အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ခြင်ကိုက်မခံရဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ခြင်ကိုက်တဲ့အခါ အရေပြားမှာယားယံမှုတွေဖြစ်လာပြီး အနီရောင်အဖုလေးတွေကျန်နေတတ်ပါတယ်။ များသောအားဖြင့်ကတော့ အဝတ်တွေလွတ်နေတတ်တဲ့ခြေထောက် နဲ့ လက်တို့မှာ အဖြစ်များပါတယ်။ခြင်ကိုက်ဖုက အချိန်ကြာလာတာနဲ့အမျှ အညိုရောင်အစက်လေးတွေအဖြစ် ကျန်ရှိနေတတ်ပါတယ်။ အသားအရေက ထိခိုက်လွယ်သူတွေမှာဆိုရင်တော့ခြင်ကိုက်ဖုတွေက အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲ ရှိနေတတ်ပါတယ်။ ဒီလိုအရေပြားမှာ ကျန်နေတဲ့ခြင်ကိုက်ဖုတွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲ မသိဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။

အရေပြားပေါ်ကခြင်ကိုက်ဖုတွေကို ဒီလိုသက်သာအောင်လုပ်ပါ

အရေပြားပေါ်ကခြင်ကိုက်ဖုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့ ဒီနည်းလေးတွေ သုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။

ဗီတာမင် E

အရေပြားကို အနာကျက်စေနိုင်ပါတယ်။ခြင်ကိုက်ဖုတွေကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ ဗီတာမင် E ကို တစ်နေ့နှစ်ကြိမ် ကနေ သုံးကြိမ်လောက်အထိလူးပေးပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးပြီးခြင်ကိုက်ဖုပေါ်မှာ တစ်နေ့နှစ်ကြိမ်ပွတ်ပေးပါ။ အမာရွတ်တွေနဲ့ခြင်ကိုက်ဖုတွေပျောက်ကင်းစေပြီ အသားအရေ ဝင်းလက်စိုပြေလာစေမှာပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချလိုက်ပါ။

သံပရိုသီး

အရေပြားပေါ်က အမာရွတ်၊အမဲစက်တွေကို သက်သာပျောက်ကင်းစေနိုင်ပြီး အသားအရေကို ဝင်းလက်စေနိုင်ပါတယ်။ သံပရိုသီးစိတ်လေးနဲ့ခြင်ကိုက်ဖုပေါ်ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရေအေးနဲ့ဆေးချပေးပါ။ တစ်နေ့နှစ်ကြိမ်ပုံမှန်လုပ်ပေးပါ။

သင်္ဘောသီး

သင်္ဘောသီးက အသားအရေအတွက်ကောင်းမွန်စေနိုင်ပါတယ်။ သင်္ဘောသီးကို ကြိတ်ခြေပြီး အနှစ်ကိုခြင်ကိုက်ဖုပေါ်မှာ အုံပေးပါ။ အရေပြားကစုပ်ယူနိုင်စေဖို့ ၁၀ မိနစ်လောက်ထားပြီးရေအေးနဲ့ဆေးချလိုက်ပါ။

အုန်းဆီ

အလွယ်ကူဆုံးနဲ့ အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုပေါ့။ အမာရွတ်တွေကို ပါးစေပြီး အသားအရေကို စိုပြေစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ဖုတွေကို အုန်းဆီလိမ်းပေးပါ။

ရှားစောင်းလက်ပပ်

အရေပြားအတွက် အသုံးဝင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပါ။ အတွင်းက ဂျယ်လီသားကို အအေးခံပြီးခြင်ကိုက်ဖုပေါ်မှာ ကပ်ပေးပါ။ တစ်နေ့ နှစ်ကြိမ်လုပ်ပေးပါ။

ပျားရည်

ပျားရည်က အရေပြားရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျားရည်ကို အရေပြားအတွက် အသုံးပြုခဲ့ကြတာပါ။ခြင်ကိုက်ဖုပေါ်မှာ ပျားရည်လိမ်းပေးပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ ယားယံမှုကို သက်သာစေပြီးခြင်ကိုက်ဖုတွေကို သက်သာစေမှာပါ။

ဗီနီကာ

ခြင်ကိုက်ဖုပေါ်ကို ဗီနီကာအစက်ချပေးပါ။ နည်းနည်းစပ်သလိုခံစားရနိုင်ပါတယ်။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ရေအေးလေးနဲ့ဆေးချလိုက်ပါ။

မျက်လုံးစပ်စေတတ်တဲ့ ကြက်သွန်နီကခြင်ကိုက်ဖုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြက်သွန်နီအရည်ကို ဂွမ်းစလေးနဲ့ယူပြီးခြင်ကိုက်ဖုပေါ်မှာ တို့ပေးလို့ရသလို ကြက်သွန်နီကိုစိတ်ပြီး တစ်စိတ်ကိုယူလို့ ခြင်ကိုက်ဖုပေါ်မှာပွတ်ပေးရင်လည်းရပါတယ်။ ခဏလောက်ထားပြီးရင်ရေအေးလေးနဲ့ဆေးချလိုက်ပါ။
ဆေးဖက်ဝင်တဲ့အရာအဖြစ်သိထားကြတဲ့ ကြက်သွန်ဖြူက အရေပြားပေါ်ကခြင်ကိုက်ဖုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူကို ထက်ပိုင်းပိုင်းပြီးခြင်ကိုက်ဖုကို ပွတ်ပေးလို့ရသလို အရည်ကြိတ်ပြီးခြင်ကိုက်ဖုပေါ်မှာစွတ်ပေးလို့လည်းရပါတယ်။ ခဏလောက်ထားပြီးရင်ရေအေးလေးနဲ့ဆေးချလိုက်ပါ။
အရေပြားပေါ်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ခြင်ကိုက်ဖုတွေကို ဒီနည်းလေးတွေသုံးပြီး သက်သာအောင်လုပ်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ…..

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read