backup og meta

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ ဆိုတာက FA တွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့ အိမ်ထောင်ပြုတာ၊ ရင်သွေးရတနာ ရယူတာတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်တဲ့။

    လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာပျော်ရွှင်မှုအကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာနေခဲ့ကြတာ ကြာမြင့်နေပါပြီ။ ပျော်ရွှင်ဖို့ ဘာတွေလိုအပ်မလဲ၊ စိတ်ချမ်းသာဖို့ ဘာတွေ လိုအပ်မလဲပေါ့။

    ခုချိန်မှာလည်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီအချက်ကို စနစ်တကျ လေ့လာမှုတွေပြုလုပ်ပြီး ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ လူပေါင်း တစ်သောင်းခွဲလောက်ကို ၁၄ နှစ်ကြာအောင် စောင့်ကြည့် သုတေသနပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။

    လူတစ်ယောက်ရဲ့ ဘဝမှာ နေပျော်စေဖို့ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနေစေဖို့ဆိုရင် မိသားစုဘဝရှိဖို့၊ အိမ်ထောင်သားမွေးမှုပြုဖို့လိုအပ်တယ်လို့ အဆိုပါသုတေသနအစီရင်ခံစာက ဖော်ပြထားပါတယ်။

    အဆိုပါ ဆစ်ဒနီမြို့အခြေစိုက် သိပ္ပံပညာရှင်တွေရဲ့ အဆိုတွေအရဆိုရင်တော့ ဘဝနေထိုင်မှုပုံစံတွေ၊ မိသားစု ရှိခြင်း မရှိခြင်းတွေဟာ လူသားတစ်ယောက်ရဲ့ ရေရှည် ပျော်ရွှင်မှုအပေါ်မှာ ကောင်းကောင်းကြီး သက်ရောက်နိုင်ပါတယ်တဲ့။

    လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အဓိကအားဖြင့် သက်ရောက်နိုင်တဲ့အရာတွေက အိမ်ထောင်ပြုတာ၊ ကလေးယူတာ၊ အိမ်ထောင်ကွဲတာ၊ ငွေကြေးနဲ့ နေရာထိုင်ခင်း ပြောင်းရွှေ့ရတာတွေလို အရာတွေပါပဲ။ ဒီအချက်တွေဟာ မထင်မှတ်ထားပဲ လူတွေရဲ့ စိတ်အာရုံထဲမှာ အဓိကကျနေတတ်ပါတယ်။

    ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းဟာ လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာ စိတ်ပျော်ရွှင်ကျေနပ်မှုကို စိတ်ခံစားချက် (Emotion) နဲ့ ကျေနပ်ပျော်ရွှင်ခြင်း (Pleasure) တို့လို အချင်းအရာတွေနဲ့ တန်ဖိုးဖြတ်တတ်ကြတယ်လို့ ဆိုပါတယ်။

    လူ့စိတ်ဟာ ကိစ္စတိုင်းကို ထိရောက်မှု၊ ထင်သာမြင်သာရှိမှုတွေနဲ့ တိုင်းတာလေ့ရှိပြီး အဲ့ဒီကနေတဆင့် စိတ်ခံစားချက်တွေ၊ ကျေနပ်ပျော်ရွှင်မှုတွေကို ခံစားလာရတာပါ။

    ဥပမာပေးရမယ်ဆိုရင် ရိုလာကိုစတာစီးတာဟာ အခိုက်အတန့်အားဖြင့် စိတ်ကျေနပ်မှုပေးနိုင်ပေမယ့် တွေးတောမှုအပိုင်းမှာတော့ ဘာမှသက်ရောက်မှုမရှိပါဘူး။ အလုံးစုံသော ထင်သာမြင်သာမှုလည်း ရှိမလာတော့ပါဘူး။

    ဒီတော့ တစ်ဘဝလုံးစာ စားမြုံ့ပြန်ခံစားနေရတဲ့ ခံစားချက်မျိုးကို မပေးနိုင်တော့ဘူးပေါ့။ ဒီလိုအမှတ်ရမှုမျိုးကို မပေးနိုင်တဲ့အခါ အမြဲတမ်းရနေမယ့် ကျေနပ်ပျော်ရွှင်မှုမျိုးကို မဖန်တီးနိုင်ပါဘူး။ ဒါကြောင့် ရေရှည်ဆန်တဲ့ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်မှုမျိုးကို မဖြစ်လာစေဘဲ အခိုက်အတန့်သာ ကျေနပ်မှုရစေရုံပဲဖြစ်စေမှာပါ။

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ လို့ ပြောရတာက အခုလို တွေ့ရှိချက်ကြောင့်ပါ။ လူတွေကို အပျော်ရွှင်နိုင်စေဆုံးအရာတွေကတော့ အိမ်ထောင်ပြုတာ၊ ကလေးမွေးဖွားတာနဲ့၊ ငွေကြေးတွေပဲလို့ ဆိုပါတယ်။ ဒီလိုကိစ္စမျိုးတွေကတော့ အချိန်ကြာကြာ ပျော်ရွှင်နေစေနိုင်ပါတယ်တဲ့။

    အထူးသဖြင့် အမျိုးသမီးတွေအတွက်ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်းတွေဟာ တစ်ဘဝလုံးမှာ အမှတ်ရနေမယ့် ကျေနပ်ပျော်ရွှင်ခြင်းတစ်မျိုးလို့ ဆိုပါတယ်။

    အိမ်ထောင်ပြုတာ၊ အလုပ်ကနေ အနားယူတာနဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်တာကလည်း သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာပါ။

    ဒါပေမယ့် အိမ်ထောင်ပြုတယ်၊ မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။

  • ဘယ်အချိန်မှာ အိမ်ထောင်ပြုမှာလဲ၊
  • မိသားစုကို ဖြည့်ဆည်းထောက်ပံ့ဖို့ ကြိုတင်ပြင်ဆင်ထားပြီးပြီလား၊
  • အိမ်ထောင်ပြုပြီးရင် ကလေးယူမှာလား၊
  • ဘယ်နှစ်ယောက်လောက်ယူမှာလဲ၊
  • ကိုယ်ဝန် မလိုချင်ဘူးဆိုရင် ဘယ်လိုနည်းတွေနဲ့ တားရမလဲ၊ စတာတွေပေါ့။
  • အိမ်ထောင်ပြုရင် မိသားစုဘဝတစ်ခုဖန်တီးတည်ဆောက်နိုင်ရင် စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့အတွက် အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် အိမ်ထောင်ပြုပြီးမှ အဆင်မပြေမှုတွေကြောင့် စိတ်ဆင်းရဲနေရတာမျိုးမဖြစ်ဖို့လည်း လိုအပ်ပါတယ်။

    ဒီလိုဆိုရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်တာကိုလည်း သုတေသနပြုလုပ်ခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက သတိပေးထားပါသေးတယ်။

    နောက်ပြီး သုတေသနအကြောင်းပြန်ဆက်ရမယ်ဆိုရင် ဆုံးရှုံးမှု၊ ဝေးကွာမှုနဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်စိတ်တွေကတော့ လူတွေကို ကာလရှည်ကြာ စိတ်ဆင်းရဲစေနိုင်တယ်လို့ ဆိုထားပါတယ်။

    အခွင့်အလမ်း အရာဝတ္ထုနဲ့ လူပုဂ္ဂိုလ်တွေကို ဆုံးရှုံးရတာမျိုး၊ မိသားစုဝင်တွေ ချစ်သူခင်သူတွေနဲ့ ဝေးကွာပြီး အထီးကျန်နေတာမျိုးတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်လာတဲ့ စိုးရိမ်ပူပန်စိတ်တွေဟာ တခြားအရာတွေထက်ပိုပြီး စိတ်ရောကိုပါ ပင်ပန်းဆင်းရဲမှုကို ကြုံရစေပါတယ်။

    ဒီပြဿနာတွေကြောင့် တခြားပြဿနာတွေထက် အချိန်ပိုကြာကြာ စိတ်ဆင်းရဲနေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement