နိုင်ငံတကာ သတင်းတွေထဲကနေ မြင်ဖူးတဲ့ ဆန္ဒပြပွဲတွေထဲက မီးခိုးတွေ လှိုင်နေအောင်ထွက်တဲ့ မျက်ရည်ယို ဓာတ်ငွေ့ တွေအကြောင်း သေချာသိချင်လား။
နိုင်ငံတကာ သတင်းတွေထဲကနေ မြင်ဖူးတဲ့ ဆန္ဒပြပွဲတွေထဲက မီးခိုးတွေ လှိုင်နေအောင်ထွက်တဲ့ မျက်ရည်ယို ဓာတ်ငွေ့ တွေအကြောင်း သေချာသိချင်လား။
ဒီလို ဒီအခိုးအငွေ့တွေကြားကနေပဲ ဓာတ်ပုံတွေကို ရအောင်ရိုက်ယူခဲ့တဲ့ သူတွေ၊ တကယ်တွေ့ကြုံခဲ့ရသူတွေက မျက်ရည်ယိုဗုံးတွေ ဒဏ်ကနေ ဘယ်လို ကာကွယ်လဲဆိုတာရော? ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
မျက်ရည်ယို ဓာတ်ငွေ့ကို ကာကွယ်တဲ့ နည်းလမ်းတွေက မျက်ရည်ယို ဓာတ်ငွေ့ဒဏ်ကိုရော ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ်ကနေပါ ကာကွယ်ပေးနိုင်ပါတယ်၊ လို့ CDC က ဆိုပါတယ်။
မျက်ရည်ယို ဓာတ်ငွေ့တွေကို ဒီလို ကာကွယ်လို့ ရပါတယ်။
မျက်ရည်ယိုဓာတ်ငွေ့တွေ ဖြစ်ပေါ်လာပြီဆိုတာနဲ့ လူတစ်ဦးနဲ့ တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေပါ။ ဒါမှ ဓာတ်ငွေ့တွေက အလွယ်တကူ ပြန့်ပြီး ထိခိုက်မှု နည်းမှာပါ။
ဒီဓာတ်ငွေ့ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့ နည်းလမ်းအတိုင်း တစ်ဦးနဲ့ တစ်ဦး ၆ ပေ အကွာနေပါ။
မျက်ရည်ယို ဓာတ်ငွေ့ ထိမိနိုင်တဲ့ အနေအထားမျိုးမှာ မျက်ကပ်မှန် တပ်မထားပါနဲ့။ မျက်မှန်ကို တပ်ဆင်တာက အကောင်းဆုံးပါ။ မျက်နှာကာ တပ်ဆင်ထားတာကတော့ မျက်ရည်ယို ဓာတ်ငွေ့ကို ကာကွယ်နိုင်မယ့် အထိရောက်ဆုံး နည်းလမ်းပါ။
ဒီနေရာမှာ Mask နဲ့ Face shield တပ်တာက အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။
လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားတာက မျက်ရည်ယို ဓာတ်ငွေ့ကြောင့် အရေပြား ထိခိုက်မိနိုင်ခြေကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် မျက်ရည်ယို ဓာတ်ငွေ့အန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် လုံခြုံစွာ ဝတ်ဆင်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါလို့ CDC က အကြံပြုထားပါတယ်။
အဆီပါတဲ့ အောက်ခံ မိတ်ကပ်တွေ၊ နေလောင်ကာခရင်မ်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေကို အရေပြားမှာ ကပ်တွယ်စေနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်မှု မဖြစ်စေဖို့ အဆီပါတဲ့ အရေပြားပေါ် လိမ်းစရာတွေကို ရှောင်သင့်ပါတယ်။
မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ ဆိုပေမယ့် အငွေ့မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစား ပါ။ နာကျင်တဲ့ ခံစားမှုကို ခံစားရစေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။
ဒီဓာတ်ငွေ့တွေက အသက်သေစေဖို့ ထုတ်ထားတာမဟုတ်ပေမယ့် အပြင်းအထန် နာကျင်စေတာနဲ့ ထိခိုက်နာကျင်စေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အလုံပိတ်နေရာတွေမှာဆိုရင် ထိခိုက်နိုင်ခြေက ပိုများပါတယ်။ အဆိုးဆုံးအနေနဲ့ မျက်စိကွယ်တာ၊ ရေတိမ်လိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကို အလွန်အကျွံ ထိတွေ့ ရှူရှိုက်မိမယ်ဆိုရင် လည်ချောင်း၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။
မျက်ရည်ယိုဗုံး ထိခဲ့ရင်
အားလုံးကျန်းမာပျော်ရွှင်ပြီး ဘေးရန်အားလုံးကင်းစင်ကြပါစေနော် …
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။