backup og meta

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

    ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ….. နှလုံးသားကလာတဲ့စကားတွေက နှလုံးသားဆီရောက်တယ်လို့ ရာဘင်ဒြာနာ့သ် တဂိုးက ပြောဖူးပါတယ်။ ဆိုလိုချင်တာက ရင်ထဲအသဲထဲကနေ နက်နက်ရှိုင်းရှိုင်းထုတ်ပြောလာတဲ့ ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို နားဝင်စေနိုင်တယ် စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။

    ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။ အထူးသဖြင့် ကျန်းမာရေးပိုင်းမှာပေါ့။ ရိုးသားတဲ့လူတွေဟာ ကျန်းမာကြတယ်လို့ပြောရင် လူအတော်များများက ဆိုင်ပါ့မလားလို့ တွေးမိကြမယ်ထင်ပါတယ်။

    တကယ်တော့ ရိုးသားခြင်းဟာ ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပေးစွမ်းနိုင်ပါတယ်။ တကယ်ပါ။ စိတ်ပညာဆိုင်ရာ လေ့လာချက်တွေအရ ရိုးသားတဲ့လူတွေဟာ လိမ်ညာတတ်တဲ့လူတွေထက်ပိုပြီး ကျန်းမာကြပါတယ်တဲ့။

    ရိုးသားမှုဟာ လူ့အဖွဲ့အစည်းအတွင်းက လူအချင်းချင်းဆက်ဆံရေးမှာတင် တန်ဖိုးရှိတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဟန်မဆောင်ပဲ ရင်ထဲမှာရှိတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောဆိုတတ်သူတွေဟာ စိတ်ကျန်းမာကြပါတယ်။ စိတ်ကျန်းမာတဲ့အခါ ရုပ်ခန္ဓာကြီးလည်း အကျိုးရှိလာပါတယ်။

    ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

    ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ဆိုတော့ အဓိကအားဖြင့် ရိုးသားတဲ့သူတွေဟာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး ၃ ခု ရရှိပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတယ်

    မလိမ်မညာတဲ့အခါ စိုးရိမ်ပူပန်စရာမရှိတော့ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက အမြင့်ဆုံးမှာရှိနေမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားနေသူ၊ အပြည့်အဝရှိနေသူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ အားနည်ချက်တွေဖြစ်တဲ့ စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ သံသယလွန်ကဲတာတွေ ကင်းဝေးနေမှာပါ။

    ကိုယ့်ကိုယ်ကို ယုံကြည်သူတွေဟာ စိတ်ချမ်းသာနေတာမို့ အိပ်ရေးဝတာ၊ အစားမှန်တာတွေလိုမျိုး နောက်ဆက်တွဲ အကျိုးကျေးဇူးတွေပါ ရဦးမှာပါ။ နေ့စဉ်ဘဝအတွက် အကျိုးကြီးကြီးမားမားကို ဖြစ်စေမယ်လို့ ဆိုကြပါတယ်။

    ၂။ ရိုးသားရင် သောကနည်းမယ်

    ရိုးသားခြင်းဟာ စိတ်ပူပင်သောကတွေကို လျှော့ချပေးနိုင်ပါတယ်။ သိသိသာသာကို လျှော့ချပေးနိုင်တာ ပါပဲ။ ရိုးသားနေမှတော့ ကိုယ့်ရဲ့အပြုအမူနဲ့ ပြောစကားတွေ အတွက် ဘာပူပင်မှုမှ ရှိနေစရာ မလိုဘူးလေ။ ဒီတော့ စိတ်ချမ်းသာမယ်။ ဘာကိုမှ တွေးပူနေဖို့ မလိုတော့ဘူးပေါ့။

    နောက်ပြီး ရိုးသားသူတွေဟာ ကောင်းမွန်တဲ့ အမှတ်တရတွေ ရှိနေတတ်တာမို့ စားမြုံ့ပြန် ပြန်တွေးတိုင်းလည်း စိတ်ချမ်းသာရတတ်ပါတယ်။ ဒီတော့ သူတို့ဟာ ရိုးသားလို့ စိတ်ချမ်းသာ၊ စိတ်ချမ်းသာလို့ စိတ်ကျန်းမာပြီး တစ်သက်လုံး ဒီအကျိုးကျေးဇူးကို ပိုင်ဆိုင်နေမှာပါ။

    ၃။ ရိုးသားရင် ရောဂါအဖြစ်နည်းမယ်

    နော်ထရီဒမ်း တက္ကသိုလ်ရဲ့ လေ့လာချက် တစ်ခုရှိပါတယ်။ ရိုးသားမှုဟာ ကျန်းမာရေးအပေါ်မှာ ဘယ်လောက် သက်ရောက်သလဲ ဆိုတာကို လေ့လာတာပါ။ လူအုပ်စု ၂ စု ခွဲပြီး လေ့လာခဲ့ရာမှာ ရိုးရိုးသားသား အမှန်အတိုင်း ပြောဆိုသူတွေဟာ လိမ်ညာပြောဆိုသူတွေထက် ခေါင်းကိုက်တာလည်ချောင်းနာတာ၊ ဖျားနာတာ၊ မူးဝေတာတွေဖြစ်နည်းပြီး ပုံမှန် ကျန်းမာကြံ့ခိုင်မှုပိုင်းမှာ အများကြီး သာလွန်ကောင်းမွန်တာကို မြင်တွေ့ခဲ့ရပါတယ်။

    နောက်ထပ် ရိုးသားသူတွေရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ဆရာဝန်-လူနာဆက်ဆံရေးမှာ ထိရောက်မှု ရှိပြီး သူတို့ရဲ့ ရိုးသားစွာပြောဆိုမှုကြောင့် ဆေးဝါးကုသရာမှာ ပိုမို တိကျစွာ ရောဂါရှာဖွေနိုင်ပြီး ဆေးဝါးကုသရေးမှာ အလွန် အကျိုးရှိစေတာပါပဲ။

    ဒီလောက်ဆိုရင် ရိုးသားခြင်းဟာ ကျန်းမာရေးကို ဘယ်လောက် အကျိုးရှိစေလဲ ဆိုတာကို နားလည်စေနိုင်လောက်ပြီလို့ ယူဆပါတယ်။ ရိုးသားကြည့်ပါ။ လူမှုဘဝမှာ သာမကပဲ ကျန်းမာရေးကိုပါ အကျိုးဖြစ်ထွန်းစေ မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement