backup og meta

ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းတို့ သူရဲကောင်း သုံးယောက် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ပျော်ရွှင်ခြင်းအကြောင်း

ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းတို့ သူရဲကောင်း သုံးယောက် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ပျော်ရွှင်ခြင်းအကြောင်း

နေ့စဉ်ပျော်ရွှင်နေစေဖို့ …မနက်မိုးလင်း အိပ်ရာထကတည်းက ညအိပ်ရာဝင်တဲ့အချိန်အထိ အလုပ်တွေကို အင်တိုက်အားတိုက်နဲ့ စူးစူးစိုက်စိုက် လုပ်နိုင်ဖို့ဆိုရင် စွမ်းအားတွေ ပြည့်ဝနေမှ ရမှာပါ။ အိပ်ရာထထချင်းမှာ လန်းဆန်းနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ထဲမှာအင်အားတွေ ကျလာတာ၊ စိတ်တွေ ရှုပ်ထွေးပြီး ဖိစီးလာတာက သဘာဝဆိုပေမယ့် ဒီလိုမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။

နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ပါဘူး။ ကိုယ်ကျန်းမာပေမယ့် စိတ်ရှုပ်ထွေး၊ စိတ်ကြည်နေရင်တောင် ကိုယ်မကျန်းမာ တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေတာဆိုတော့ အားအင်အပြည့်ရဖို့ ခက်ခဲတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ကိုယ်ရော စိတ်ပါ ကျန်းမာ ကြည်လင် ပျော်ရွှင်မှုအတွက် အသင့်ဖြစ်နေအောင် ဒီအာဟာရသုံးမျိုးကို ဖြည့်တင်းထားမယ်ဆိုရင်တော့ သက်လုံကောင်းနေမှာ အမှန်ပါပဲ။

ကိုယ်ရော စိတ်ပါ ကျန်းမာအောင် ကူညီပေးမယ့် သူရဲကောင်း သုံးယောက်

နေ့ရက်တိုင်းမှာ ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့၊ အာရုံစူးစိုက်စေဖို့ဆိုရင် ကိုယ်စားတဲ့ အာဟာရတွေက

ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ အာဟာရဓာတ်တွေကတော့ အားလုံးသိထားပြီးဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းပဲ ဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့ အကျိုးကျေးဇူးတွေကို ပြန်ကြည့်ရအောင်။

ဗီတာမင်ရဲ့ အစွမ်းသတ္တိများ

ဗီတာမင်အမျိုးအစားပေါင်း အများကြီး ရှိတဲ့အထဲကမှ ကိုယ်ရော စိတ်ပါ ကျန်းမာစေတဲ့ ဗီတာမင်တွေကို ဥပမာ ပေးရမယ်ဆိုရင်

  • ဗီတာမင် အေ – အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပြီး အရေပြားကို ကျန်းမာစေပါတယ်။ အရေပြားကနေ၊ အပေါ်ယံ အမြှေးပါးအလွှာ Mucosaကနေ ပိုးတွေဝင်မလာအောင် တားဆီးပေးပါတယ်။
  • ဗီတာမင် B1 –  စားလိုက်သမျှ ကာဘိုဟိုက်ဒရိတ်ကို စွမ်းအင်အဖြစ်ပြောင်းပေးပါတယ်။ နှလုံးနဲ့ အာရုံကြောဆဲလ်တွေကို ကျန်းမာစေပါတယ်။
  • ဗီတာမင် B12 – သွေးနီဥတွေကို ထုတ်ပေးပြီး အာရုံကြောကိုလည်း ကျန်းမာစေပါတယ်။
  • ဗီတာမင် B2 – ခန္ဓာကိုယ်ကို ကြီးထွားစေပြီး သွေးနီဥတွေကို ထုတ်စေပါတယ်။
  • ဗီတာမင် B3 – အရေပြားကို ကျန်းမာစေပြီး အာရုံကြောတွေကို အားကောင်းစေပါတယ်။
  • ဗီတာမင် B5 – အစာတွေကနေ စွမ်းအင်ကို ပြောင်းလဲပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်စေပါတယ်။
  • ဗီတာမင် B6 – ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းတွေကို ထုတ်လုပ်ပေးပါတယ်။ သွေးနီဥတွေကို ဖြစ်ပေါ်စေသလို ဦးနှောက်စွမ်းရည်ကိုလည်း တက်စေပါတယ်။
  • ဗီတာမင် စီ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ သံဓာတ်ကို ကူညီစုပ်ယူပေးပါတယ်။ အနာကျက်မြန်စေပါတယ်။
  • ဗီတာမင် ဒီ – အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများအတွက် ဗီတာမင်ဒီကို လိုအပ်ပါတယ်။
  • ဗီတာမင် အီး – ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး စိတ်ဖိစီးမှုတွေကို တွန်းလှန်ပေးပါတယ်။
  • ဖောလစ်အက်စစ် – ဗီတာမင် B12နဲ့ ပေါင်းပြီး သွေးနီဥတွေကို ထုတ်ပေးပါတယ်။ ဆဲလ်တွေ၊ တစ်ရှူးတွေကို ကြီးထွားစေပါတယ်။

ဒီဗီတာမင်တွေ ပြည့်ဝချင်တယ်ဆိုရင်တော့ နေ့စဉ် အာဟာရမျှတအောင် စားဖို့ လိုပါတယ်။ နေရာင်ခြည်ခံဖို့ လိုပါတယ်။

သတ္တုဓာတ်ရဲ့ ကောင်းကျိုးများ

အောက်က သတ္တုဓာတ်တွေကတော့ ခွန်အားပြည့်ပြီး လန်းဆန်းကြည်လင်စေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တွေပဲ ဖြစ်ပါတယ်။

  • ကယ်ဆီယမ် – အရိုးနဲ့ သွား၊ ကြွက်သားများ ကျန်းမာရေးအတွက် လိုအပ်ပါတယ်။ သွေးတိတ်စေဖို့ လိုအပ်တဲ့ ဓာတ်လည်း ဖြစ်ပါတယ်။ ခုခံအားကိုလည်း တိုးတက်စေပါတယ်။
  • ကော့ပါး – သံဓာတ်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
  • သံဓာတ် – သွေးနီဥတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ စွမ်းအင်ထုတ်လုပ်ပေးနိုင်ပါတယ်။
  • မဂ္ဂနီဆီယမ် – ပရိုတိန်းတွေကို ထုတ်ပေးပါတယ်။ အရိုးနဲ့ ကြွက်သားကို သန်စွမ်းစေပါတယ်။ ခုခံအားကို တက်စေပါတယ်။
  • ဖော့စဖောရိတ် – ဆဲလ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။
  • ပိုတက်စီယမ် – ခန္ဓာကိုယ်ထဲက အရည်တွေ မျှတဖို့၊ အာရုံကြောတွေ အလုပ်လုပ်နိုင်ဖို့၊ ကြွက်သားတွေ ကောင်းကောင်းကျုံ့ဆန့်နိုင်ဖို့ လိုအပ်ပါတယ်။
  • မဂ္ဂနိစ် – ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်ဇိုင်းတွေကို ထုတ်ပေးပါတယ်။
  • ဇင့် – ဆဲလ်တွေ အလုပ်လုပ်ဖို့ လိုအပ်တဲ့ အင်ဇိုင်းတွေ၊ ပရိုတိန်းတွေကို ဖြစ်စေပါတယ်။ ခုခံအားကို တက်စေပြိး အနာကျက်မြန်စေပါတယ်။

သတ္တုဓာတ်တွေဟာ ပမာဏအနည်းငယ်သာလိုအပ်တဲ့ micronutrientsတွေ ဖြစ်ပေမယ့် ချို့တဲ့ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေ ဟန်ချက်ပျက်သွားနိုင်တာကြောင့် ပြည့်ဝအောင် စားသောက်ပေးဖို့ လိုပါတယ်။

ဂျင်ဆင်း

ဂျင်ဆင်းဟာ စျေးကွက်ထဲမှာ တန်ဖိုးမြင့်တဲ့ ဆေးဖြစ်သလို အကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။ ဒီထဲကမှ သိပ္ပံနည်းကျ အသိအမှတ်ပြုထားတဲ့ ကောင်းကျိုးတွေကတော့

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါရှိတာကြောင့် ဆဲလ်တွေ ရောင်ရမ်းပျက်စီးခြင်းကို သက်သာစေပါတယ်။
  • ဦးနှောက်စွမ်းရည်ကို ကောင်းစေပါတယ်။
  • အမျိုးသားတွေမှာ လိင်တံထောင်မတ်နိုင်စွမ်းကို ပိုအားကောင်းစေပါတယ်။
  • ခုခံအားကို တက်စေပါတယ်။
  • ကင်ဆာဆဲလ်တွေ ပွားတာကို ကာကွယ်ပေးပါတယ်။
  • ပင်ပန်းမှုကို သက်သာစေပြီး ခွန်အားကို တိုးစေပါတယ်။
  • သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။

ဂျင်ဆင်းဟာ ဒီလိုမျိုး အကျိုးကျေးဇူးတွေ များတာကြောင့် မှီဝဲသင့်တဲ့ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။

ဗီတာမင်တွေ၊ သတ္တုဓာတ်တွေအနေနဲ့ အစားအစာတွေကနေ အလွယ်ရနိုင်တာကြောင့် ဖြည့်တင်းဖို့ လွယ်ပေမယ့် ဂျင်ဆင်းကတော့ စျေးကွက်ထဲမှာ ရှားပါးတာကြောင့် မှီဝဲရခက်နိုင်ပါတယ်။ ကံကောင်းတာက စျေးကွက်ထဲမှာ ဂျင်ဆင်းကိုထည့်သွင်းဖော်စပ်ထားတဲ့ အားဆေးတွေရှိနေတာကြောင့် လွယ်လွယ်ကူကူမှီဝဲနိုင်တာပါပဲ။

အလုပ်တွေများလို့ အစားကို ပုံမှန်မစားနိုင်တဲ့သူ၊ အိပ်ရေးပျက်တဲ့သူ၊ တစ်နေကုန် အခန်းထဲမှာပဲ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေဆိုရင်လည်း ဗီတာမင်နဲ့ သတ္တုဓာတ်ကို လုံလုံလောက်လောက် ဖြည့်တင်းဖို့ အခက်အခဲရှိရင် အားဆေးမှီဝဲနိုင်ပါတယ်။

အစာအာဟာရကပဲ ဖြည့်ဖြည့်၊ အားဆေးကပဲ ဖြည့်ဖြည့် လိုအပ်တဲ့ဓာတ်တွေရရှိဖို့က လိုရင်းပါပဲ။ ဒါမှ နေ့ရက်တိုင်းကို ကြည်ကြည်လင်လင်နဲ့ ခွန်အားအပြည့် ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာ မဟုတ်ပါလား။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://medlineplus.gov/ency/article/002399.htm

https://www.ncbi.nlm.nih.gov/books/NBK92776/

https://medlineplus.gov/minerals.html#:~:text=Minerals%20are%20important%20for%20your,minerals%3A%20macrominerals%20and%20trace%20minerals.

 

ယခုပုံစံ

03/02/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement