backup og meta

ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းစိတ်ချရသော လုပ်ငန်းခွင်


Dr. Thant Zin မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းစိတ်ချရသော လုပ်ငန်းခွင်

    လုပ်ငန်းခွင်ဆိုတာ လူတိုင်းနီးပါး တနေ့တာအချိန်တွေကို ကုန်ဆုံးရတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာ အသိုက်အမြုံနည်းတူ နှစ်ခြိုက်ဖွယ်ရာ နေရာတခုဖြစ်ဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းစိတ်ချရတဲ့ လုပ်ငန်းခွင်တခုဖြစ်အောင် ဘာတွေလိုအပ်သလဲ ဆိုတာပါပဲ။

    အခြေခံအားဖြင့် စဉ်းစားသင့်တဲ့အချက် ၄မျိုး ရှိပါတယ်။ အဲဒါတွေကတော့

    ၄။ လေဝင်လေထွက် စတာတွေပဲ ဖြစ်ပါတယ်။

    ၁။ အလင်းရောင်

    လုပ်ငန်းခွင်တခုဟာ သဘာဝအလင်းရောင်ဖြစ်စေ၊ လျှပ်စစ်မီးရောင်ဖြစ်စေ ကောင်းကောင်းမြင်ရဖို့ လိုပါတယ်။ ဒါမှ ဝန်ထမ်းများ အလုပ်သမားများ မိမိတာဝန်များကို ဘေးကင်းစိတ်ချစွာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အလင်းရောင်ကောင်းကောင်းမရတဲ့ လုပ်ငန်းခွင်တွေမှာ ပိုမိုအာရုံစိုက်ရပြီး မျက်စိနဲ့အာရုံကြေြာပသနာများ ဖြစ်လာနိုင်ပါတယ်။ အလင်းရောင်ဟာ လိုတာထက်ပိုပြီး စူးရှမနေဖို့လည်း လိုပါတယ်။ မတော်တဆဖြစ်မှုတွေ မကြုံရအောင်၊ မျက်စိနဲ့အာရုံကြောရောဂါတွေမဖြစ်အောင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြီး လုပ်ငန်းခွင်ရဲ့ အလင်းရောင်ကို ချိန်ညှိသင့်ပါတယ်။

    ၂။ ဆူညံမှု

    ဆူညံမှုဟာ လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ရုံးသုံးပစ္စည်းများဖြစ်တဲ့ တယ်လီဖုန်းသံ၊ ပရင့်တာသံ၊ မိတ္တူကူးစက်သံ စတာတွေဟာ ကြာလာရင် အနှောင့်အယှက်ဖြစ်လာစေပါတယ်။ လူအများ ကျယ်လောင်စွာ စကားပြောဆိုခြင်းအပြင် ဓါတ်လှေခါးသံ၊ လေအေးပေးစက်အသံ၊ ပန်ကာသံ၊ စက်သံ စတာတွေဟာ တခါတရံမှာ လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်ရခက်စေပြီး စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဆူညံမှုနှုန်းမြင့်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ဆောင်ရွက်နေရတယ်ဆိုရင် နားနှာခေါင်းလည်ချောင်းဆရာဝန်နဲ့ ၆လတကြိမ်လောက်တော့ စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆူညံသံများနဲ့ ထိတွေ့လုပ်ကိုင်နေရသူတွေဟာ စိတ်ပူပန်ခြင်း၊ ကောင်းကောင်းအိပ်မပျော်ခြင်း စတာတွေလည်း ကြုံရတတ်တယ်လို့ သိရပါတယ်။

