ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကွန်ဒုံးဟာကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်ဖို့အတွက် အသုံးပြုတဲ့ ရုပ်ဝတ္ထုအဟန့်အတားတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးတွေဟာထိရောက်မှုရှိပြီးဈေးသက်သာတဲ့အတွက် အများအပြားအသုံးပြု ကြပါတယ်။ သို့သော်လည်းသုတေသနတွေကအမျိုးသားအမြောက်အများဟာကွန်ဒုံးသုံးတဲ့အခါ အခက်အခဲတွေ့ရတဲ့အတွက် မမျှော်လင့်ပဲကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါများရရှိမှုတို့ကို ကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးအသုံးပြုတဲ့အခါ တွေ့ရတတ်တဲ့ အမှားငါးခုကိုဖေါ်ပြထားပါတယ်။

မှားယွင်းတဲ့ အရွယ်အစားကိုရွေးချယ်မိခြင်း

ကွန်ဒုံးတွေဟာအရွယ်အစားအမျိုးမျိုးနဲ့ လာတတ်ပြီးဉာဏ်ရှိတဲ့အမျိုးသားကတော့ သူနဲ့ သင့်လျော်တဲ့ ကွန်ဒုံးကိုရွေးချယ်တတ်ကြပါတယ်။ သေးလွန်းတဲ့ ကွန်ဒုံးကိုအသုံးပြုခြင်းဟာလိင်တံသွေးရောက်ခြင်းကိုတားမြစ်ပြီးတော့ လိင်တံထောင်မတ်မှုကိုအပြည့်အဝမရစေပါဘူး။ ကြီးလွန်းတဲ့ ကွန်ဒုံးတွေကျတော့လဲသူ့ရဲ့ အသုံးဝင်မှုကိုလျော့ကျစေပါတယ်။ ကွန်ဒုံးဟာ ကြီးလွန်းတဲ့အတွက် ဝင်လာတဲ့ သုက်ရည်တွေကိုသေချာမထိန်းသိမ်းနိုင်တော့တာမျိုးနဲ့ လိင်ဆက်ဆံစဉ် ကျွတ်ထွက်တာမျိုးဖြစ်ပွားနိုင်ပါတယ်။ ဒါဟာသင့်ကိုကိုယ်ဝန်တားခြင်းနဲ့ လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေကိုကာကွယ်မပေးဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

အသုံးပြုပုံမှားယွင်းခြင်း

ကွန်ဒုံးဟာတစ်ဖက်ကိုပဲ ဖြန့်ပြီးအသုံးပြုဖို့ တီထွင်ထားတာပါ။ ညွှန်ကြားချက်တွေကိုအသုံးပြုသူတွေကသေချာလိုက်နာမယ်ဆိုရင် ပြုလုပ်ပုံဟာချောမွေ့ပြီးလွယ်ကူသင့်ပါတယ်။ ဒါပေမယ့် မလွယ်ကူဘူးဆိုရင်လည်း ကြိုးစားရပါမယ်။ ကွန်ဒုံးတွေကို ငြင်းပယ်ခြင်းဟာမှားယွင်းတဲ့ စတင်ခြင်းသာ ဖြစ်ပါတယ်။ သို့သော် ကွန်ဒုံးမှာ သုက်ပိုးသတ်ဆေးပါတယ်ဆိုရင်ပြောင်းပြန်ဝတ်ဆင်ခြင်းအားဖြင့် သင့် သုက်ပိုးတွေ အပြင်ထွက်ခြင်းကိုလျှော့ချပေးနိုင်စွမ်းလျော့နည်းသွားမှာဖြစ်ပါတယ်။

သေချာစွာမသိမ်းဆည်းခြင်း

အမျိုးသားအတော်များများဟာကွန်ဒုံးတွေကိုပိုက်ဆံအိပ်နဲ့ ဘောင်းဘီအိပ်ကြားတွေမှာသိမ်းဆည်းကြတတ်ကြပါတယ်။ ဒါဟာလည်းသူတို့ဟာညဘက်အပြင်ထွက်ပြီးဘယ်အချိန်မှာသုံးဖြစ်မလဲမသေချာတာကြောင့် အမြဲအဆင်သင့်ဖြစ်ချင် နေတာကြောင့်ဖြစ်ပါတယ်။ ကံဆိုးစွာပဲသင်ဖင်ခုထိုင်ထားတာကြောင့် အပူနဲ့ ကွန်ဒုံးတွေဟာတောင့်တင်းမာကျောကုန်ပါလိမ့်မယ်။ သူတို့ဟာသုံးဖို့ခက်ရုံတင်မကပဲအစွမ်းထက်မှုလည်းလျော့ကျနိုင်ပါတယ်။ သိမ်းဆည်းရမည့် အညွှန်းနဲ့ ကွန်ဒုံးကိုအချိန်မလွန်ခင်မှာသုံးဖို့ကိုသတိရသင့်ပါတယ်။

အကာအကွယ် နှစ်ထပ်အသုံးပြုခြင်း

လူအတော်များများဟာကွန်ဒုံးနှစ်ခုသုံးခြင်းအားဖြင့် နှစ်ဆပိုမိုကာကွယ်လိမ့်မယ်လို့ ယူဆကြပါတယ်။ မှန်သယောင်ထင်ရပေယ့် မမှန်ကန်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာအစွမ်းထက်မှုတောင် လျော့ကျနိုင်ပါတယ်။ တစ်ခုပေါ်ကနောက်တစ်ခုထပ်ဝတ်ခြင်းဟာသင့်လိင်တံအတွက် တင်းကျပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြီးသုက်ပိုးအပြင်ထွက်ဖို့ ပိုအခွင့်အရေးများပါတယ်။

အချိန်ကိုက်မှားခြင်း

လူအများစုကကွန်ဒုံးကိုအချိန်မတန်ပဲအရင်ဝတ်ဆင်တတ်ကြပါတယ်။ လိင်တံအပြည့်အဝထောင်မတ်သည်အထိစောင့်ပြီးမှ ဝတ်ဆင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ဒုံးဟာပျော့ပြောင်းနေတဲ့ လိင်တံပေါ်တပ်ဆင်ရင် နှစ်ဖက်စလုံးကိုသက်တောင့်သက်သာမဖြစ်စေပါဘူး။ ဝတ်ဆင်တာနောက်ကျတာကလည်းမကောင်းပါဘူး။ သင်လိင်မဆက်ဆံခင် နှိုးဆွခြင်းဟာအရေပြားဖောက်ထွင်းမှုတွေ ပါဝင်ခဲ့မယ်ဆိုရင် ကိုယ်ဝန် (သို့) လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ရရှိနိုင်ပါတယ်။

လူတွေကကွန်ဒုံးသုံးစွဲတဲ့ တိုင်အောင် ကိုယ်ဝန်နဲ့ လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေ ရရှိဖို့ အခွင့်အရေးရှိပါသေးတယ်။ ဒါ့ကြောင့် အညွှန်းကိုသေချာဖတ်ပြီးကွန်ဒုံးအသုံးပြုစဉ် သက်တောင့်သက်သာမဖြစ်တဲ့ ခံစားမှုကိုဂရုစိုက်ပါ။ သင်အပြင်မှာတစ်ခါမှ မသုံးဖူးဘူးဆိုရင် အိမ်မှာပဲလေ့ကျင့်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ

တောင့်တမှု၊ အိပ်ယာ၊ စွမ်းဆောင်ရည်၊ စိုးရိမ်စိတ်၊ လိင်ဆက်ဆံ၊ လိင်အင်္ဂါ၊ ဦးနှောက်၊ ခန္ဓာကိုယ်၊ ကွန်ဒုံး၊ သုတ်လွှတ်စော၊ အိမ်ထောင်ဖက်၊ ကိုယ်ဝန်၊ အာသာဖြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။

တားဆေး ဆေးမတည့် စွဲသောက်နေတဲ့ဆေး ကိုယ်ဝန်ရ ပိုးသတ်ဆေး တီဘီဆေး ကွန်ဒုံး HIV ဆေး မှိုသတ်ဆေး အတက်ကျဆေး သစ်ဥသစ်ဖုများ တောင်ရေချမ်းယားအပင် နှမ်းကြတ်စေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

သားဆက်ခြားနည်း သန္ဓေတားနည်း အရေပြား ရင်သား ရာသီသွေး သန္ဓေတားနိုင်စွမ်း လိင်ဆက်ဆံတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ

တားဆေးသောက်ဖို့မေ့ တားဆေး အီစထရိုဂျင် ပရိုဂျက်စတုန်း ၃လခံဆေး သားအိမ်ထဲပစ္စည်းထည့် လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်း ကွန်ဒုံး ကိုယ်ဝန်ရ အရေးပေါ်သန္ဓေတား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ်မလို့လား။ ခဏလေး နေပါဦး

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ်မလို့လား။ ခဏလေး နေပါဦး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 1 min read
ခံတွင်းအကာ (Dental Dam) အကြောင်း သိသင့်သမျှ

ခံတွင်းအကာ (Dental Dam) အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 21, 2020 . 3 mins read

ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read