backup og meta

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

    သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း ကို ဖော်ပြလိုက်ရပါတယ်။

    ခွေးရူးပြန်ရောဂါကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ နည်းပါးသေးတဲ့ နိုင်ငံတွေမှာ ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေက အများအပြားရှိနေဆဲပါ။

    သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

    တကယ်တော့ ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေး ထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာ တစ်ခု ပါ။ ဒီတော့ ခွေးရူးရောဂါပိုး အကြောင်း သိထားပြိး ကာကွယ်လို့ ရအောင် ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။

    ခွေးရူးရောဂါပိုးဆိုတာ ဘာလဲ……..

    ခွေးရူးရောဂါပိုးဆိုတာက တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အိမ်မွေး ခွေးတွေမှာရော တောရိုင်းတိရစ္ဆာန်တွေမှာပါ တွေ့ရနိုင်ပါတယ်။ ကြောင်တွေ၊ လင်းနို့ နဲ့ ကိုက်ဖြတ်စား သတ္တဝါတွေမှာလည်း တွေ့ရနိုင်ပါတယ်။

    အထူးသဖြင့်တော့ ဒီရောဂါပိုးက လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ ဗဟို အာရုံကြောစနစ်ကို ဖျက်ဆီးပစ်တာပါ။ ဒီရောဂါက သေဆုံးသည်အထိ ပြင်းထန်နိုင်တဲ့ ရောဂါပါ။

    ရောဂါပိုး ဘယ်လို ကူးစက်သလဲ………..

    ဒီ ရောဂါပိုးက တိရစ္ဆာန် အချင်းချင်း ကူးနိုင်သလို တိရစ္ဆာန်ကနေ လူဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ အကိုက်ခံရတာတံထွေးတွေကနေတဆင့် ကူးစက်ခံရတာပါ။

    ပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ ကိုက်ခံရတာ၊ ကုတ်ခံရတာနဲ့ အရေပြား ပေါက်ပြဲနေတဲ့နေရာကို လျှာနဲ့လျက်ရင်း သွားရည်တွေကနေတဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ ခွေးတွေမှာ ဒီရောဂါပိုးကို အများဆုံး တွေ့ရနိုင်ပါတယ်။

    ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ………..

    လက္ခဏာ ပေါ်လာပြီဆိုတာနဲ့ လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် ဒီ ရောဂါပိုးကြောင့် အသက်ဆုံးရှုံးဖို့ သေချာသွားတဲ့ အနေအထားပါ။ ဒီ ရောဂါလက္ခဏာက ကြိုတင်သိဖို့ ခက်ခဲပါတယ်။

    တိရစ္ဆာန်လေးတွေမှာ ဆိုရင်တော့ အပြုအမူ ပြောင်းလဲတာ၊ ရန်လိုတာ၊ ဒေါသ ထွက်နေတာ၊ အကြောတွေ ဆွဲတာ၊ သွားရည်တွေ ကျနေတာမျိုး၊ အလင်းမခံနိုင်တာ၊ အသံဆူဆူတွေကို ကြောက်တာ၊ အကြောဆွဲတာ၊ ရေကိုကြောက်တာမျိုးတွေ တွေ့ရနိုင်ပါတယ်။

    ရောဂါပိုး ကူးစက်ခံထားရလား ဘယ်လို သိနိုင်မလဲ……………

    ရောဂါလက္ခဏာကို သိဖို့ ခက်ခဲတဲ့ ခွေးရူးပြန်ရောဂါပိုး ကူးစက်ခံထားရပြီလားဆိုတာကို ဒီ အခြေအနေတွေ ကနေတဆင့်ပဲ သုံးသပ်လို့ ရနိုင်မှာပါ။

    • ရောဂါပိုး ရှိတဲ့ လူတွေ။ တိရစ္ဆာန်တွေနဲ့ ထိတွေ့ဖူးတာ။
    • အကိုက်ခံရ ဖူးတာ။အကုတ်ခံရ ဖူးတာ။
    • အနာကို သွားရည်နဲ့ ထိတွေ့ဖူးတာ။
    • ပိုးရှိတဲ့ လူ ဒါမှမဟုတ် တိရစ္ဆာန်နဲ့ လက်ပွန်းတတီး နေဖူးတာ ဆိုတဲ့အချက်တွေကို သုံးသပ် သိရှိနိုင်ပါတယ်။

    ခွေးရူးရောဂါပိုးကို ကာကွယ်လို့ ရလား…………

    အပေါ်မှာ ပြောခဲ့သလိုပဲ ခွေးရူးရောဂါပိုးက ရာနှုန်းပြည့် ကာကွယ်လို့ရတဲ့ ရောဂါပိုးပါ။ ကာကွယ်ဆေးကို သေသေချာချာ ထိုးထားမယ်ဆိုရင် ခွေးရူးရောဂါပိုး ကူးစက်ခံရမှုကနေ အထိရောက်ဆုံး ကာကွယ်လိုက်တာပါပဲ။

    • အိမ်မွေးတိရစ္ဆာန်လေးတွေကို တစ်နှစ်တစ်ခါ ကာကွယ်ဆေး ထိုးပေးပါ။
    • သူတို့လေးတွေမှာ ကိုက်ခံရတာ ကုတ်ခံထားရတာတွေရှိလားဆိုတာကို သေချာ စစ်ဆေးပါ။ ရှိနေမယ်ဆိုရင် ကုသမှု ခံယူဖို့ လုပ်ပေးပါ။
    • တိရစ္ဆာန် တစ်ကောင်ကောင် ကိုက်တာခံရမယ်။ ကုတ်ခံရမယ်။ အနာကို လျှက်ပေးတာမျိုး ကြုံရမယ်ဆိုရင် ကာကွယ်ဆေး ထိုးပါ။

    ကဲ…. အချစ်တော် အိမ်မွေး တိရစ္ဆာန်လေးတွေကိုရော ကိုယ်တိုင်နဲ့ မိသားစုဝင်တွေကိုပါ ကြောက်စရာ ခွေးရူးပြန် ရောဂါ အန္တရာယ် ကနေ ကာကွယ်ပေးလိုက်ရအောင်လား…………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement