အစားအသောက်ထဲက အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 5 mins read
Share now

ကမ္ဘာတလွှားမှာ ကင်ဆာရောဂါကြောင့်သေဆုံးသူအရေအတွက်ကတော်တော်လေးကိုများလာနေပါတယ်။နေ့စဉ်စားသောက်တဲ့အစားအစာတွေက ကင်ဆာဖြစ်ပေါ်ခံစားရတဲ့ အဓိကအကြောင်းရင်းခံပဲဖြစ်ပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေပါဝင်နေမှုက ကင်ဆာဖြစ်ပေါ်ခံစားရသူဦးရေ တိုးလာရတဲ့ကိစ္စနဲ့ ကင်ဆာရောဂါကြောင့်သေဆုံးသူဦးရေ များပြားလာရခြင်းရဲ့ အဓိကအကြောင်းရင်းခံဖြစ်ပါတယ်။

လူတွေရဲ့ ခန္ဓါကိုယ်ပေါ်မှာ သက်ရောက်မှုရှိနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့အခြေခံကျတဲ့ကာစီနိုဂျင် အမျိုးအစား ၄ မျိုးရှိပါတယ်။ ပထမဆုံးတစ်ခုက အစားအသောက်တွေထဲမှာ သဘာဝအတိုင်းပါနေတဲ့ ကာစီနိုဂျင်ဖြစ်ပြီး အဆိုပါကာစီနိုဂျင်ဓါတ်ကရှောင်လွှဲလို့မရပါဘူး။ ဥပမာပေးရရင် ငါးခြောက်တွေမှာ ပါနေတဲ့ ကာစီနိုဂျင်ဓါတ်ကိုရှောင်လွဲ စားသုံးလို့မရပါဘူး။ ဒုတိယတစ်ခုကတော့ ဆန်တို့၊ ဂျုံတို့မှကပ်ညှိနေတဲ့ မှိုသတ်ဆေးတွေကနေဖြစ်တဲ့ ကာစီနိုဂျင်ပါ ဆန်စေ့နဲ့ဂျုံစေ့ သိုလှောင်မှုပုံစံကိုကောင်းကောင်းလုပ်ဆောင်မယ်ဆိုရင်တော့ အဆိုပါ ကာစီနိုဂျင်ကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ တတိယမြောက်တစ်ခုကတော့ အရန်သင့်အစားအသောက်တွေကို တာရှည်ခံအောင်လုပ်ဆေင်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ ကာစိနိုဂျင်ဓါတ်ပါ။နောက်ဆုံးတစ်မျိုးကတော့ အစားအသောက်တွေကို အရောင်လှစေဖို့အတွက် အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ ကာစီနိုဂျင်ဓါတ်ပဲဖြစ်ပါတယ်။

အစားအသောက်တွေထဲကacrylamide

Acrylamide ဆိုတာကpolyacrylamide နဲ့ acrylamide copolymers တို့နဲ့ဖွဲ့စည်းထားတဲ့ ဓါတုဗေဒပစ္စည်းတစ်မျိုးဖြစ်ပါတယ်။acrylamide copolymers နဲ့polyacrylamide တို့ကို စက္ကူထုတ်လုပ်တာ၊ ဆိုးဆေး၊ ပလပ်စတစ်တေါထုတ်လုပ်တာလိုမျိုး စက်မှုလုပ်ငန်းတွေမှာ အသုံးပြုသလိုသောက်ရေနဲ့ ရေဆိုးသန့်စင်မှုတွေလုပ်ဆောင်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေကို ထုတ်ပိုးရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။ အစားအသောက်ထုတ်ပိုးမှုအတွင်း အသုံးပြုထားတဲ့polyacrylamide နဲ့ acrylamide copolymers တို့က အဆိုပါအစားအသောက်တွေထဲမှာ ကပ်ညှိနေနိုင်ပါတယ်။

အချို့အစားအသောက်တွေကို အပူချိန် ၁၂၀ ဒီဂရီ စဲဆီးရပ်စ်အထက် အပူပေးလိုက်တဲ့အခါ acrylamide ဓါတ်ထွက်ပေါ်လာပါတယ်၊လို့ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုက သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အပူချိန် ၁၂၀ ဒီဂရီ စဲဆီးရပ်စ်အောက်အပူပေးတဲ့အခါမှာတော့ acrylamide ထွက်ပေါ်တာမျိုးမရှိဘူးလို့လည်းဆိုပါတယ်။

လေ့လာစမ်းသပ်မှုအတွင်း acrylamide နဲ့ထိတွေ့မှုက ကင်ဆာရောဂါတော်တော်များများကိုဖြစ်ပေါ်စေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ လူသားတွေမှာ စမ်းသပ်မှုကတော့ အခုထိအလုံးစုံမပြီးသေးပါဘူး။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ acrylamide ပါဝင်နေမှုက ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမြို ကင်ဆာ၊အသံအိုးကင်ဆာ၊အူမကြီးကင်ဆာ၊ကျောက်ကပ်၊ရင်သားနဲ့ သားအိမ် ကင်ဆာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

အစားအသောက်တွေမှာပါတဲ့ အရောင်အသွေးတွေ

အစားအသောက်တွေအရောင်လှအောင်အသုံးပြုတဲ့ အရောင်တွေဖြစ်ကြတဲ့ အပြာ၊ အစိမ်း၊အနီ နဲ့ အဝါရောင်တွေက သွိုင်းရွိုက်ကင်ဆာ၊ အက်ဒရီနယ်လ် ဂလင်းကင်ဆာ၊ဆီးအိမ်၊ကျောက်ကပ် နဲ့ ဦးနှောက်ကင်ဆာတွေခံစားရစေနိုင်ပါတယ်။ ကလေးတွေအတွက် အစားအသောက်တွေဝယ်ယူတဲ့အခါမျိုးမှာ တတ်နိုင်သမျှ အရောင်ဆိုးဆေးတွေကင်းစင်တဲ့အစားအသောက်ကိုရွေးချယ်ဝယ်ယူပေးသင့်ပါတယ်။

အစားအသောက်တွေထဲက အဆီ

အစားအသောက်တွေထဲမှာပါတဲ့ပြောင်းဖူးဆီ၊ပဲပိစပ်ဆီတွေ (သို့) စားအုန်းဆီတွေလိုမျိုးဆီတွေက ဟိုက်ဒရိုဂျင်နဲ့ထိတွေ့တဲ့အခါ ခဲသွား ပြီး အသွင်ပြောင်းအဆီဖြစ်သွားပါတယ်။ တာရှည်ခံအောင်လုပ်ထားတဲ့ အသင့်စားအစားအသောက်တွေထဲမှာ အများဆုံးတွေ့ရှိရပါတယ်။ အဆာပြေစားလို့ရတဲ့အလွယ်စားအစားအစာတွေက ခန္ဓါကိုယ်တွင်းမှာ အကျိုးမပြု ကိုလက်စထရော LDL ကိုလက်စထရောကို တိုးစေပြီး အကျိုးပြု ကိုလက်စထရော HDl ကိုလက်စထရောပမာစကိုကျဆင်းစေပါတယ်။ အဆိုပါအဆီတွေကသွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကိုဖြစ်ပေးစေနိုင်ပါတယ်။ ဒီ အဆီဓါတ်တွေကို ဘီစကစ်တွေ၊ ပါစတာနဲ့ အသင့်စားအစားအသောက်တွေထဲမှာ အများဆုံးတွေ့ရှိရနိုင်ပါတယ်။

သစ်သီးတွေမှည့်စေဖို့နဲ့ ဟင်းသီးဟင်းရွက်တွေကြီးထွားအောင်သုံးတဲ့ ဓါတုပစ္စည်းတွေ

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကအာဟာရဓါတ်ကြွယ်ဝစွာပါဝင်တဲ့နေ့စဉ်အဓိကထားစားသုံးနေတဲ့ အစားအစာတစ်ရပ်လည်းဖြစ်ပါတယ်။နေ့စဉ်အဓိကထားစားသုံးနေတဲ့ ဒီအစားအသောက်တွေထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေပါဝင်နေတာမျိုးတွေရှိနေနိုင်ပါတယ်။

သစ်သီးဝလံတွေစိုက်ပျိုးတဲ့ စိုက်ခင်းတွေမှာ သစ်သီးတွေရင့်မှည့်ပြီး ကြီးထွားလာစေဖို့အတွက်calcium carbide ၊ Ethephon နဲ့ oxytocin တို့လိုမျိုး ဓါတုဗေဒပစ္စည်းတွေကို အသုံးပြုကြပါတယ်။Calcium carbide ကိုတော်တော်များများက ကာစီနိုဂျင်လို့ပဲသိထားကြတာဖြစ်ပြီး အစားအသောက်တွေမှာ အသုံးမပြုဖို့တားမြစ်ထားပါတယ်။Ethephon ကလည်းပိုးသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် အသီးတွေမှည့်အောင် အသုံးမပြုဖို့တားမြစ်ထားပါတယ်။Oxytocin ကတော့mammalian ဟော်မုန်းတစ်မျိုးဖြစ်ပြီး သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အသုံးမပြုဖို့ အကြံပြုထားပါတယ်။

calcium carbide မှာ အာဆင်းနစ်ဓါတ်ပါဝင်နေတာကြောင့်အော့အန်တာ၊မူးဝေတာ၊ ဝမ်းလျှောတာ၊သွေးအားနည်းတာနဲ့ သွေးပေါင်ချိန်ကျဆင်းစေတဲ့ ကျန်းမာရေးအန္တရာယ်တွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

Urea မြေသြဇာရဲ့သက်ရောက်မှု

ဈေးကွက်ထဲမှာရောင်းချနေတဲ့ငါးပိတွေမှာ ထည့်သွင်းပြုလုပ်လေ့ရှိတဲ့မြေသြဇာတစ်မျိုးဖြစ်တဲ့urea ကလည်း အစားအသောက်တွေရဲ့ အာဟာရဓါတ်ကိုပြင်းပြင်းထန်ထန်ပျက်စီးစေနိုင်ပါတယ်။ ပမာဏများစွာထိတွေ့မိတာက ကလေးငယ်တွေကိုသေစေတဲ့အထိဖြစ်နိုင်သလို လူတော်တော်များများမှာလည်း ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်း၊ကျောက်ကပ်၊အသည်းနဲ့ ဓါတ်မတည့်မှုတွေခံစားနေရတဲ့သူတွေအနေနဲ့ureaမြေသြဇာနဲ့ ထိတွေ့တာတွေကိုရှောင်ရှားသင့်ပါတယ်။urea ထည့်သွင်းလုပ်ဆောင်ထားတဲ့ အစားအသောက်တွေစားသုံးတာမျိုးကိုလည်းရှောင်ရှားရမှာဖြစ်ပါတယ်။

ပြန်ကြော်ဆီ အန္တရာယ်

တစ်နေ့တာ စားသောက်မငထဲမျာပြန်ကြော်ဆီတွေကို တစ်ကြိမ်လောက်တော့စားသုံးမိနိုင်ပါတယ်။ ဥပမာပေးရရင် ပလာတာ၊အီကြာကွေး၊စမူဆာကနေစလို့နေ့လယ်နေ့ခင်း အပျင်းပြေစားတဲ့ အကြော်တွေကတောင်ပြန်ကြော်ဆီတွေနဲ့ကြော်ထားတာပါ။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ ဆိုင်မှာစားတဲ့အစားအသောက်တွေထဲမှာ လည်းပြန်ကြော်ဆီတွေပါဝင်နေနိုင်ပါတယ်။

စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ၃ ကြိမ် ၄ကြိမ်ထက်မနည်းပြန်ကြော်ထားတဲ့ဆီတွေ၊ ဆိုင်တွေမှာသုံးနေတဲ့ အကြိမ်ကြိမ်ကြော်ထားတဲ့ ဆီတွေ၊ ခဏခဏအပူပေးပြီးကြော်ထားတဲ့ဆီတွေက ခန္ဓါကိုယ်ထဲမှာ ကိုလက်စထရောပမာဏကိုတိုးစေပြီးperoxides acidတွေဖြစ်ပေါ်စေကာ ကင်ဆာရောဂါခံစားရစေနိုင်သလို ကိုယ်တွင်းအင်္ဂါဆဲလ်တွေ တိုက်ခိုက်ဖျက်ဆီးခံရစေပြီး သွေးဖြူဥတွေထဲမှာလည်းရောဂါပိုးကူးစက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

ဖော်မလင် အန္တရာယ်

မပုတ်မသိုးအောင်အသုံးပြုတဲ့ ဓါတုပစ္စည်းတစ်မျိုးပါ။ လူသေအလောင်းတွေကို မပုတ်မသိုးစေအောင်လည်းအသုံးပြုကြပါတယ်။ဖော်မလင်ကသွေးကင်ဆာရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်သလို ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေကိုလည်းများစေပါတယ်။

ပဲပြားတွေ၊မုန့်ဖတ်တွေကို တာရှည်အထားခံအောင်ဖော်မလင်ထည့်ပြီးပြုလုပ်တာမျိုးတွေရှိနေပါတယ်။ဖော်မလင်ကို ထိတွေ့မှုကသွေးကင်ဆာဖြစ်စေနိုင်ပါတယ်။ ပင်လယ်စာတော်တော်များများမှာလည်း လူသားတွေရဲ့ အမျိုးမျိုးသောလုပ်ဆောင်မှုတွေနဲ့ သန့်ရှင်းမှုပိုင်းအားနည်းတာတွေကြောင့်ရောဂါပိုးတွေပေါက်ပွားနေနိုင်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေကို စားသုံးမိတဲ့အခါ အစားအသောက်ကနေတဆင့် ကူးစက်တဲ့ နာမကျန်းဖြစ်မှုတွေကိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် ပင်လယ်ရေနေသတ္တဝါတွေဟာ တိုးတက်လာတဲ့ စက်မှုလုပ်ငန်းတွေကစွန့်ထုတ်တဲ့ ဓါတုစွန့်ပစ်ပစ္စည်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကြောင့်ဖြစ်ပေါ်လာတဲ့ မာကျူရီ ပမာဏမြင့်မားလွန်းနေတာမျိုးတွေဖြစ်ပေါ်နေတတ်ပါတယ်။

ငါးတွေကို တင်ပို့ရောင်းချသူတွေက ငါးတွေ၊ပုဇွန်တွေကို တာရှည်ခံစေဖို့နဲ့ ဝယ်ယူသူတွေရဲ့အမြင်မှာလတ်ဆတ်တယ်လို့ယူဆစေဖို့ ကာဗွန်မိုနောက်ဆိုဒ်တွေကို အသုံးပြုပြီးလုပ်ဆောင်တာမျိုးတွေရှိပါတယ်။ဖော်မလင်ဖျော်ထားတဲ့အရည်ကို ငါးတွေ၊ပုဇွန်တွေအပေါ်ကို ဖျန်း လိုက်မယ်ဆိုရင် ငါးတွေ၊ပုဖွန်တွေက တာရှည်ခံတဲ့အပြင် အနံ့လည်း မထွက်ပဲ လတ်ဆတ်နေသလိုဖြစ်နေမှာဖြစ်ပါတယ်။ အစားအစာတွေနဲ့အသားငါးတွေတာရှည်ခံအောင် ဈေးကွက်တွေထဲမှာအသုံးပြုနေကြတဲ့ဖော်မလင်ကို အစားအသောက်တွေမှာ အသုံးပြုတာက အဆိပ်ဖြစ်စေနိုင်သလို ကင်ဆာရောဂါတွေကိုလည်းခံစားရစေနိုင်ပါတယ်။

အထည်ဆိုးဆေးတွေ

အထည်ဆိုးဆေးဆိုတာက အဝတ်အထည်တွေကိုအရောင်ဆိုးဖို့အတွက်သီးသန့်ထုတ်ထားတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အထည်ဆိုးဆေးတေကို အများအပါးစားသုံးမိမယ်ဆိုရင် အဆိပ်သင့်တာမျိုးခံစားရနိုင်ပါတယ်။နေ့စဉ်စားသုံးဖို့ရောင်းချနေတဲ့ ကုန်စည်တွေထဲမှာလည်း အရောင်လှအောင် အထည်ဆိုးဆေးတွေကို အသုံးပြုထားတာမျိုးတွေရှိပါတယ်။မြင်သာအောင်ပြောပြရရင် မျှစ်တွေမှာ အထည်ဆိုးဆေး အနီရောင်ကို အသုံးပြုထားတာဖြစ်ပါတယ်။

အထည်ဆိုးဆေးတွေထဲမှာAlkylphenol Ethoxylates (APEOS)၊Aniline၊Dioxin တို့လိုမျိုးဓါတုပစ္စည်းတွေကို အသုံးပြုထုတ်လုပ်ထားတာဖြစ်ပါတယ်။

