တိုင်းရေးပြည်ရာ အတွေးစတွေကြောင့် စိတ်ဖိစီးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 31, 2020 . 3 mins read
Share now

လူဆိုတာ နိုင်ငံရေးသတ္တဝါလို့ ဆိုစကားရှိတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် နိုင်ငံသားတစ်ဦးဦးဖြစ်နေမှာဖြစ်ပြီးတော့ ပါချင်သည်ဖြစ်စေ မပါချင်သည်ဖြစ်စေ တိုင်းရေးပြည်ရာ ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတော့မှာပါပဲ။ ဒီတော့ တိုင်းရေးပြည်ရေးကြောင့် စိတ်ဖိစီးမှုလည်း ကြုံလာနိုင်တော့တာပေါ့။

တိုင်းရေးပြည်ရေး၊ နိုင်ငံရေးလို့ပြောလိုက်တာနဲ့ လက်ခံခြင်း၊ လက်မခံခြင်း၊ သဘောထားတိုက်ဆိုင်မှု ရှိခြင်း၊ မရှိခြင်း၊ အယူအဆ တူညီခြင်း၊ မတူညီခြင်းတွေက ခေါင်းထဲ တသီကြီးပြေးဝင်လာတော့မှာပါ။ ဒီမှာတင် အတွေးအခေါ်၊ အယူအဆ၊ လက်ခံနိုင်စွမ်း တူခြင်း မတူခြင်းတွေနဲ့ တိုင်းရေးပြည်ရေးအခြေအတွေကြောင့် ခံစားရတဲ့ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ခံစားမိကြမယ်ထင်ပါရဲ့။

မြန်မာနိုင်ငံမှာဆိုရင် ခုလို ရွေးကောက်ပွဲကာလမျိုးမှာ နိုင်ငံရေးသမားတွေ၊ ရွေးကောက်ခံပုဂ္ဂိုလ်တွေနဲ့ တိုင်းပြည်ကိုဦးဆောင်နေသူတွေသာမက ပြည်သူလူထုတွေမှာပါ စိတ်ဖိစီးမှုကို အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရမှာပါ။

နိုင်ငံရေးက ဘယ်နည်းဘယ်ပုံ စိတ်ဖိစီးစေသလဲ

တီဗီကို ဖွင့်လိုက်ပါ။ နိုင်ငံရေးသတင်းတွေက ၂၄ နာရီမပြတ်လုံး ထုတ်လွှင့်နေပါတယ်။ သတင်းစာတွေ၊ အင်တာနက်စာမျက်နှာတွေမှာလဲ ဒီအတိုင်းပါပဲ။ ဒီကနေ့ခေတ်လို့ လူမှုကွန်ယက်ခေတ်မှာ ဒီသတင်းတွေ၊ အချက်အလက်တွေ၊ ထင်မြင်ချက်၊ သုံးသပ်ချက်တွေကို ရှောင်လွှဲဖို့ခက်ခဲလှပါတယ်။

American Psychological Association က ပြုလုပ်တဲ့ လေ့လာချက်တစ်ခုအရဆိုရင် လူတွေရဲ့ စိတ်ဖိစီးမှုဟာ ရွေးကောက်ပွဲကာလတွေမှာ အမြင့်ဆုံးအခြေအနေတစ်ရပ်ကို ရောက်ရှိသွားတတ်တယ်လို့ဆိုပါတယ်။

ကိုယ်ကြိုက်တဲ့ ပုဂ္ဂိုလ်နိုင်ငံရေးပါတီ အနိုင်ရပါ့မလား၊ တစ်ဖက်ပြိုင်ဘက် အခြေအနေကောင်းနေတာလားစသဖြင့် ပူပင်သောကတွေကြောင့်ပါတဲ့။ တိုင်းပြည်ရဲ့ အနာဂတ်အကြောင်းေ တွးတောမိတာဟာ စိတ်ဖိစီးမှုဖြစ်စေတယ်လို့ ဖြေဆိုသူ ၆၉% ရှိပြီးတော့၊ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေကို တွေးတော့မိတိုင်း စိတ်ဖိစီးမှုဖြစ်ရတယ်လို့ ဖြေဆိုသူ ၆၂% ရှိပါတယ်။

