ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အပူလောင်ခြင်း အတွက် သိထားသင့်သည့် အချက်များ

အပူလောင်ခြင်း ဆိုသည်မှာ အပူနှင့် ဓာတုဗေဒပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။အပူလောင်ကျွမ်းခြင်းကြောင့် အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။ အရေပြားသည် ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြင်လွှာ (Epidermis)နှင့် အတွင်းလွှာ (Dermis) ဟူသည့် တစ်ရှူး (အသားမျှင်) (၂)လွှာဖြင့် တည်ဆောက်ထားပါသည်။ အပေါ်ယံ အရေပြား သည် အဆီလွှာပေါ်တွင် တည်ရှိပြီး ရေလုံစေပါသည်။ အတွင်းလွှာတွင် သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများ၊ အဆီပြုဂလင်းများ၊ ချွေးဂလင်းများနှင့် မွေးညှင်းမြစ်များပါရှိပါသည်။ အရေပြား၏ အဓိကလုပ်ငန်းစဉ်များမှာ ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် ကာကွယ်ခြင်း၊ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချွေးအဖြစ်စွန့်ထုတ်ခြင်း၊ ခန္ဓာကိုယ်အား အပူဓာတ်၊ အအေးဓာတ်တို့ကို သမမျှတစေခြင်း၊ ထိခိုက်ဒဏ်ရာများကို အနာကျက်စေခြင်းတို့ ဖြစ်ပါသည်။ အပူလောင်ခြင်း အမျိုးအစားများ (၁)      မီးလောင်ခြင်း   မီးတောက်၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချွေးထွက်လွန်းတဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ

ချွေးထွက် တယ်ဆိုတာ များသောအားဖြင့်တော့ ကျန်းမာတဲ့ လူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်က ကျန်းမာပြီး ပုံမှန် အလုပ်လုပ်နေတယ်ဆိုတာကို ချွေးထွက်ခြင်းကနေ သိနိုင်ပါတယ်။ လိုတာထက် ပိုများနေရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတာ ဒါမှမဟုတ် ကိုယ်သောက်နေတဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန် ချွေးထွက်သန်တဲ့သူတွေအတွက် စိုးရိမ်စရာ မရှိပေမယ့် နေ့စဉ်ရက်ဆက် ဆိုသလို အကြောင်းရင်းမရှိဘဲ ချွေးအလွန်အကျွံ ထွက်လာတာမျိုးကိုတော့ ဆရာဝန်နဲ့ တစ်ချက်ပြကြည့်စေချင်ပါတယ်။ များသောအားဖြင့် ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို ယှဉ်လိုက်ရင် ယောက်ျားလေးတွေက ပိုပြီး ချွေးထွက်သန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေပူမရှောင်ဘဲ အပြင်ထွက်တာ၊ ခွန်အားစိုက်ထုတ်ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ၊ အမြဲတမ်း လှုပ်ရှားသွားလာနေရတာ၊ လေ့ကျင့်ခန်း၊ အားကစားလုပ်တာအပြင် ယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းနှုန်းက မိန်းကလေးတွေထက် […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်လိုက်ခြင်းရဲ့ နောက်ကွယ်က အချိန်နဲ့အမျှပြောင်းလဲမှုများ

သင်ကဆေးလိပ်သောက်တာကို အလွန်စွဲလမ်းနေတဲ့ သူဆိုရင်အခုချက်ချင်းပဲ ဆေးလိပ်ဖြတ်လိုက်ဖို့နောက်မကျသေးပါဘူးနော်။ မြန်မြန်ဖြတ်နိုင်လေလေ ကင်ဆာရောဂါနဲ့ ဆေးလိပ် ကြောင့်ဖြစ်တဲ့ အခြားရောဂါတွေ ဖြစ်ပွားမှုနှုန်း လျော့နည်းလေဖြစ်ပါတယ်။ နောက်ဆုံး စီးကရက်ကို သောက်ပြီး ဆေးလိပ်ဖြတ်လိုက်ချိန်ကစပြီး မိနစ်ပိုင်းအတွင်းမှာပဲ သင့် ခန္ဓာကိုယ် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကြုံတွေ့နိုင်မှာပါ။ အချိန်နဲ့အမျှပြောင်းလဲမှုတွေကို ပြောပြပေးပါမယ်။ ဆေးလိပ်ဖြတ်ပြီးမိနစ် ၂၀ အကြာ။      ။သင့်ရဲ့နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကတက်မနေတော့ ဘဲကျသွားမှာပါ။ ပုံမှန်အခြေအနေကို ပြန်ရောက်သွားမယ်လို့ ဆိုလိုတာပါ။ ဆေးလိပ်ဖြတ်ပြီး ၁ နာရီအကြာ။          ။သင့်ရဲ့သွေးလည်ပတ်နှုန်းတိုးတက်လာပါပြီ ၁၂ နာရီအကြာ။          ။စီးကရက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ပါဝင်ပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ အလွန်အန္တရာယ်ရှိပါတယ်။ အဆုတ်ထဲကို အောက်ဆီဂျင်ဓါတ်ငွေ့ မဝင်နိုင်အောင် တားဆီးပါတယ်။ တစ်ချိန်တည်းမှာ ပမာဏအများကြီးရှုရှိုက်မိရင်တော့ အသက်ရှုမွန်းကျပ်ပြီး သေဆုံးတဲ့ထိတောင်ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီအကြာမှာတော့ ခန္ဓာကိုယ်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှင်းလင်းသန့်စင်လိုက်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏဟာ လျော့ကျသွားပြီး […]


ရှေးဦးသူနာပြုစုခြင်း

အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

အပူငုတ်ခြင်း ဖြစ်နိုင်သောအခြေအနေများ နေပူထဲပြင်းထန်စွာ အလုပ်လုပ်ခြင်း။ ရေလုံလောက်စွာ မသောက်ဘဲ အလုပ်များများလုပ်ခြင်း။ ပူပြင်းသောပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ခြင်း။ လက္ခဏာ အလွန်အမင်းချွေးထွက်ခြင်း အသားအရေဖြူဖပ်ဖြူရော်ဖြစ်ခြင်း ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း အသားအရေ စိုစွတ်အေးစက်ခြင်း ပျို့အန်ခြင်း ခေါင်းကိုက်ခြင်း၊ တခါတရံဝမ်းလျှောခြင်း သွေးခုန်နှုန်းမြန်၍ အားနည်းခြင်း သာမန်အပူချိန်ရှိခြင်း (သို့) သာမန်အပူချိန်ထက် အနည်းငယ်မျှသာတတ်နိုင်ခြင်း ခန္ဓာကိုယ်မှ ရေနှင့်ဆားဓာတ်များ ဆုံးရှုံးခြင်း။ ပြုစုခြင်း ရေပတ်တိုက်ခြင်းဖြင့် အပူချိန်ကိုချပါ။ ရေအေးများများတိုက်ပါ။ (ဓာတ်ဆားဖျော်ရည်၊ အားဖြည့်အချိုရည်တိုက်ပါ။) လူနာကို လေကောင်းလေသန့်ရသော အရိပ်ထဲတွင်ထားပါ။ လိုအပ်ပါက လူနာကို ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။ အပူရှပ်ခြင်း လက္ခဏာ အသားအရေနီမြန်းပြီး အလွန်အမင်းပူကာ ခြောက်သွေ့ခြင်း။ ချွေးမထွက်ခြင်း။ အဖျားကြီးခြင်း။ (ကိုယ်အပူချိန်အမြင့်ဆုံး ရောက်နိုင်သည်) တခါတရံ သတိလစ်ခြင်း။ ပြုစုခြင်း လေကောင်းလေသန့်ရသော အခန်းတွင်း (သို့မဟုတ်) အရိပ်ရသောနေရာတွင် သက်တောင့် သက်သာ လဲလျောင်းထားပြီး […]


ရှေးဦးသူနာပြုစုခြင်း

အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

အပူလောင်ခြင်းဆိုသည်မှာ အပူနှင့်ဓာတုဗေဒပစ္စည်းများကြောင့်ဖြစ်စေ၊ အရည်ပူလောင်ကျွမ်းခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။ အရည်ပူလောင်ခြင်းဆိုသည်မှာ ပူသောအရည်၊ အငွေ့များကြောင့် ခန္ဓာကိုယ်၏ အရေပြားတွင် ဒဏ်ရာ ရခြင်းကို ခေါ်ပါသည်။ အပူလောင်ကျွမ်းခြင်းကြောင့်အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။ အရေပြားသည် ခန္ဓာကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြင်လွှာ (Epidermis) နှင့် အတွင်းလွှာ (Dermis) ဟူသော တစ်ရှူး (အသားမျှင်) (၂)လွှာဖြင့် တည်ဆောက်ထားပါသည်။ အပေါ်ယံ အရေပြား သည် အဆီလွှာပေါ်တွင်တည်ရှိပြီး ရေလုံစေပါသည်။ အတွင်းလွှာတွင် သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများ၊ အဆီပြုဂလင်းများ၊ ချွေးဂလင်းများနှင့် မွေးညင်းမြစ်များပါရှိပါသည်။ အရေပြား၏ အဓိကလုပ်ငန်းစဉ်များမှာ ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် ကာကွယ်ခြင်း၊ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချွေးအဖြစ်စွန့်ထုတ်ခြင်း၊ ခန္ဓာကိုယ်အား အပူဓာတ်၊ အအေးဓာတ်တို့ကို သမမျှတစေခြင်း၊ ထိခိုက်ဒဏ်ရာများကို […]


