အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ
ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး
နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ ရေကို ခဏခဏ သောက်မိနိုင်ပေမယ့် ဆောင်းရာသီလိုမျိုး အေးတဲ့ကာလမျိုးမှာ တော့ နွေရာသီလောက် ရေသောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ဆောင်းရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်မိဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ! ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆောင်းရာသီမှာ ရေများများ သောက်ဖို့ ဘာကြောင့် လိုအပ်တာလဲ! ဆောင်းရာသီမှာ နွေလောက် မပူဘူးဆိုပေမယ့် ပတ်ဝန်းကျင်က အေးမြခြောက်သွေ့ပြီး လေထုထဲမှာလည်း စိုထိုင်းဆတွေ နည်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေကပဲ ချွေးစေးပြန်ပြီး ချွေးခြောက်ဖို့ ခက်တာကြောင့် ကိုယ်တွင်းမှာ အပူတွေ များနေတတ်ပါတယ်။ ဒါ့ပြင် ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း ချွေးထွက်နိုင်သလို အေးမြတဲ့ ရာသီဥတု အခြေအနေကြောင့် ဆီးခဏခဏ […]