စိတ်ကျရောဂါတိုင်းဟာ စိတ်ကြောင့်ပဲမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 18, 2019 . 3 mins read
Share now

စိတ်ကျရောဂါပါဆိုမှ စိတ်ကြောင့်မဟုတ်ရင် ဘာကြောင့်ဖြစ်နိုင်သေးလဲဆိုပြီး မေးစရာတွေရှိလာပါတယ်။ စိတ်ကျရောဂါဖြစ်နိုင်တဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ဒီပရက်ရှင် (depression) လို့ခေါ်တဲ့ စိတ်ကျရောဂါမျိုးဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့်မိသားစုထဲမှာ စိတ်ရောဂါ တစ်မျိုးမျိုးကို ခံစားနေတဲ့သူ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖူးတဲ့သူတွေရှိရင် စိတ်ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ နောက်ပြီး ငယ်ဘဝ ဒါမှမဟုတ် ဘဝရဲ့ အချိန်တစ်ခုမှာ ကြီးမားတဲ့ စိတ်ဒဏ်ရာကို ပြင်းပြင်းထန်ထန်ခံစားရတာမျိုးကြောင့်ဖြစ်တယ်။ ဦးနှောက်ထဲ၊ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ မညီမျှမှုကြောင့်ဖြစ်တယ်။ ဒီလို အကြောင်းအရင်းတွေထဲကမှ တစ်ခါတစ်လေ စိတ်ရောဂါအထူးကုဆရာဝန်ကြီးတွေတောင်မှ သတိမပြုမိတဲ့ အကြောင်းအရင်းတွေကြောင့် စိတ်ကျရောဂါတွေဟာ ဖြစ်နိုင်ပါတယ်။

ဒါကတော့ ဗီတာမင်နဲ့ ဓာတ်အမျိုးမျိုး ချို့ယွင်းတာကြောင့် စိတ်ကျရောဂါစိုးရိမ်မှုလွန်ကဲခြင်းရောဂါစိတ်ကစဉ့်ကလျားရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။

၁။ အိုမီဂါ – ၃ fatty acid လျော့နည်းခြင်း

အိုမီဂါ – ၃ fatty acid ဆိုတာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီတစ်မျိုးဖြစ်ပြီး ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ စိတ်ခံစားချက်အခြေအနေတွေစတဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုတဲ့ထဲမှာ ပါဝင်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း ယောင်ယမ်းတာတွေ သက်သာစေတဲ့အပြင် ရောဂါအမျိုးမျိုးမှ လည်း ကာကွယ်ပေးပါတယ်။ လေ့လာချက်တွေအရ အိုမီဂါ ၃ fatty acid နည်းပါးခြင်းနဲ့ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းဟာ ဆက်စပ်မှုရှိတယ်ဆိုတာကို တွေ့ခဲရပါတယ်။
အိုမီဂါ ၃ fatty acid ကို ဆော်လ်မွန်ငါး၊ အစေ့အဆံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ရေညှိတို့ကနေ အလုံအလောက်ရရှိနိုင်ပါတယ်။

၂။ ဗီတာမင် ဒီ လျော့နည်းခြင်း

ပျော်ချင်ရင် နေရောင်ခံပါဆိုပြီးတောင် ပြောကြပါတယ်။ နေရောင်ခြည်လျော့နည်းတဲ့ အအေးပိုင်းလတွေမှာဆိုရင် ရာသီကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါ (seasonal affected disorder) ကိုပိုဖြစ်စေပါတယ်။ ဗီတာမင် ဒီဟာ အရိုးအဆစ်တွေကို သန်မာစေတဲ့အပြင် ဦးနှောက်ရဲ့ ပျော်ရွှင်ခြင်း ဟော်မုန်းတွေ ထုတ်လွှတ်တဲ့နေရာမှာလည်း ပါဝင်နေပါတယ်။
ဗီတာမင် ဒီကို မနက် ၁၀ နာရီထက် နောက်မကျတဲ့ချိန်မှာ နေရောင်ခံခြင်းအားဖြင့် အလုံအလောက်ရနိုင်ပါတယ်။

၃။ ဗီတာမင် ဘီ အုပ်စု ချို့ယွင်းခြင်း

ဗီတာမင် ဘီအုပ်စုမှာ B1, B2, B3, B6 နဲ့ ဖောလိတ်(folate) တို့ပါဝင်ကြပါတယ်။ ဗီတာမင် ဘီ အုပ်စုဟာ စားလိုက်တဲ့အစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အသေးမွှားဆုံးဆဲလ်လေးတွေကို ပြုပြင်ပေးတာကစလို့၊ မှတ်ဉာဏ်ကောင်းစေတယ်၊ ဆံပင်၊ အသားအရေနဲ့ လက်သည်း၊ ခြေသည်းတွေကို ကျန်းမာသန်စွမ်းစေတယ်၊ မှတ်ဉာဏ်ကောင်းစေပြီးတော့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင် ဘီအုပ်စု ကြွယ်ဝချင်ရင် အသား၊ငါး၊ ဥအမျိုးမျိုး၊ ပဲ၊ ပင်လယ်စာ၊ အသီးအရွက်တွေကို များများစားပေးနိုင်ပါတယ်။ အားဆေးအနေနဲ့ဆိုလည်း ဗီတာမင် ဘီ တစ်အုပ်စုလုံးပါတဲ့ အားဆေးတွေကို နေ့စဉ်သောက်သုံးနိုင်ပါတယ်။

၄။ မဂ္ဂနီဆီယမ်ဓာတ်

မဂ္ဂနီဆီယမ်ကို စိတ်ဖိစီးမှုပြေလျော့ဆေးတဲ့ နတ်ဆေးလို့တောင် အနောက်တိုင်း ဆေးပညာမှာ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ လူအများစုဟာ သရေစာတွေစားတယ်၊ အရက်၊ဆေးလိပ်၊ကော်ဖီတွေ အလွန်အကျွံသောက်တယ်၊ အိပ်ရေးတွေမဝဘူး စတဲ့ နေထိုင်မှုပုံစံအမှားတွေကြောင့် မဂ္ဂနီဆီယမ်ဓာတ်တွေ ချို့ယွင်းနေကြပါတယ်။ စိတ်ဖိစီးမှုကို ထိန်းညှိပေးနိုင်တဲ့ ဒီဓာတ်စာသာ မရှိခဲ့ရင် စိတ်ကျရောဂါ၊ စိတ်ပူပန်မှုတွေနဲ့ ခေါင်းအပြင်းအထန်ကိုက်တာတွေထိပါဖြစ်နိုင်ပါတယ်။
မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ရေညှိ၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်နဲ့ ပဲအမျိုးမျိုးဖြစ်ပါတယ်။

၅။ အိုင်အိုဒင်းဓာတ်ချို့ယွင်းခြင်း

အိုင်အိုဒင်းဓာတ်ဟာ သိုင်းရိုက် (thyroid) အလုပ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ သိုင်းရွိက်ဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်အပြင် လုပ်ငန်းဆောင်တာတွေ တော်တော်များများမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ထိန်းတာ၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုစတဲ့ ဦးနှောက်ရဲ့ လုပ်ငန်းတွေ အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ အိုင်အိုဒင်း မပြည့်ဝတဲ့ သိုင်းရွိက်ဟာ စိတ်ကျရောဂါ၊ ကင်ဆာရောဂါနဲ့ တခြား ကြွက်သားအားနည်းတဲ့ရောဂါများပါဖြစ်စေနိုင်ပါတယ်။
အိုင်အိုဒင်းပြည့်ဝတဲ့ အစားအသောက်တွေဟာ အိုင်အိုဒင်းဆား၊ ရေညှိ၊ အာလူး နဲ့ ခရမ်ဘယ်ရီသီးတို့ ဖြစ်ကြပါတယ်။

၆။ သံဓာတ်ချို့ယွင်းခြင်း

သံဓာတ်ချို့ယွင်းရင် သွေးအားနည်းတတ်တယ်ဆိုပြီး လူအများက သိထားကြပါတယ်။ သွေးအားနည်းခြင်းရဲ့ နောက်ဆက်တွဲကတော့ စိတ်ရောဂါ တွေကို အစပျိုးအနေနဲ့ဖြစ်စေနိုင်ပါတယ်တဲ့။ သံဓာတ်ဟာလည်း ဦးနှောက်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်နေတာကြောင့်ပါ။
သံဓာတ်ကြွယ်ဝစေတဲ့ အစားအသောက်တွေကတော့ အသား၊ငါး၊ ကလီစာတွေနဲ့ ဥတွေပဲဖြစ်ပါတယ်။

၇။ အမိုင်နိုအက်ဆစ်ချို့ယွင်းခြင်း

အပေါ်မှာပြောသွားတဲ့ ဓာတ်တွေလိုမျိုးပဲ အမိုင်နိုအက်ဆစ်ဟာလည်း ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း တည်ဆောက်လို့မရပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဟာ ၁၂ မျိုးရှိပါတယ်။ ပရိုတင်းဓာတ်ကို တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ အမိုင်နိုအက်ဆစ်တွေ မလုံလောက်တဲ့အခါ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပါတယ်။
အမိုင်နိုအက်ဆစ်ပြည့်ဝစေဖို့အတွက် ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး၊ အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို စားပေးနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို သာမန်ထက်ပိုပြီး စိတ်ခံစားချက်တွေကို ပြင်းပြင်းထန်ထန်ခံစားမိနေပြီဆိုရင် စိတ်ကျရောဂါများ ရှိနေနိုင်လားလို့ မစဉ်းစားခင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံံစံကို အရင်ပြန်သုံးသပ်ကြည့်ပါ။ ညအိပ်ချိန်တွေလွဲနေလား၊ အပြင်စာတွေ၊ fast food တွေပဲ အများကြီးစားနေမိပြီလား၊ အာဟာရပြည့်ဝအောင်ရောနေရဲ့လား၊ အားဆေးသောက်ဖို့လိုနေပြီလား စသဖြင့် စစ်ဆေးကြည့်ပါ။ စိတ်ကျန်းမာဖို့အတွက် ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။ လူရော စိတ်ပါကျန်းမာပျော်ရွှင်ဖို့အတွက် နေ့စဉ် ပုံမှန်စားနေတဲ့အစားအသောက်ရဲ့ အာဟာရပြည့်ဝမှုပေါ်မှာလည်း အများကြီးမူတည်နေပါတယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူ အတွက် ပြုစုစောင့်ရှောက်ရသူ တစ်ယောက် ရဲ့ စိတ်သောက ကို လျှော့ချပေးနိုင်မယ့် အချက်လေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

စိတ်ဖိစီးမှုက ပမာဏ နည်နည်းမှာ စိတ်အားထက်သန်မှု ဖြစ်စေတယ်ဆိုပေမယ့် ပမာဏ များလာရင် ထိခိုက်မှု ကြီးလာပါတယ်။ဒီတော့ နှစ်ရှည်လများ စိတ်ဖိစီးမှုကို စုမထားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

စိတ်ဖိစီးမှုက ခံနိုင်စွမ်းထက် ကျော်လွန်လာရင်တော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်လာမှာပါ။ ဒီအဆင့်ထိရောက်မသွားအောင် ကာကွယ်ဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

ကြက်သားက နေမကောင်းမှ စားရတဲ့ ဓာတ်စာ မဟုတ်ပါဘူး။ နေကောင်းနေသူအဖို့လည်း ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်နေစေဖို့ ကြက်သားစားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးသန့်စေဖို့ ဒါတွေစားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းအအေး နဲ့ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 16, 2020 . 1 min read