အချို့က သူများကို အပြစ်တင်လိုက်တာက ပြဿနာတစ်ခုခုကို ဖြေရှင်းတဲ့ အလွယ်ကူဆုံး နည်းလမ်းလို့ မှတ်ယူထားတဲ့ အတွေးကြောင့် အပြစ်တင်တာပါ။ ကိုယ့်အပြစ်ကို သူများကို လွှဲချတဲ့ သဘောမျိုးပေါ့။
အပြစ်တင်ခံရတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ………….
ကိုယ်မမှားဘဲ အပြစ်တင်ခံရတာကို တောင်းပန်တာမျိုး မလုပ်ဖို့ပြောပါရစေ။ ဒီလို တောင်းပန်လိုက်ခြင်းက ကိုယ်တိုင်မှာ နစ်နာရသလို အပြစ်တင်သူမှာလည်း နစ်နာမှု ဖြစ်ရပါတယ်။ ဒီတော့ အမှားမလုပ်ဘဲ အပြစ်တင်ခံရတဲ့အခါ
အသက်ကို ဝဝရှူပါ
ပြန်လည်မတုံ့ပြန်ခင်မှာ ကိုယ့်ဘက်က အမှားကင်းစေဖို့ အမှားလုပ်တတ်တာပဲဆိုတဲ့ အမြင်မျိုး ကင်းစေဖို့ အသက်ကို ဝဝရှူလိုက်ပါ။ ပြီးရင် စိတ်ကို အတည်ငြိမ်ဆုံးလုပ်ပြီး ပြဿနာကို အမှားမပါဘဲ ရှင်းပြနိုင်ဖို့ ကြိုးစားပါ။ ပုတ်ခတ်ပြောဆိုတာတွေ မပါစေပါနဲ့။
အမှားမလုပ်ထားကြောင်း ရှင်းပြတဲ့အခါ စိတ်ရှုပ်ထွေးနေတာ၊ ကြောက်ရွံ့နေတာ၊ ယုံကြည်မှု မရှိတာမျိုး မဖြစ်စေဖို့ပါ။
အခွင့်အရေးလို့ သတ်မှတ်ပြီး သင်ယူပါ
အပြစ်တင်ခံရမှုက အရမ်းမပြင်းထန်ဘူး၊ ထိခိုက်မှု တစ်စုံတစ်ရာလည်း မဖြစ်ဘူးဆိုရင် သင်ပေးတယ်။ သင်ခန်းစာ အသစ်ရတယ်လို့ ယူဆပြီး နောက်တစ်ခါ အပြစ်ထောက်ပြောဆိုခံရလောက်တဲ့ အနေအထားမျိုး မဖြစ်အောင် ဂရုစိုက်ပါ
မသေချာရင်တော့ တောင်းပန်တဲ့နည်းကို ကျင့်သုံးပါ
တစ်ခါတစ်လေမှာ ကိုယ်က အမှားမှန်းမသိဘဲ လုပ်လိုက်မိတဲ့ အပြုအမူမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ်က မှားလို့ အပြစ်တင်ခံရတာလား။ သူ့အမှားကြောင့် အပြစ်တင်ခံရတာလား မသဲကွဲဘူးဆိုရင် ချက်ချင်းတုံ့ပြန်ဖို့ ခက်ခဲပါမယ်။ ဒီလို အနေအထားမှာ အကောင်းဆုံးက အရင်ဆုံး တောင်းပန်လိုက်ပါ။ ပြီးရင် ပြန်ဆန်းစစ်ပြီး သေချာရှင်းပြဖို့ ပြင်ဆင်ပါ။
စိတ်အားထက်သန်စွာ နေပါ
ပြစ်တင်ပြောဆိုခံရတဲ့အခါ ပြစ်တင်ပြောဆိုခံရမှုကို စိတ်ထဲ ထားမနေဘဲ လုပ်ရမယ့် တာဝန်တွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်လိုက်ပါ။ အပြစ်ပြောတဲ့သူက မှားနေတယ်ဆိုတာမျိုး ပြသနိုင်လောက်တဲ့အထိ အလုပ်ကို သေသေချာချာလေးနဲ့ စိတ်အားထက်သန်စွာ လုပ်ဆောင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။