backup og meta

အက်ဆစ် လောင်တာ အတွက် ရှေးဦးသူနာပြုစုနည်း

အက်ဆစ် လောင်တာ အတွက် ရှေးဦးသူနာပြုစုနည်း

အက်ဆစ် ၊ အယ်လ်ကာလိုင်း နဲ့ အပြင်းစား ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရေပြားကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ  ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။ ဆေးခန်းကို မသွားနိုင်သေးခင်မှာ အခုနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ပေးပြိး ထိခိုက်မှုနည်းအောင် လုပ်ဆောင်ပေးပါ။

ဒီလိုဖြစ်တဲ့အခါ အရင်ဆုံးလုပ်ရမှာက အရေးပေါ်ကားကို ဖုန်းဆက်ခေါ်ဖို့ပါ။ ပြီးရင်တော့ ဒီနည်းလမ်းတွေကို အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ဖို့ လိုပါမယ်။

အက်ဆစ် လောင်တာ ကြောင့် မပြင်းထန်စေဖို့

အက်ဆစ် လောင်တာ ကြောင့် ထိခိုက်မှုနည်းစေဖို့ဆိုရင် အမြန်ဆုံး ရှေးဦးသူနာပြုစုနည်းကို လုပ်ဆောင်ဖို့လိုပါမယ်။

  • လက်ကို လက်အိတ် စွပ်ပါ။
  • ဓာတု ပစ္စည်း ဒါမှမဟုတ် အက်ဆစ် ပေနေတဲ့ အရာ၊ အဝတ်စကို ချက်ချင်းဖယ်ပါ
  • ရေများများနဲ့ အက်ဆစ်လောင်တဲ့နေရာ ဒါမှမဟုတ် ဓာတုပစ္စည်း လောင်တဲ့နေရာကို သေချာ စင်အောင် ဆေးကြောပါ
  • အက်ဆစ်တွေမကျန်ခဲ့အောင် ရေများများနဲ့ ဆေးချပေးပါ
  • အက်ဆစ်ပေနေတဲ့ အဝတ်စကို အရေပြား၊ မျက်လုံးတို့နဲ့ မထိတွေ့မိအောင် ဂရုစိုက်ပါ။ ဒါမှ နောက်ထပ် ထိခိုက်တာမျိုး မရှိမှာပါ။ အမှိုက်ပုံးထဲကို သေချာ စွန့်ပစ်ပါ။
  • ဒဏ်ရာပေါ်မှာ အဝတ်အစားတွေရှိနေရင် ဖယ်ထုတ်ပါ။ ညှပ်ထုတ်ပစ်တာက အဆင်အပြေဆုံးပါ။ ဖယ်ထုတ်မယ်ဆိုရင် အခြားနေရာတွေကို ထိတွေ့မိတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။
  • ဓာတုပစ္စည်းက ခြောက်သွားခဲ့မယ်ဆိုရင်လည်း ရေများများနဲ့ ဆေးချပါ။
  • ရေကို တောက်လျောက်ဆေးနေပေးပါ။ ဒီလိုလုပ်ပေးတာက အရေပြားကို ထိခိုက်မှုနည်းစေနိုင်ပါတယ်။
  • ဆေးချလိုက်တဲ့ရေတွေ အခြားနေရာတွေကို မထိမိစေဖို့လည်း သေချာလေး ဂရုစိုက်ပါ။
  • အက်ဆစ်လောင်တာက လက်မှာဖြစ်နေမယ်ဆိုရင် ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေကို ချွတ်ပစ်ပါ။
  • အနာကို ဆေးကြောတဲ့အခါ ရေကိုပဲသုံးပါ။ ရေကိုလောင်းချတာပဲလုပ်ပါ။ လက်နဲ့ ပွတ်ချတာမျိုး မလုပ်ပါနဲ့။
  • အနာပေါ်ကို antibiotic ointment မလူးပါနဲ့။

ဘယ်လို ကုသမှုတွေ ခံယူရမလဲ…………

  • ချက်ချင်းဆေးရုံ ရောက်အောင်သွားပါ။
  • အနာကို အက်ဆစ်တွေ စင်သွားတဲ့အထိ ရေဆေးချပါလိမ့်မယ်။
  • အနာကို သန့်စင်ပေးပါလိမ့်မယ်။
  • ပြီးရင် ပတ်တီးစသန့်သန့်နဲ့ အုပ်ပေးပါလိမ့်မယ်။
  • အနာသက်သာအောင် လုပ်ပေးပါမယ်။
  • အနာက ကြီးလို့ လိုအပ်မယ်ဆိုရင် မေးခိုင်ကာကွယ်ဆေး ထိုးပေးပါလိမ့်မယ်။

အသေးစား အက်ဆစ်လောင် ဒဏ်ရာ

အသေးစား အက်ဆစ်လောင်ဒဏ်ရာဆိုတာက အပေါ်ယံအရေပြားကို ထိခိုက်မိရုံလောက်ပဲဖြစ်တာမျိုးပါ။ အပေါ်ယံအရေပြားရဲ့ တစ်ရှူးလွှာ ပျက်စီးသွားရုံဖြစ်ပြီး အပေါ်ကအတိုင်း ကုသမှုခံယူမယ်ဆိုရင် သူ့ အလိုလို အနာကျက် သွားပါလိမ့်မယ်။ အမာရွတ်တော့ နည်းနည်း ကျန်နိုင်ပါတယ်။

အနာကို ပုံမှန်စစ်ဆေးပြီး ပတ်တီးလဲတာ၊ ဆေးထည့်တာကိုတော့ လုပ်ရပါမယ်။  ရောဂါပိုး ကူးစက်တာမျိုး မဖြစ်စေဖို့နဲ့ အနာကျက်မြန်စေဖို့ပါ။

ပြင်းထန်တဲ့ အက်ဆစ်လောင် ဒဏ်ရာ

အက်ဆစ် လောင်တဲ့ ဒဏ်ရာက ပြင်းမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ ဆေးရုံကို တက်ရောက်ကုသမှုခံယူဖို့ လိုပါမယ်။

လိုအပ်မယ်ဆိုရင် ထိခိုက်မိတဲ့နေရာကို အရေပြားအစားထိုးကုသမှု ခံယူရပါမယ်။ ဒီလို ဒဏ်ရာမျိုးက အနာကျက်ဖို့ လနဲ့ချီပြီး ကြာနိုင်သလို အရမ်းကြီးမယ်ဆိုရင် နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ အနာက အရမ်းနက်မယ်၊ ထိခိုက်မိတဲ့နေရာက မျက်နှာလိုမျိုးဖြစ်မယ်ဆိုရင် အမြင်အာရုံ ဆုံးရှုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ခြေလက်တွေမှာဖြစ်မယ်ဆိုရင် လှုပ်ရှားမှု ထိခိုက်တာမျိုး ခံစားရနိုင်ပါတယ်။

တကယ်လို့ ထိခိုက်မှုက မျက်လုံးမှာ ဖြစ်နေမယ်ဆိုရင် မျက်စိဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acid and chemical burns https://www.nhs.uk/conditions/acid-and-chemical-burns/ Accessed Date 8 April 2020

Chemical Burn Treatment https://www.webmd.com/first-aid/chemical-burns-treatment Accessed Date 8 April 2020

Chemical burns: First aid https://www.mayoclinic.org/first-aid/first-aid-chemical-burns/basics/art-20056667 Accessed Date 8 April 2020

ယခုပုံစံ

12/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အတက်ရောဂါ (Seizure) ရှိသူကို စောင့်ရှောက်နည်းလမ်းညွှန်

ဓာတ်လိုက် တဲ့သူကို ဘယ်လိုကူညီကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement