မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ
မျက်ရည်ယိုဓာတ်ငွေ့ ထိတွေ့ခဲ့ရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပါ။
ဓာတ်ငွေ့ရှိတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပါ။
မျက်ရည်ယိုဓာတ်ငွေ့ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ဓာတ်ငွေ့တွေ ရှိတဲ့နေရကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာပါ။ ဒီဓာတ်ငွေ့တွေကို ကြာကြာရှည်ရှည် ထိတွေ့တာက မျက်ရည်၊ သလိပ်တွေကို ထွက်စေပြီး အသက်ရှူ ကြပ်တာ၊ လှုပ်ရှားဖို့ ခက်ခဲတာတွေ ဖြစ်လာစေနိင်ပါတယ်။
ဒါကြောင့် မျက်ရည်ယို ဓာတ်ငွေ့ရှိတဲ့နေရာကနေ ခပ်မြင့်မြင့်ကို တက်ပါ၊ လို့ CDCက အကြံပြုထားပါတယ်။ လေတင်အရပ်မှာ နေလို့လည်း ရပါတယ်။
လေဝဝရှူလို့ရမယ့် နေရာကို ရောက်ပြီဆိုတာနဲ့ မျက်လုံး နဲ့ မျက်နှာကို ရေသန့်သန့်နဲ့ ဆေးချပါ။ နဖူးကနေ အောက်ဘက်ကို သစ်ချပစ်ပါ။ မျက်နှာကိုရေမသုတ်ပါနဲ့။ တတ်နိုင်သမျှ ရေများများနဲ့ ဆက်တိုက်ဆေးချပါ။
မျက်နှာကို လေတိုက်ခံလို့လည်း ရပါတယ်။ ဒါကလည်း သက်သာစေမယ့် နည်းလမ်းတွေထဲက တစ်ခုပါ။
ဓာတ်ငွေ့တွေက အဝတ်အစားတွေမှာ ကပ်နေပြီး ထိခိုက်စေနိုင်တာကြောင့် အပြင်ကနေ ထပ်ဝတ်ထားတဲ့ အဝတ်အစားတွေကို အမြန်ဆုံး ဖယ်ရှားပစ်ပါ။ ဒီဓာတ်ငွေ့တွေက အရေပြားကို လောင်ကျွမ်းတာမျိုး ဖြစ်စေနိုင်တာကြောင့် အရေပြးကို သန့်စင်အောင်ထားပါ။ ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို အမြန်ဆုံး ချွတ်ပစ်ပါ။
ချွတ်လိုက်တဲ့ အဝတ်မစားတွေကို ပလပ်စတစ်အိတ် တစ်ခုထဲထည့်ပြီး လုံနေအောင်ပိတ်ထားပါ။ အချိန်အတော်ကြာ ထားပြီးမှ လျှော်ဖွတ်တာမျိုး လုပ်ပါ။ မျက်မှန်တပ်တတ်သူဖြစ်မယ်ဆိုရင် ဓာတ်ငွေ့ထိပြီးတဲ့အခါ မျက်မှန်ကို ချက်ချင်းဆေးကြောသန့်စင်ပါ။
ရေချိုးဖို့က အရေးအကြီးဆုံး အဆင့်တစ်ရပ်ပါ။ မျက်ရည်ယိုဓာတ်ငွေ့ ထိထားပြီဆိုရင် ရေနဲ့ ဆပ်ပြာ ခပ်များများ သုံးပြီး ရေချိုးချလိုက်ပါ။ ဒါမှ မျက်ရည်ယို ဓာတ်ငွေ့ကြောင့် ထိခိုက်မှု နည်းသွားမှာပါ။
ခေါင်းလျှော်ချဖို့ မမေ့ပါနဲ့။ ခေါင်းလျှော်တဲ့အခါ ခေါင်းကို အရှေ့ဘက်ကို ကိုင်းပြီး လျှော်ချပေးပါ။
ဒီနည်းလမ်းတွေက မျက်ရည်ယိုဓာတ်ငွေ့ထိမိတဲ့အခါ အမြန်ဆုံး သက်သာစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။