    ၃။ အပူချိန်

    လုပ်ငန်းခွင်တခု၊ ရုံးခန်းတခုရဲ့ အပူချိန်ဟာ ဝန်ထမ်းတွေ အဆင်ပြေပြေလုပ်ကိုင်နိုင်လောက်တဲ့ အပူချိန်အတောအတွင်း ရှိသင့်ပါတယ်။ လေထုအပူချိန် မြင့်လွန်းခြင်း၊ နိမ့်လွန်းခြင်းဟာ ဝန်ထမ်းတွေကို ပင်ပန်းနွမ်းနယ်စေပြီး လုပ်ဆောင်နိုင်စွမ်း ကျဆင်းစေခြင်း၊ အပူ (သို့) အအေးနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ထိုင်ပြီးလုပ်ရတဲ့ လုပ်ငန်းခွင်အတွက် အကောင်းဆုံးအပူချိန်က ၂၀ ကနေ ၂၆ ဒီဂရီ စင်ဆီဂရိတ်လို့ ဆိုပါတယ်။ ကာယအားကိုးပြီး ပိုမိုအားစိုက်နေရတဲ့ လုပ်ငန်းခွင်ဆိုရင် ဒီထက်ပိုပြီး အပူချိန်နိမ့်ဖို့ လိုအပ်ပါတယ်။ ရုံးခန်း (သို့) လုပ်ငန်းခွင်တခုရဲ့ အပူချိန်ကို ရာသီဥတုနဲ့ ပတ်ဝန်းကျင်အနေအထားအလိုက် ချိန်ညှိနိုင်ဖို့ လေအေးပေးစက်၊ ပန်ကာ၊ အပူပေးကိရိယာ၊ နေရောင်ခြည်ထိတွေ့မှုစတာတွေ ပြည့်စုံစွာ တပ်ဆင်ထားသင့်ပါတယ်။

    ၄။ လေဝင်လေထွက်

    လုပ်ငန်းခွင်တခုဟာ လေဝင်လေထွက်ကောင်းဖို့လည်း လိုအပ်ပါတယ်။ မီးခိုးမှုန်တွေ၊ ဆေးလိပ်ငွေ့တွေမပါတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေထုဟာ လုပ်ငန်းခွင်ထဲမှာ လည်ပတ်နေစေဖို့ ဖြစ်ပါတယ်။ သဘာ၀ လေဝင်လေထွက်ဖြစ်စေ၊ စက်နဲ့လည်ပတ်ပေးတဲ့ လေဝင်လေထွက်စနစ်ဖြစ်စေ၊ လေအေးပေးစက်နဲ့ဖြစ်စေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တံခါးတွေ အလုံပိတ်ထားတဲ့ ရုံးခန်း၊ လုပ်ငန်းခွင်ဆိုရင်လည်း အတွင်းပိုင်းလေ လည်ပတ်မှုရှိရပါတယ်။

    ၅။ အခြား

    လုပ်ငန်းခွင်ဟာ ဘေးကင်းစိတ်ချရမှုရှိစေဖို့ အောက်ပါအချက်တွေလည်း လိုက်နာလုပ်ဆောင်သင့်ပါတယ်။

  • ပစ္စည်းအကျိုးအပဲ့များ စုပုံထားခြင်းမရှိဘဲ ရှင်းလင်းဖယ်ရှားခြင်း
  • အရေးပေါ်ထွက်ပေါ်ကို အမြဲတမ်းလမ်းကြောင်းရှင်းထားခြင်း
  • ကြမ်းပြင်ပေါ် ဖိတ်စင်သည်များကို သန့်ရှင်းရေးချက်ချင်းလုပ်ခြင်း
  • လမ်းသွားလမ်းလာတလျှောက်တွင် အတားအဆီးဖြစ်မည့်အရာများ ဖယ်ရှားထားခြင်း
  • လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျထားသိုခြင်း
  • အရေးပေါ်ဆေးသေတ္တာ ထားရှိခြင်း
  • အရေးပေါ်ထိခိုက်ဒဏ်ရာနှင့် ကျန်းမာရေးပြသနာများကြုံလျှင် လုပ်ဆောင်ရမည့် အဆင့်များ သတ်မှတ်ထားခြင်း
  • နားလည်ကျွမ်းကျင်သူများနှင့် တိုင်ပင်ညှိနှိုင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။
  • လုပ်ငန်းခွင်ဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းစေဖို့ ဘယ်ဝန်ထမ်းအဆင့်မဆို သတိပြုသင့်ပါတယ်။ မိမိဝန်းကျင်ဟာ အဆင်မပြေတာရှိရင် ဖြေရှင်းနိုင်တဲ့သူထိ တင်ပြသင့်ပါတယ်။ မန်နေဂျာများအနေနဲ့လည်း ဝန်ထမ်းများရဲ့ ကျန်းမာပျော်ရွှင်ရေးအတွက် မိမိတို့တာဝန်ယူတဲ့ လုပ်ငန်းခွင် အခြေအနေကို နားလည်သိရှိသင့်ပါတယ်။ ဝန်ထမ်းများ ဘေးကင်းကျန်းမာမှ စွမ်းဆောင်ရည် တိုးတက်မှာဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement