အာဟာရများပေမယ့် ကိုလက်စထရောလည်း မနည်းတဲ့ ကြက်ဥ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 6, 2020 . 2 mins read
Share now

အားမရှိဘူးလား ကြက်ဥပြုတ်စား လို့ပြောကြမှာပဲ။ ကြက်ဥစားပြီး ဝိတ်ချတဲ့နည်းတွေလည်းအောင်မြင်တယ်။ ပရိုတင်းအတွက်လည်း ကြက်ဥနဲ့တင် အဆင်ပြေတယ်။ ဒါပေမယ့် သူရဲ့ကိုလက်စထရောအတွက် အရင်တည်းက စိုးရိမ်မှုတွေရှိခဲ့တာပါ။

အခုတော့ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို မမေ့လျော့စေဖို့ သုတေသနအသစ်က သတိပေးလိုက်ပါတယ်။ လူဦးရေ ၃၀၀၀၀ ကို ၁၉၈၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းလေ့လာခဲ့တဲ့သုတေသနအရ တစ်နေ့ကို ကိုလက်စထရော ၃၀၀ မီလီဂရမ် ပိုစားသုံးတဲ့ သူတွေမှာ နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေ ၁၇ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။

ကြက်ဥကြီးကြီးတစ်လုံးမှာ ကိုလက်စထရော ၁၈၆ မီလီဂရမ်ဝန်းကျင်ပါဝင်ပါတယ်။ တစ်ပတ်ကို ကြက်ဥသုံးလုံးကနေလေးလုံးအထိစားတဲ့သူတွေဟာ နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေ ၆ ရာခိုင်နှုန်းပိုများပြီး တခြားရောဂါအကြောင်းရင်းနဲ့သေဆုံးရနိုင်ခြေ ၈ ရာခိုင်နှုန်းပိုများတယ်လို့လေ့လာမှုမှာတွေ့ရှိခဲ့တာပါ။

ကိုလက်စထရောရဲ့ စိန်ခေါ်မှု

ကျန်းမာရေးလောကမှ ကိုလက်စထရောနဲ့ပတ်သက်တဲ့အငြင်းပွားမှုတွေက ရှိနေပြီးသားပါ။ ကျန်းမာရေးနဲ့ညီအောင်စားသုံးရင်း ကိုလက်စထရောကို တတ်နိုင်သမျှနည်းအောင်စားသင့်တယ်လို့ အမေရိကန်ကျန်းမာရေးအာဟာရလမ်းညွှန်ချက် ၂၀၁၅-၂၀၂၀ မှာဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ကိုလက်စထရောဟာ အလွန်အကျွံစားမိမှာကို စိုးရိမ်ရမယ့် အာဟာရတစ်ခုမဟုတ်ဘူးလို့လည်း ပါရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သုတေသီတွေက လူမျိုး၊စီးပွားရေးအခြေအနေမတူညီတဲ့ သူတွေကို ၃၁ နှစ်ကြာ အကြီးစားလေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အနှစ်က ပြဿနာ

ကြက်ဥအနှစ်မှာ ကိုလက်စထရောပါဝင်မှုမြင့်မားနေသလို အနှစ်ကပဲ ကျန်းမာရေးအတွက် အကျိုးပြုဆုံးဆိုတာက အမှန်တရားဖြစ်နေတာကြောင့် ဒီလေ့လာမှုဖြစ်လာခဲ့တာပါ။

ကြက်ဥမှာ ဗီတာမင်A ၊ B-2 ၊ ဆယ်လီနီယမ်၊ B-12 နဲ့ ဖောလိတ်ဓာတ်တွေကြွယ်ဝပြီး လူတိန်းလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပရိုတင်းဓာတ်တွေ လည်း ကြွယ်ဝပါတယ်။ ဦးနှောက်နဲ့နှလုံးကျန်းမာရေးအတွက်အရေးကြီးတဲ့omega-3 fatty acidsတွေလည်း အများကြီးပါဝင်တယ်။

လေ့လာမှုမှာကိုက ကြက်ဥတစ်ခုတည်းမဟုတ်ဘဲ ကိုလက်စထရောရဲ့သက်ရောက်မှုကို ပိုဦးတည်တာတွေ့ရပါတယ်။ ဥပမာ ကြက်ဥ သို့မဟုတ် အစားအစာထဲက ကိုလက်စထရောနဲ့ လူတစ်ဦးရဲ့သွေးထဲက ကိုလက်စထရောပမာဏမှာ သိသာထင်ရှားတဲ့ဆက်နွှယ်မှုမတွေ့ရဘူးလို့ သုတေသီတွေကပြောပါတယ်။ သတိထားရမှာက စားသမျှ အာဟာရကိုပဲဖြစ်ပါတယ်။

AHA and American College of Cardiology ရဲ့ ၂၀၁၉ လမ်းညွှန်ချက်အရ ကိုလက်စထရောနဲ့ဆိုဒီယမ်လျှော့စားခြင်းက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်လို့ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ထိုက်သင့်တဲ့ပမာဏအတိုင်းအတာနဲ့ စားဖို့ကို အကြံပြုခဲ့ပါတယ်။ ကြက်ဥ တစ်နေ့သုံးလုံးစားတာကဘေးကင်းတယ်လို့ အကြံပြုချက်တွေရှိခဲ့ပေမယ့် ဒီကြက်ဥရဲ့ကိုလက်စထရောပမာဏရယ်၊ ကိုယ်စားမယ့်တခြားအစားအစာတွေဆီက ကိုလက်စထရောရယ်ပေါင်းရင်သွေးတွင်းကိုလက်စထရောများနေနိုင်တာကိုလေ့လာမှုကထောက်ပြခဲ့ပါတယ်။

ထပ်ပြောရရင် အချင့်အချိန်နဲ့စားတာ အဓိကသော့ချက်ပါပဲ။

“ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်နည်းအရ လူတွေဟာ ကိုလက်စထရောကိုလျှော့စားဖို့လိုပါတယ်။ ကိုလက်စထရောလျှော့စားတဲ့သူက နှလုံးရောဂါအန္တရာယ်ပိုနည်းမှာပဲ” လို့ သုတေသီ အယ်လန်ကပြောပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါ ဟာ စိတ်ပိုင်းဆိုင်ရာရောဂါပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါတွေကိုပါ ဖြစ်လာစေပါတယ်။ မိမိကိုယ်ကို သတ်သေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာ ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်ဆိုတဲ့ ခန့်မှန်းမှုကိုး။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read