ရှေးဦးသူနာပြုစုခြင်း

အနာ တစ်ခု ချုပ်ဖို့ လိုမလို ဘယ်လို ဆုံးဖြတ်မလဲ။

ဆေးခန်းကို ကွဲပြဲပြီး ရောက်လာပြီဆိုရင် အရင်ဆုံး မေးတာက ချုပ်ဖို့ လိုမှာလားတဲ့။ ချုပ်မယ်ဆိုရင်လည်း ဘယ်နှချက်ချုပ်ရမှာလဲ။ မချုပ်လို့ မရဘူးလား စသည်ဖြင့် မေးခွန်းတွေက ကြားနေကြရပါတယ်။ အနာ တိုင်းတော့ ချုပ်ဖို့ ဘယ်လိုမလဲ။ ချုပ်ဖို့ လိုတဲ့ အနာတွေကျတော့လည်း ချုပ်လိုက်မှ အနာရဲ့ နောက်ဆက်တွဲတွေကို ကာကွယ်နိုင်မယ်။ အနာကောင်းကောင်း ကျက်နိုင်မယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ချုပ်ကြတာပါ။ ဆိုတော့ အနာတစ်ခု ချုပ်ဖို့ လိုမလိုကို အောက်က အချက်တွေနဲ့ အကြမ်းဖျင်း  ဆုံးဖြတ်ပါတယ်။ ကိုယ်က ချုပ်ဖို့ မလိုဘူး ထင်ပေမယ့် ဆရာဝန်က အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ချုပ်ဖို့ လိုအပ်လို့ ချုပ်ပေး လိုက်တာမျိုးလည်း ရှိပါတယ်။ ဘယ်အချက်တွေလဲဆိုတာကို ကြည့်ရအောင်။ (၁) အနာ ရွယ်အစား အနာရဲ့ […]


ရှေးဦးသူနာပြုစုခြင်း

အရိုးအက်တာ သက်သာစေဖို့

ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်ဆောင် နိုင်စေဖို့ဆိုရင် အရိုးတွေ သန်မာစေဖို့ လိုအပ်ပါမယ်။ ဒီလို အရေးပါတဲ့ အရိုးတွေ မှာ မတော်တဆ ထိခိုက်မှုတွေဖြစ်မယ်ဆိုရင် နေ့စဉ် လှုပ်ရှားမှုမှာ တော်တော်လေး ထိခိုက်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ အရိုး ကျန်းမာရေး ပြဿနာ တစ်ခုဖြစ်တဲ့ အရိုးအက်တာမျိုး ဖြစ်ခဲ့ရင် ဘယ်လို ကုသစောင့်ရှောက်မှုတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ အရိုးအက်တယ် ဆိုတာ အရိုးအက်တယ်ဆိုတာက အရိုးကျိုးတာလောက်အထိ မပြင်းထန်ပေမယ့် လှုပ်ရှားမှုလုပ်တဲ့အခါ တော်တော်လေး အခက်တွေ့စေနိုင်တဲ့ အရိုးထိခိုက်မှုပါ။ အရိုးအက်တယ်ဆိုတာက ပြင်းထန်တဲ့ ထိခိုက်မှု တစ်ခုခုကြောင့် အရိုးမှာ ကြီးကြီးမားမားထိခိုက်မှုဖြစ်တာမျိုးပါ။ အရိုးအက်တယ်ဆိုတာက trabeculae လို့ခေါ်တဲ့ အရိုးတွေကို ဆက်ပေးတဲ့ fibrous tissues တစ်ရှူးတွေ ပြင်းပြင်းထန်ထန်ထိခိုက်မိတာ ဒါမှမဟုတ် ပျက်စီဒတဲ့အခြေအနေရဲ့ နောက်ဆက်တွဲ ပြဿနာပါ။ ဒီတစ်ရှူးတွေ […]


