ဘယ်လိုအခြေအနေတွေက မေးခိုင်ပိုးဝင်စေနိုင်တာလဲ။ ။
ငယ်ငယ်က သိခဲ့သလို သံစူးမှသာ မေးခိုင်ပိုးဝင်တာ မဟုတ်ပါဘူး။ အရေပြားပေါက်ပြဲသွားတဲ့ ထိခိုက်ဒဏ်ရာတွေရတိုင်း မေးခိုင်ပိုးကူးစက်နိုင်ပါတယ်။
- ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာ၊ ချွန်ထက်တဲ့အရာတွေနဲ့ စူးမိတဲ့ဒဏ်ရာ၊ အပူလောင်နာ၊ တိရစ္ဆာန်ကိုက်တာတွေကနေလည်းမေးခိုင်ပိုးဝင်နိုင်ပါသေးတယ်။
- တစ်ခါတလေဆိုရင် ခွဲစိတ်ကုသမှုခံယူထားတဲ့ ချုပ်ရိုး၊ နားပိုးဝင်တာနဲ့ သွားဖုံးပိုးဝင်တာမျိုးတွေ၊ ကိုယ်ဝန်ဖျက်ချတာမျိုးတွေကနေလည်းမေးခိုင်ပိုးဝင်သွားတာမျိုးရှိ ပါတယ်။
- မူးယစ်ဆေးသုံးစွဲသူတွေမှာလည်း မူးယစ်ဆေးကို အကြောထဲထိုးသွင်းတာကနေတဆင့် မေးခိုင်ပိုးခန္ဓာကိုယ်တွင်း ဝင်ရောက်တာမျိုးရှိပါတယ်။
- ခန္ဓာကိုယ်အရေပြားကို ထွင်းဖောက်အလှဆင်တာမျိုးတွေ၊ တက်တူးထိုးတာမျိုးတွေ(tattoo)၊ အင်းဆက်ကိုက်ခံရတဲ့ဒဏ်ရာတွေကနေလည်း မေးခိုင်ပိုးဝင်ရောက်နိုင်ပါတယ်။
- ( မြွေ၊ ခွေး၊ ကြွက်) ဘာအကောင်ပဲကိုက်ကိုက် မေးခိုင်ပိုးဝင်နိုင်ပါတယ်။
မေးခိုင်ရောဂါပိုးက လူ့ကိုယ်ထဲကို ဘယ်လိုဝင်နိုင်လဲ။ ။
မြေကြီးတွေ၊ ဖုန်မှုန့်တွေ၊ ညစ်ပတ်တဲ့ရေတွေထဲမှာ မေးခိုင်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ ဒီရောဂါပိုးတွေက သေချာမကာကွယ်ထားတဲ့ အနာတွေ၊ ဒဏ်ရာတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပါတယ်။
မေးခိုင်ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ။
အပေါ်မှာ မေးခိုင်ပိုးအကြောင်း ကုန်သလောက်ပြောပြပြီးဆိုတော့ မေးခိုင်ပိုး ကိုယ်ထဲဝင်လို့မရအောင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းတွေအကြောင်း ခုပြောပြပေးပါမယ်။
- ထိခိုက်ဒဏ်ရာတစ်ခုခုရလာတိုင်း အနာကိုဆေးကြောသန့်စင်ပါ။
- ပြီးရင် အနာကို ပိုးသတ်ဆေးထည့်ရပါမယ်။ ( အရက်ပြန်ဖြစ်ဖြစ်၊ Betadine ဖြစ်ဖြစ်ပေါ့) အနာကိုသန့်သန့်ရှင်းရှင်းဂရုတစိုက်ထားတာက မေးခိုင်ပိုးဝင်တာတင်မဟုတ်ဘဲ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။
- အပြင်က ပိုးတွေ ထပ်မဝင်အောင် အနာသေးရင် ပလာစတာကပ်မယ်၊ အနာကကြီးရင်တော့ ပတ်တီးစည်းထားရပါမယ်။
- အရေးအကြီးဆုံး အချက်ကတော့ မေးခိုင်ပိုးကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးဖို့ပါပဲ။
ကိုယ့်ကို အနာတရဖြစ်စေတဲ့ အရာမှာ ဖုန်တွေပေနေတာ၊ သံချေးတွေတက်နေတာ၊ ညစ်ပေနေတာမျိုးဆို မေးခိုင်ပိုးဝင်နိုင်ချေ ပိုများပါတယ်။ အရမ်းနက်တဲ့ ဒဏ်ရာတွေ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်လာတဲ့ ဒဏ်ရာတွေ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာတွေ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ဒါကြောင့် ထိခိုက်ဒဏ်ရာ တစ်ခုခုရပြီဆို မေးခိုင်ရောဂါပိုး မဝင်အောင် ဒဏ်ရာကို သေချာဂရုစိုက်ဖို့၊ သန့်ရှင်းအောင်ထားဖို့နဲ့ ကာကွယ်ဆေးထိုးဖို့က သိပ်အရေးကြီးပါတယ်။ နောက်ထပ်မှာချင်တာ တစ်ခုကတော့ မေးခိုင်ပိုးက လူတစ်ယောက်ကနေနောက်တစ်ယောက်ဆီကို ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။