မိဘသေဆုံးသွားသော ကလေးများရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ
မနေ့က လူမှုကွန်ယက်မှာ ဖခင်က ကြိုးဆွဲချပြီး သတ်သေတာကို live လွှင့်ပြီး အရွယ်မရောက်သေးတဲ့ ကလေးတွေကို စောင့်ကြည့်ခိုင်းတာပါ။ ဒီကိစ္စမှာ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာကို မပြောလိုပါဘူး။ အဓိက ဆွေးနွေးချင်တာက ဒါကို မြင်လိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ပါ။ လူကြီးတွေကတော့ ထင်မှာပဲ။ ကလေးတွေက ဆော့ရင်းပြုရင်း မေ့သွားမှာပါလို့။ ဒါပေမယ့် ကလေးတွေက မှတ်ဉာဏ်ကောင်းတာကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါဟာ သူတို့အတွက် စိတ်ဒဏ်ရာပါ။ Posttraumatic stress disorderလို့ ခေါ်တဲ့ မကောင်းတဲ့ အဖြစ်အပျက်တစ်ခုခုကို မျက်မြင်ကြုံလိုက်ရပြီးနောက် စိတ်ဒဏ်ရာဖြစ်ပြီး ကျန်ခဲ့မှာပါ။
ကလေးတိုင်းက PTSDနဲ့ ကြုံနိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြုံခဲ့ရင်၊ ဒါကို အနီးကပ်နေသူက သေချာ ဂရုမစိုက်မိလိုက်ဘူးဆိုရင် ဒီကလေးက ဘဝတစ်လျှောက်လုံး ထိခိုက်နေမှာပါ။
ကလေးတွေအတွက် သူချစ်ခင်တဲ့သူ ရိုးရိုး သေဆုံးသွားတာနဲ့ ရုတ်တရက် ဒါမှမဟုတ် ကြောက်လန့်ဖွယ် အခြေအနေတစ်ခုမှာ သေဆုံးသွားတာနဲ့ မတူပါဘူး။ ကလေးက သူ့မျက်စိရှေ့မှာ သူချစ်ခင်တဲ့သူ ပုံမှန်မဟုတ်တဲ့ သွေးပျက်ဖွယ် အနေအထားနဲ့ သေဆုံးသွားခဲ့ရင် အဲ့ကလေးက Traumatic grief ဆိုတာကို ခံစားရပါတယ်။ မနေ့က ကိစ္စမှာဆိုရင် အဖေ ကြိုးဆွဲချ သေဆုံးတာကို မျက်မြင်တွေ့လိုက်ရတဲ့ ကလေးတွေရဲ့ အနေအထားပေါ့။ Childhood traumatic griefလို့ ခေါ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။