ရှေးဦးသူနာပြုစုခြင်း

သရက်စေး လောင်ခဲ့ရင်

သရက်သီးတွေ လှိုင်လှိုင်သီးလို့ သရက်သီး ခူးရမယ့်အချိန်တောင် ရောက်လာပြီနော်။ အစိမ်းကို ငံပြာရည်၊ ငရုတ်သီးမှုန့်နဲ့စားစား၊ ငပိလေးကင်ပြီး ပုစွန်ခြောက် ဆီချက်၊ မြေပဲထောင်းလေးနဲ့ အရသာရှိရှိ သုပ်စားစား၊ ငရုတ်သီး အစိမ်းမှုန့် ဆားလေးနဲ့ တို့စားစား စားကောင်းတဲ့ သရက်သီးလေးကို ခူးတဲ့အချိန်မှာ အဖြစ်များတဲ့ ပြဿနာတစ်ခုရှိပါတယ်။ အစေးလောင်တာပါ။ ဝယ်စားတဲ့သူက ပြဿနာ မရှိပေမယ့် ကိုယ်တိုင် အပင်ကနေ ခူးစားမယ့် သူလေးတွေဆိုရင်တော့ မျက်လုံးထဲ အစေးဝင်တာမျိုး၊ လက်ကို သရက်စေး လောင်တာ၊ မျက်နှာပေါ် အစေးကျတာ၊ အရေပြားကို အစေးလောင်တာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး သရက်စေး လောင်ခဲ့ရင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ သရက်စေး ဆိုတာ ဘာလဲ........... သရက်စေး ဆိုတာက သရက်သီးကို ခူးလိုက်တဲ့အခါ အကိုင်းကနေရာ သရက်သီး အညှာလေးကနေပါ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား

လူအများစုဟာ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်တတ်ကြောင်း သိကြပါတယ်။ ဒါပေမယ့် ဆေးလိပ်ကြောင့် နှလုံးကိုပါ ထိခိုက်နိုင်ကြောင်း သိရှိသူနည်းပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား ဆိုတော့ ဆေးလိပ်ဟာ နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်ပွားနိုင်ခြေ မြင့်တက်စေပါတယ်။ အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ အဆိုအရ ဆေးလိပ်ကြောင့် သေဆုံးသူပေါင်းဟာ တနှစ်ကို ၄၈၀၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား သုတေသနတွေအရ ဆေးလိပ်သောက်တဲ့အခါ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးကြောတွေကို မာကြောလာစေပါတယ်။ စည်းချက်မမှန်ဘဲ နှလုံးကို ပိုပြီးအားစိုက်ကာ အလုပ်လုပ်ရစေပါတယ်။ ဆေးလိပ်ကြောင့် သွေးတိုးစေနိုင်ပြီး လေဖြတ်နိုင်ခြေလည်း မြင့်စေပါတယ်။ ဆေးလိပ်နဲ့ စီးကရက်တွေမှာ အဓိကပါဝင်တာကတော့ နီကိုတင်းဖြစ်ပါတယ်။ ဒါ့အပြင် တား လို့ခေါ်တဲ့ ကတ္တရာဓာတ်ပေါင်းတမျိုးနဲ့ ကာဗွန်မိုနောက်ဆိုဒ်လည်းပါဝင်ပြီး နှလုံးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပါတယ်။ အဆိုပါ […]


ရှေးဦးသူနာပြုစုခြင်း

အက်ဆစ် လောင်တာ အတွက် ရှေးဦးသူနာပြုစုနည်း

အက်ဆစ် ၊ အယ်လ်ကာလိုင်း နဲ့ အပြင်းစား ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရေပြားကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ  ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။ ဆေးခန်းကို မသွားနိုင်သေးခင်မှာ အခုနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ပေးပြိး ထိခိုက်မှုနည်းအောင် လုပ်ဆောင်ပေးပါ။ ဒီလိုဖြစ်တဲ့အခါ အရင်ဆုံးလုပ်ရမှာက အရေးပေါ်ကားကို ဖုန်းဆက်ခေါ်ဖို့ပါ။ ပြီးရင်တော့ ဒီနည်းလမ်းတွေကို အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ဖို့ လိုပါမယ်။ အက်ဆစ် လောင်တာ ကြောင့် မပြင်းထန်စေဖို့ အက်ဆစ် လောင်တာ ကြောင့် ထိခိုက်မှုနည်းစေဖို့ဆိုရင် အမြန်ဆုံး ရှေးဦးသူနာပြုစုနည်းကို လုပ်ဆောင်ဖို့လိုပါမယ်။ လက်ကို လက်အိတ် စွပ်ပါ။ ဓာတု ပစ္စည်း ဒါမှမဟုတ် အက်ဆစ် ပေနေတဲ့ အရာ၊ အဝတ်စကို ချက်ချင်းဖယ်ပါ ရေများများနဲ့ အက်ဆစ်လောင်တဲ့နေရာ ဒါမှမဟုတ် ဓာတုပစ္စည်း လောင်တဲ့နေရာကို သေချာ စင်အောင် ဆေးကြောပါ အက်ဆစ်တွေမကျန်ခဲ့အောင် ရေများများနဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း