စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ သစ်ပင်ပန်းမန်လေးတွေ စိုက်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကမ္ဘာ့လူဦးရေထက်ဝက်ကျော်လောက်ကမြို့ပြတွေမှာနေထိုင်ကြသူတွေပါ။ ဒီလိုမြို့ပြကြီးမှာနေထိုင်မှုတွေက လူသားတွေကို သဘာဝ ပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ သဘာဝပတ်ဝန်းကျင်က လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်စွမ်းရှိနေပါတယ်။

လေ့လာမှုရလဒ်တွေအရပြောရမယ်ဆိုရင်ဖြင့် သစ်ပင်စိုက်တာက စိတ်ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးပါတယ်။ သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးမှုက စိတ်ဓါတ်ကျတာစိတ်ဖိစီးတာလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေကိုလျော့ပါးသက်သာစေနိုင်သလိုသွေးတိုးတာကိုလည်း သက်သာစေနိုင်ပါတယ်တဲ့။ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ဖြစ်စေနိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်ပါတယ်။

သစ်ပင်စိုက်တာကနေရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက

သစ်ပင်စိုက်တဲ့သူတွေမှာ တာဝန်ခံစိတ်ကိန်းအောင်းလာတယ်

သစ်ပင်စိုက်တဲ့အခါ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးတွေကောင်းကောင်းမွန်မွန် ကြီးပြင်းလာစေဖို့အတွက်ရေလောင်း၊ပေါင်းသင်၊မြေသြဇာထည့်တဲ့အလုပ်ကို မဖြစ်မနေလုပ်ရပါတယ်။ ဒီလိုလုပ်ပေးရတဲ့အခါ တာဝန်ယူတတ်တဲ့ စိတ်လေးကဖြစ်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ကောင်းကျိုးဆိုးပြစ်ကိုတာဝန်ခံနိုင်တဲ့ စိတ်လေးဖြစ်ပေါ်လာပြီး လူမှုပတ်ဝန်းကျင်မှာ ပိုအဆင်ပြေလာပါလိမ့်မယ်။

သစ်ပင်စိုက်ပျိုးတာက သဘာဝတရားကိုခံစားမိစေတယ်

တစ်နေ့တာလုံးခေတ်မီတိုးတက်လာတဲ့ နည်းပညာတွေနဲ့ ထိတွေ့နေရမှုကကောင်းတာလေးတွေရှိပေမယ့် စိတ်အပန်းပြေစေမှုကိုတော့ပြည့်ပြည့်ဝဝမရရှိစေနိုင်ဘူးပေါ့။လေ့လာတွေရှိချက်တွေအရ စိမ်းစိုမှုရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်က လူတွေကို စိတ်ဖိစီးမှုသက်သာစေပြီး စိတ်အပန်းပြေစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် အားလပ်ချိန်လေးတွေမှာ သစ်ပင်လေးတွေ စိုက်ရင်း အချိန်ကို အကျိုးရှိရှိ အသုံးချပေးပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေနိုင်တယ်

နေ့စဉ်တိုင်း လုပ်ငန်းခွင်မှာ လှုပ်ရှားနေရသူတွေအနေနဲ့ စိတ်ဖိစီးမှုတွေကတော့ မဖြစ်မနေကြုံနေရမှာပါ။ တစ်ခါတလေမှာတွေ့ကြုံရတဲ့ အတွေ့အကြုံတွေက ကိုယ့်ဆီမှာရှိနေတဲ့ ယုံကြည်မှုတွေတောင်ပျောက်ဆုံးသွားစေနိုင်တာမျိုးပါ။ ဒါကြောင့် တစ်နိုင်တစ်ပိုင် အပင်လေးတွေစိုက်ပျိုးပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေနိုင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကလည်းမြင့်တက်လာမှာပါ။

သစ်ပင်စိုက်တာက ခန္ဓါကိုယ်အတွက်လေ့ကျင့်ခန်းလုပ်ပေးရာကျပါတယ်

သစ်ပင်တွေစိုက်တာကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုရင် ကယ်လ်လိုရီလောင်ကျွမ်းေစနိုင်သလို ခန္ဓါကိုယ်မှာ စိတ်ခံစားမှုကောင်းမွန်စေတဲ့ဟော်မုန်းတွေကိုလည်း ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် သစ်ပင်စိုက်တာကိုနေ့စဉ်လုပ်ဆောင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာကြံ့ခိုင်မှုရှိလာမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျစေနိုင်သလိုကောင်းကောင်းအိပ်ပျော်စေဖို့လည်း သစ်ပင်စိုက်တာက အထောက်အကူပြုပေးပါတယ်။

ဒေါသကိုထိန်းချုပ်လာနိုင်စေတယ်

အလုပ်မှာစိတ်ညစ်စရာတွေနဲ့ ကြုံလာသလား၊ သိပ်ပြီးတော့ ခံစား စိတ်ရှုပ်ခံမနေပါနဲ့။ သစ်ပင်လေးတွေကိုကြည့်လိုက်ပါ။ အပင်သစ်လေးတွေ စိုက်စရာရှိရင် စိုက်ပြီး မရှိရင်လည်း အပင်လေးတွေကိုရေလောင်းပေါင်းသင်လုပ်လိုက်ပေါ့။ နည်းနည်းတော့ စိတ်ပြေရာပြေကြောင်းလေးဖြစ်သွားမှာပါ။ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးတွေကောင်းကောင်းမွန်မွန်ရှင်သန်လာတာကလည်း စိတ်ပျော်ရွှင်မှုရစေနိုင်ပါတယ်။ ဒီလိုအချိန်မှာဒေါသလေးတွေပြေသွားပြီး စိတ်သက်သာရာရလာပါလိမ့်မယ်။

စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တယ်

သစ်ပင်စိုက်တဲ့သူတွေက အခြားသူတွေနဲ့စာရင် သူတို့ရဲ့ ဘဝအခြေအနေပေါ်ကျေနပ်နှစ်သိမ့်နိုင်စွမ်းရှိသလို၊ စိတ်ဓါတ်ကျတာ၊ စိတ်ညစ်တာမျိုးတွေကိုလည်း ကြံ့ကြံ့ခံနိုင်ကြတယ်။ လို့လေ့လာမှုတွေအရတွေ့ရှိရပါတယ်။ သစ်ပင်ပန်းမန်စိုက်ပျိုးသူတွေက စိတ်လက်ပေါ့ပါးလန်းဆန်းမှုကို ပိုမိုခံစားကြရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေကို လည်းစားသုံးခွင့်ရကြသူတွေပါ။ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအပွင့်တွေကို ခံစားရတဲ့ ခံစားမှုက စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်ကောင်းမွန်အောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ရော အခုပဲ သစ်ပင်လေးတွေစိုက်လိုက်ကြမလား …..

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဘေးကာလ မှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read