အဆိုပါလေ့လာချက်မှာပဲဖော်ပြထားတာက အမေရိကန်နိုင်ငံသား ၅ ဦးမှာ ၁ ဦးနှုန်းဟာ နိုင်ငံရေးအယူအဆတွေကြောင့် မိတ်ပျက်ဆွေပျက်ဖြစ်ရတယ် ဒါမှမဟုတ် နိုင်ငံရေးအကြောင်းအရာတွေကြောင့် အိပ်မပျော်တဲ့ဝေဒနာခံစားနေရပါတယ်တဲ့။

ဒီလိုစိတ်ဖိစီးမှုတွေကို ရင်ဆိုင်လာရတာမို့ တစ်ဖက်မှာ လူ့ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်လာပါတယ်။ စိတ်ဖိစီးမှုတစ်မျိုးတည်းလားဆိုတော့ မဟုတ်ပါဘူး။ သောကများတာအထီးကျန်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းတာနဲ့ တုန်လှုပ်ခြောက်ခြားတာတွေပါ ခံစားရလာတတ်ပါတယ်။

တစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာ ခံစားရမှုပြင်းထန်လာလေလေ ထိခိုက်မှုလက္ခဏာတွေကလည်း ပိုပြီးပြသလာလေလေပါပဲ။ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မြင်တွေ့လာရတိုင်းအောက်ပါ စိတ်ခံစားချက်မျိုးတွေ ကြုံလာနိုင်ပါတယ်။

  • စိတ်တိုလွယ်မယ်၊
  • စိတ်မလုံမခြုံ မဝံ့မရဲဖြစ်လာမယ်၊
  • စိတ်ခံစားလွယ်မယ်၊
  • ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့ခက်ခဲလာမယ်၊
  • စိတ်တည်ငြိမ်အောင် ကြိုးစားဖို့ ခက်ခဲလာမယ်၊
  • စိတ်ဓာတ်ကျလာမယ်၊
  • လူတွေကို ရှောင်ဖယ်လာမယ်၊
  • အာရုံမစိုက်နိုင်တော့ဘူး၊
  • ဆုံးဖြတ်နိုင်စွမ်းလျော့နည်းလာမယ်၊
  • စိတ်ကစဉ့်ကလျားဖြစ်မယ်၊
  • စိတ်ပူပန်မယ်၊
  • စိတ်အာရုံတွေရှုပ်ထွေးလာမယ်၊
  • အရာရာကို အကောင်းမမြင်တော့ဘူး၊ စသဖြင့်ပေါ့။

စိတ်ဖိစီးမှုဆိုတာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်ခံစားမှုတစ်ခုလို့ ပြောနိုင်ပေမဲ့ တစ်ခါတရံတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို လက္ခဏာတွေကို ကြည့်ရုံနဲ့ သိသာနိုင်ပါတယ်။

နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုဖယ်ရှားကြမလဲ

သိထားဖို့ လိုအပ်တာတစ်ခုကတော့ စိတ်ဖိစီးမှုဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုရဲ့ သဘောတရားက ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေကို သင့်ခန္ဓာကိုယ် က တုန့်ပြန် တဲ့ အရာတစ်ခုပါ။

လူတစ်ယောက် ဖိအား၊ ပြဿနာတစ်စုံတစ်ရာနဲ့ ရင်ဆိုင်လာရပြီဆိုရင် ဦးနှောက်အဖွဲ့အစည်းကနေ Adrenaline နဲ့ Cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါရှိတဲ့ Stress ဟိုမုန်းတွေ ထုတ်လွှတ်ပါတယ်။ Stress ဟော်မုန်းထွက်လာရင်တော့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေတင်းလာမယ်၊ သွေးပေါင်တက်လာမယ်၊ အသက်ရှူမြန်လာမယ်၊ စိတ်ဆတ်လာမယ်။ ဒါကို ‘Fight or Flight ‘ တုံ့ပြန်မှုလို့ခေါ်ပါတယ်။ စိတ်ဖိစီးမှုရဲ့ တုံ့ပြန်ချက်တစ်မျိုးပေါ့။

ဒါကြောင့်လည်း စိတ်ဖိစီးမှု ယာယီအားဖြင့် လူ့စိတ်ကိုတွန်းအားကောင်းတွေ ပေးနိုင်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် TV ကြည့်နေရင်းတောင်မှ ချက်ချင်းဆိုသလို စာကျက်ချင်စိတ် စာကြိုးစားချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဒါမျိုးက ခဏတာကိစ္စပါ။ ရေရှည်အတွက်ဆိုရင်တော့ အဆိုးချည်းပဲ ရင်ဆိုင်ရတော့မှာပါ။

ဒါကြောင့် စိတ်ဖိစီးမှုကို တိုက်ထုတ်ဖို့ လိုအပ်တာဖြစ်ပြီးတော့ တိုက်ထုတ်နိုင်တဲ့နည်းလမ်းတွေလည်း ရှိထားပါတယ်။ အထူးသဖြင့် ခုလို သတင်းအချက်အလက်တွေ မပြတ်စီးဆင်းနေတဲ့ခေတ်ကာလမျိုးမှာ နိုင်ငံရေးအတွေးအမြင်တွေ၊ သတင်းစကားတွေကို ရှောင်ဖယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် အခြေအနေမျိုးဖြစ်တာမို့ တိုက်ထုတ်တဲ့နည်းလမ်းတစ်ခုကသာ အမှန်ကန်ဆုံးနည်းလမ်းလို့ဆိုရမှာပါ။

ဘယ်လိုတိုက်ထုတ်ကြမလဲဆိုရင်တော့ဖြင့်

  1. ကိုယ့်ကိုယ်ကို လေ့ကျင့်ယူပါ – ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်အောင် လေ့ကျင့်ယူရပါမယ်။ တစ်နေ့ကို ၈ နာရီပြည့်ဝအောင်အိပ်မယ်၊ အစားကို အာဟာရပြည့်ဝပြီး အချိန်မှန်အောင် စားမယ်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်၊ စသည်ဖြင်ပေါ့။ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာမှုဟာ စိတ်ဓာတ်ကြံ့ခိုင်မှုကို အထောက်အကူကြီးကြီးမားမားပေးပါတယ်။ ဒါ့အပြင် Stress Hormones ထုတ်လုပ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
  2. သတင်းတွေကို အဆက်အသွယ်ဖြတ်ပါ – သတင်းတွေကို အဆက်အသွယ်ဖြတ်ဖို့ဆိုတာ ဒီကနေ့ခေတ်လို သတင်းအချက်အလက်နဲ့ နည်းပညာခေတ်မျိုးမှာတော့ အတော်လေး ခက်ခဲလှပါတယ်။ ဒါပေမယ့် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး။ လူမှုကွန်ယက်အသုံးပြုချိန် ဖုန်းအသုံးပြုချိန်ကို လျှော့ချနိုင်ရင်တောင် သတင်းအချက်အလက် ၇၅% လောက်ကို ရှောင်လွှဲနိုင်ပါတယ်။ အပိုဆုကတော့ Blue Light ကို လျှော့ချပေးမှာဖြစ်တာမို့ မျက်စိပိုကျန်းမာလာမယ့် အချက်ပါပဲ။
  3. သည်းခံနိုင်စွမ်းကို မြှင့်တင်ပါ – မိသားစုဝင်အချင်းချင်း၊ အပေါင်းအသင်း အချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နိုင်ငံရေးစကားဝိုင်းလေးတွေက အမြဲတမ်းရှိတတ်ပါတယ်။ စိတ်ခံစားချက်ပြင်းထန်စွာ ငြင်းခုံမိတတ်ကြတာကလည်း မကြာခနပဲမဟုတ်လား။ ဒီလိုတွေ ကြုံလာတိုင်း ကိုယ်က သည်းခံအလျှော့ပေးပါ။ စကားလမ်းကြောင်းလွှဲနိုင်ဖို့ ကြိုးပမ်းပါ။ ကိုယ်ကစတင်ခြင်းဖြင့် အားလုံးအဆင်ပြေသွားပါစေလိမ့်မယ်။
  4. ပါဝင်ကူညီပါ – ကိုယ်အားပေးတဲ့ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးပါတီ အဆင်မပြေတာတွေဖြစ်လာရင် ကိုယ်တိုင်ပါ အင်အားလျော့နည်းလာသလို၊ အစွမ်းမဲ့လာသလိုခံစားရပြီး စိတ်ဓာတ်ကျလာတတ်ပါတယ်။ မရေရာမှုတွေနဲ့ တကယ့်ပြင်ပလူနေမှုဘဝအထိပါ ထိခိုက်လာတတ်ပါတယ်။ ဒီလိုမျိုးခံစားလာရရင် အသင်းအဖွဲ့နဲ့ပဲဖြစ်ဖြစ် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် အကူအညီလိုအပ်နေသူတွေကို ကူညီဖေးမကြည့်ပါ။ စိတ်ဓာတ်ကဆင်းမှုတွေကို ပြန်ပြီး မြှင့်တင်နိုင်ပါလိမ့်မယ်။
  5. အမြင်ကျယ်ပါစေ – ကျယ်ကျယ်ပြန့်ပြန့်တွေးတော ဆင်ချင်နိုင်ရင် စိတ်ဖိစီးမှုကို လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ အရာရာကို အကြောက်တရား၊ ဒေါသ၊ အမြင်မကြည်မှု၊ မယုံကြည်မှုအခံတွေနဲ့ တွေးတောနေတာမျိုးထက် မျှမျှတတရှုမြင်တတ်အောင် လေ့ကျင့်ထားတာက သင်ကြုံတွေ့လာရနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းတားဆီးနိုင်ပါလိမ့်မယ်။

တကယ်လို့ နိုင်ငံရေးအကြောင်းအရာတွေ၊ ရွေးကောက်ပွဲတွေ၊ အယူအဆတွေကြောင့် စိတ်ဖိစီးမှုကို ခံစားနေရတယ်ဆိုရင် အရေးအကြီးဆုံး သိထားရမှာက သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာပါပဲ။ လူတိုင်းဟာ နိုင်ငံရေး၊ တိုင်းရေးပြည်ရေးကိစ္စတွေကို စိတ်ဝင်စားကြပါတယ်။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် သက်ရောက်မှုမတူနိုင်ရင်တောင်မှ ခံစားချက်တစ်စုံတစ်ရာရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုစိတ်ခံစားချက်၊ စိတ်ဖိစီးမှုတွေက ပမာဏသာကွာခြားချင် ကွာခြားပါလိမ့်မယ်။ တစ်ကမ္ဘာလုံးကလူတိုင်းမှာ ရှိနေတဲ့ အရာပါ။ စိတ်ဓာတ်ကျနေဖို့၊ အလျော့ပေးဖို့ မဟုတ်ပါဘူး။ သင် မဖြစ်မနေ ရင်ဆိုင်ရမယ့် အရာသာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

အမျိုးသမီးနဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်း ဆိုလိုက်ရင် အပြစ်တွေ လုပ်နေသလို ဟင်ခနဲ နှာခေါင်းရှုံ့သွားကြမယ့်သူတွေထဲ အမျိုးသမီးတွေ ထိပ်ဆုံးက ပါနေတာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဂျင်ဆင်း….. ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း

လူတိုင်းက သန်စွမ်းကျန်းမာတာကို ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုလို့ ယူဆနေကြပေမယ့် သန်စွမ်းကျန်းမာမှုက အဖိုးမဖြတ်နိုင်တဲ့အရာပါ။ ဒီအရာကို ဂျင်ဆင်းနဲ့ အားဖြည့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းတို့ သူရဲကောင်း သုံးယောက် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ပျော်ရွှင်ခြင်းအကြောင်း

နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ပါဘူး။ ကိုယ်မကျန်းမာတာ၊ စိတ်မကြည်တာ စသဖြင့် တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးမယ့် သူရဲကောင်းလေးများ

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 13, 2021 . 3 mins read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 14, 2020 . 2 mins read
ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .

ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read