Alkylphenol Ethoxylates (APEOS) – ဒီဓါတုပစ္စည်းက အမျိုးသားတွေမှာ သုတ်ကောင်ရေလော့ကျစေနိုင်သလို အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျတာမျိုးဖြစ်စေနိုင်သလို ကလေးငယ်တွေမှာလည်းမွေးရာပါချို့ယွင်းမှုတွေဖြစ်စေနိုင်ပါတယ်။

Aniline -ဒီဆိုးဆေးကို Azo dyes လို့သိကြပြီး အဆိပ်ပြင်းပါတယ်။ ကမ္ဘာတလွှားမှာ အသုံးပြုနေတဲ့ ဆိုးဆေး ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်အထိမှာပါဝင်နေပြီး အနီရောင်ဆိုးဆေးတွေမှာ အများဆုံးပါဝင်တတ်ပါတယ်။

Dioxin – အသည်းကင်ဆာနဲ့ အဆုတ်ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ကူးစက်ရောဂါတွေ ကိုခံစားရစေပါတယ်။ သန္ဓေသားကိုလည်း ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။

ဆိုးဆေးတွေမှာပါတတ်တဲ့chrome၊ copper နဲ့ ဇင့်တို့ကလည်း ကာစီနိုဂျင်တွေဖြစ်ကြပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

အေးခဲ အသားတွေထဲက Sodium tripolyphosphate (STPP)

Sodium tripolyphosphate (STPP) ဆိုတာက သန့်ရှင်းရေးသုံး ပစ္စည်းတွေကနေစလို့ အစားအစာတွေတာ၇ှည်ခံအောင်လုပ်ဆောင်တာအထိအသုံးပြုတဲ့ ဓါတုပစ္စည်းတစ်မျိုးပါ။ သူ့ကိုpentasodium salt (သို့) triphosphoric acid လို့လည်းသိကြပါတယ်။ သူ့ကို အိမ်သုတ်ဆေးတွေနဲ့ အခြားသောအစားအစာတွေမှာထည့်သွင်းအသုံးပြုကြပါတယ်။

STPP ကို ဆပ်ပြာခဲတွေ၊ ဆပ်ပြာမှုန့်တွေထဲမှာ ထည့်ပြီးအသုံးပြုတာများပါတယ်။ ပန်းကန်ဆေးတာ၊လျှော်ဖွတ်တာတွေအတွက် အသုံးပြုတဲ့ ဂျယ်လ်တွေ၊ အရည်တွေ၊ အခဲတွေ၊အမှုန့်တွေမှာ အသုံးပြုကြပါတယ်။ STPP ကအဓိအားဖြင့် ညစ်ပေတာတွေကို သန့်စင်အောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

Sodium tripolyphosphate (STPP) အနီရောင်အသားတွေ၊ ကြက်သား၊ဘဲသားတွေ၊ ငါးတွေနဲ့ ပင်လယ်စာတွေ ကိုသယ်ပို့သိုလှောင်နေစဉ်အတွင်းအစိုဓါတ်ထိန်းပေးဖို့နဲ့ ပျက်စီးပုတ်သိုးတာမျိုးမရှိစေဖို့အတွက်အသုံးပြုကြပါတယ်။STPP က နို့နဲ့ သစ်သီးဖျော်ရည်လိုမျိုးသောက်စရာတွေရဲ့ အရည်အသွေးကို ထိန်းသိမ်းဖို့အတွက်လည်း အသုံးပြုကြပါတယ်။

Sodium tripolyphosphate (STPP) က ပုဇွန်နဲ့ခုံးလိုမျိုး ပင်လယ်စာတွေကို အရွယ်အစားကြီးစေဖိုပဈေးကွက်တွေထဲမှာ အသုံးပြုနေမှုတွေလည်းရှိနေပါသေးတယ်။ STPP နဲ့ အချိန်ကြာမြင့်စွာထိတွေ့မိမယ်ဆိုရင် အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ အဆုတ်ကို အဆိပ်သင့်စေနိုင်သလို ကိုယ်အင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် ကိုယ်တွင်း အင်္ဂါတွေရောင်ရမ်းတာတွေကိုဖြစ်ပေးစေနိုင်ပါတယ်။ နာကျင်မှုတွေကိုလည်းဖြစ်ပေါ်စေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများ အားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာချေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ။ ဆောင်းရာသီမှာ ကျန်းမာအောင် ဘယ်လို စားသောက်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။

ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read