လုံလောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေ၊ အချိန်နဲ့တပြေးညီ ကုသစောင့်ရှောက်ပေးနိုင်မှုတွေ ကင်းမဲ့မှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသောလူတွေဟာ ထိခိုက်မှုတွေကြောင့် နာကျင်မှုတွေ၊ သေဆုံးမှုတွေကို ခံစားနေကြရပါတယ်။
ထွက်မှာ သေချာပြီလား။
လုံလောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေ၊ အချိန်နဲ့တပြေးညီ ကုသစောင့်ရှောက်ပေးနိုင်မှုတွေ ကင်းမဲ့မှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသောလူတွေဟာ ထိခိုက်မှုတွေကြောင့် နာကျင်မှုတွေ၊ သေဆုံးမှုတွေကို ခံစားနေကြရပါတယ်။
တကယ်လို့ ထိခိုက်မှုတစ်ခုခု၊ မတော်တဆမှု တစ်ခုခု ဖြစ်တဲ့အခါ ချက်ချင်းဆိုသလို ထိထိရောက်ရောက် ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ အရေးပေါ်အခြေအနေတွေမှာ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးတာက လူနာကို ရှင်သန်နိုင်မယ့် အခွင့်အလမ်းများစေပါတယ်။
ရှေးဦးသူနာပြုစုခြင်းက အရေးပေါ်ကုသမှုနေရာမှာအစားထိုးတာမျိုး မဟုတ်ပါဘူး။ ထိခိုက်မိတဲ့အခါ ပြင်းထန်တဲ့အဆင့် မရောက်စေဖို့နဲ့ ရှင်သန်နိုင်မယ့် အခွင့်အရေးများစေဖို့ အရေးပေါ်ကုသမှုမခံယူနိုင်ခင်စပ်ကြား လုပ်ဆောင်ပေးသင့်တဲ့ အရေးပါတဲ့အဆင့်တစ်ရပ်ပါ။
ရှေးဦးသူနာပြုစုခြင်းရဲ့ အဓိကရည်ရွယ်ချက်က
ရှေးဦးသူနာပြုစုမှုကို လိုအပ်နိုင်တဲ့ အခြေအနေကတော့ တစ်ခု မကပါဘူး။
လိုအပ်မယ်ဆိုရင် ကြပ်စည်းပေးတာ၊ CPR လုပ်ပေးရတာတွေကိုလည်း လုပ်ဆောင်ပေးဖိုပ လိုပါမယ်။ ဒါမှ လူနာက အသက်အန္တရာယ်ကနေ ကင်းမှာပါ။
မတော်တဆ ထိခိုက်မှုတစ်ခုခုနဲ့ ကြုံတဲ့အခါ မှန်ကန်တဲ့ ရှေးဦးသူနာပြုစုခြင်းနဲ့ ပြုစုပေးနိုင်တာက မလိုအပ်ဘဲ ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်ရာရောက်သလို အသက်အန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
First aid https://www.ifrc.org/en/what-we-do/health/first-aid-saves-lives/ Accessed Date 23 December 2020
10 Basic First Aid Procedures https://www.verywellhealth.com/basic-first-aid-procedures-1298578 Accessed Date 23 December 2020