Depression လို့ခေါ်ဆိုတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာက လူအများအပြားမှာ ဖြစ်နိုင်ခြေရှိပြီးတော့ တချို့တွေအတွက်က ယာယီအားဖြင့်သာဖြစ်ပေမယ့် တချို့တွေအတွက်ကတော့ တကယ့် ကျန်းမာရေးပြဿနာကြီးဖြစ်ပါတယ်။
Depression စနစ်တကျကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာကြီး ဖြစ်ပါတယ်။ စိတ်ခံစားချက်သက်သက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်ပြီး လူတွေအကြားမှာရှိနေတဲ့ ယုံတမ်းစကားတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးရှိပါတယ်။ ဒီအချက်တွေဟာ ဘယ်လောက် မှန်ကန်ပြီး ဘယ်လောက် မှားယွင်းနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။
မှားယွင်းနေသည့် ယုံတမ်းများ
- Myth: အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ် – စိတ်ဓာတ်ကျတာက လူ ၆ ယောက်မှာ ၁ ယောက်နှုန်းဖြစ်တဲ့ ရောဂါမျိုးပါ။ အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ်ဆိုတာက တစ်ဝက်ပဲမှန်တဲ့ အချက်အလက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ အလုပ်အများကြီးလုပ်ရရင် စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာလည်း အလုပ်လုပ်နေရတာက စိတ်သက်သာစရာ ဖြစ်နေတတ်တာမျိုးကိုလည်း မမေ့သင့်ပါဘူး။
- Myth: တကယ့်ရောဂါမဟုတ်ဘူး – စိတ်ဓာတ်ကျတာက တကယ့် ကျန်းမာရေးပြဿနာကြီးသာဖြစ်ပါတယ်။ ရောဂါမဟုတ်ဘူး၊ စိတ်ခံစားချက်သက်သက်ဆိုတာကြီးက မှားပါတယ်။
- Myth: စိတ်ဓာတ်ကျတာက သနားစရာကောင်းတယ် – နိုင်ငံတိုင်းက ယဉ်ကျေးမှုနဲ့ ဓလေ့တွေမှာ စိတ်ဓာတ်ကျတာကို အခြေအနေပိုဆိုးသွားစေနိုင်တဲ့ ယူဆချက်တွေ ရှိနေတတ်ပါတယ်။ ခုလို စိတ်ဓာတ်ကျနေသူတစ်ယောက်ကို သနားစရာသတ္တဝါတစ်မျိုးအဖြစ် ရှုမြင်တာမျိုးပေါ့။
- Myth: တစ်သက်လုံး ဆေးသောက်ရတော့မယ် – စိတ်ဓာတ်ကျဆင်းမှုအတွက် ဆေးခန်းပြတာဟာ ဆေးဝါးတောင်းဆိုဖို့အတွက် မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးပညာရှင်တွေကလည်း အမြဲဆေးတွေပေးနေမှာ မဟုတ်ပါဘူး။ ဒီပြဿနာက စိတ်ကုထုံးတွေနဲ့ ကုသရတာများပါတယ်။
- Myth: စိတ်ဓာတ်ကျရင် အမြဲငိုနေတော့တာပဲ – အရမ်းစိတ်ဓာတ်ကျတဲ့လူတွေဟာ မကြာခဏ ငိုကြွေးတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပဲ အလိုအလျောက် ငိုကြွေးစေတဲ့ ကျန်းမာရေးပြဿနာတွေ အများကြီးရှိနေပါသေးတယ်။
- Myth: စိတ်ဓာတ်ကျတာဟာ အိုမင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း – လူတစ်ချို့က စိတ်ဓာတ်ကျတာက အိုမင်းရင့်ရော်လာတာရဲ့ နိမိတ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တမ်းမှာက စိတ်ဓာတ်ကျခြင်းကို လူငယ်တွေလည်း ခံစားရလေ့ရှိပါတယ်။
- Myth: အကြံပေးရင် ပိုဆိုးစေတယ် – စကားတွေ အများကြီးပြောရင် အမှားတွေပါတတ်ပြီး တစ်ဖက်လူကို စိတ်ဓာတ်ပိုကျသွားစေနိုင်တယ်ဆိုတာကလည်း မှားယွင်းပါတယ်။ တကယ်တော့ စိတ်ဓာတ်ကျနေတဲ့လူတွေ့ရင် စကားတွေပြောပေးပြီး သူ့ကို အားပေးရမှာပါ။
- Myth: ကလေးတွေ မပျော်တာ သဘာဝကြောင့် – တချို့ကလေးတွေဟာ မပျော်မရွှင်ဖြစ်နေတတ်ပေမယ့် မိဘတွေ လူကြီးတွေက စိတ်ဓာတ်ကျနေတာလို့ မတွေးမိတတ်ပါဘူး။ သဘာဝအတိုင်း လူငယ်ကိစ္စတွေကြောင့် စိတ်ညစ်နေရုံလို့ ခပ်လွယ်လွယ် တွေးလိုက်ကြပါတယ်။ တကယ်တော့ စိတ်ဓာတ်ကျနေတာဖြစ်နိုင်ပါတယ်။
- Myth: စိတ်ဓာတ်ကျရင် ကုရခက်တယ် – စိတ်ဓာတ်ကျတာကို ကုစားလို့ရပါတယ်။ National Institute of Mental Health ရဲ့ ဖော်ပြချက်အရ စိတ်ဓာတ်ကျတဲ့ လက္ခဏာပြသတဲ့ လူနာ ၇၀% လောက်ဟာ ကုသပျောက်ကင်းသွားကြပါတယ်တဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။