ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆေးလိပ်ဖြတ်ခြင်း

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ဒါတွေများ မှားသိထားသေးလား!

ဆေးလိပ်သောက်တာက အခုနောက်ပိုင်းမှာ ကျား/ မ မရွေး သောက်လာကြသလို အရွယ်တော်တော်များများလည်း သောက်လာကြပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေက ဆေးလိပ်ကို သောက်ကြပေမယ့် ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး တော်တော်များများကို မှားသိထားကြပါတယ်။ ဒီတစ်ခေါက်တော့ Helloဆရာဝန် ပရိသတ်ကြီး အနေနဲ့ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ဒါတွေများ မှားသိထားသေးလား! ဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ဒါတွေများ မှားသိထားသေးလား! ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ဒါတွေများ မှားသိထားသေးလား! ကဲ .... အတူတူ ဆန်းစစ်လိုက်ရအောင်နော်။ Myth 1 - နီကိုတင်းက စီးကရက်မှာပါဝင်တဲ့ အဓိက ကျတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ပါဝင်ပစ္စည်းပါ။ ​မှားယွင်းနေပါတယ် - နီကိုတင်းက စီးကရက်မှာပါတဲ့ စွဲလမ်းစေတတ်တဲ့ အရာပါ။ နီကိုတင်းသက်သက်က အန္တရာယ်မပေးပါဘူး။ ဒါကြောင့် ဆေးလိပ်ဖြတ်တဲ့အခါ နီကိုတင်း patchတွေ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်တဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲ (၇)ခု ကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဆေးလိပ်ဖြတ်တဲ့ ခရီးစဉ်က တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က ထင်မထားလောက်အောင် လွယ်လွယ်လေးဖြတ်လို့ ရပေမယ့် တချို့ကျတော့ ပျက်ခါနီးလိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါ မူးယစ်ဆေးဖြတ်သလိုပဲ ယင်းထတတ်ပါတယ်။ ဒါကြောင့်ပဲ ဆေးလိပ်က ဖြတ်ဖို့ခက်တာပါ။ များသောအားဖြင့် ဆေးလိပ်ဖြတ်တဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲ (၇)ခု ရှိပါတယ်။ ဆေးလိပ်ဖြတ်ခြင်းနဲ့ ယင်းထခြင်း ဆေးလိပ်ကို စွဲလမ်းရတာက သူ့မှာပါတဲ့ နီကိုတင်းကြောင့်ပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်တဲ့သူ တော်‌တော်များများက နီကိုတင်းငတ်တဲ့ဒဏ်ကို ခံရပါတယ်။ ဆေးလိပ်သောက်တာ ရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်နဲ့ ဦးနှောက်က နီကိုတင်းကို မနေတတ်တာကြောင့် လူကပါ နေမထိုင်ထိုင်မသာ ဖြစ်လာပါတယ်။ နီကိုတင်း မရှိလို့လည်း ခန္ဓာကိုယ်က ဘာမှမဖြစ်ပါဘူး။ နီကိုတင်းငတ်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေကလည်း အန္တရာယ်မရှိပါဘူး။ ငတ်တဲ့ဒဏ်ကို မခံနိုင်ဘဲ ဆေးလိပ်ပြန်သောက်မိမှာ ပြဿနာဖြစ်မှာပါ။ နီကိုတင်းငတ်တဲ့ လက္ခဏာတွေက […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လူတိုင်း မွေးမြူသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စေဖို့ အဓိက လိုအပ်ချက် တစ်ရပ်က ကိုယ်ခံအား ကောင်းဖို့ပါ။ ကိုယ်ခံအားက ခန္ဓာကိုယ်ရဲ့ ရှေ့တမ်း ခံစစ် တစ်ရပ်ဖြစ်ပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားက မိခင်ဝမ်းကနေ မွေးလာကတည်းက တစ်ပါတည်းပါလာခဲ့တဲ့ သဘာဝ လက်ဆောင်ပါ။ ကိုယ်ခံအားက မွေးကင်းစအရွယ်မှာ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပေမယ့် အသက်လေး ရလာလေလေ ပိုမိုဖွံ့ဖြိုးလာလေလေပါ။ ဒီလိုနဲ့ အသက် ၇ နှစ် ကနေ ၈ နှစ် ဝန်းကျင်လောက် ရောက်တဲ့အခါ ကိုယ်ခံအားက ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာပါတယ်။ ဒီလို ဖွံ့ဖြိုးပြီး ကိုယ်ခံအားတစ်ရပ်ကို အမြဲလိုလို အားဖြည့်ပေးဖို့ကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။ အခုလိုမျိုး ရောဂါဆိုးတွေ ဖြစ်ပွားနေချိန်မှာ ကိုယ်ခံအားကို ဂရုစိုက်တာက အတော်လေး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မုတ်သုံမှာ ကျန်းမာစေဖို့ လိုက်နာရမယ့် သန့်ရှင်းရေး အလေ့အထများ

မုတ်သုံကာလက ကျန်းမာရေး ပြဿနာ တော်တော်များများကို မုတ်သုံရဲ့ မိုးစက်တွေနဲ့အတူ ယူဆောင်လာတတ်ကြပါတယ်။ အအေးမိ၊ တုပ်ကွေး၊ အရေပြားပြဿနာ၊ မျက်လုံးကျန်းမာရေးပြဿနာတွေပေါ့။ အကြောင်းကတော့ မိုးရာသီရဲ့ ပတ်ဝန်းကျင်လေထုထဲမှာ စိုထိုင်းဆ များပြီး ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေက လေထုထဲမှာ အချိန်ကြာမြင့်စွာ ရှင်သန်နေနိုင်တာကြောင့်ပါ။ မုတ်သုံမှာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် အချိန်တိုင်းမှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် မုတ်သုံမှာ ကျန်းမာစေဖို့ ကျန်းမာခြင်းရဲ့ အခြေခံအကျဆုံး နည်းလမ်းဖြစ်တဲ့ သန့်ရှင်းရေး ကျန်းမာစေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မုတ်သုံမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ မိုးလေးဖွဲဖွဲနဲ့ အေးမြစိုစွတ်တဲ့ မုတ်သုံမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အအေးမိတာ တုပ်ကွေး နှာစေး ချောင်းဆိုး လည်ချောင်းနာ အရေပြားပြဿနာ မျက်လုံးနာတာ ခြေသည်းလက်သည်း […]


ရှေးဦးသူနာပြုစုခြင်း

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]


ရှေးဦးသူနာပြုစုခြင်း

တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

တံခါး ဖွင့်ရင်းဖြစ်ဖြစ် တံခါးပိတ်ရင်း ဖြစ်ဖြစ် တံခါးဘောင်ကို ကိုင်ထားရင်း တစ်ယောက်ယောက်က မသိဘဲ တံခါးပိတ်လိုက်တာကြောင့် ဖြစ်ဖြစ် လက်ကို တံခါးညပ် သွားတဲ့အခါ သွေးခြည်ဥပြီး ထောက်မရအောင် နာတာမျိုး။ တစ်ခုခုကို ကိုင်လို့ မရအောင်နာတာမျိုး ခံစားဖူးကြမယ် ထင်ပါတယ်။ တံခါးညပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု တစ်မျိုးပါ။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်ဘူးဆိုပေမယ့် ထိခိုက်မိတာကြောင့် နာကျင်မှုကတော့ မသေးပါဘူး။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ တံခါးညပ်တာကြောင့် နာကျင်တာကို သက်သာစေဖို့ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်ဆောင်လို့ရမယ့် ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးချင်ပါတယ်။ တံခါးညပ်ရင် ဘယ်လိုတွေ ဖြစ်နိုင်လဲ။ တံခါးညပ်တဲ့အခါ အရှိန်ပြင်းထန်တာနဲ့ တံခါးရဲ့ အလေးချိန်ပေါ် မူတည်ပြီး ထိခိုက်တဲ့ အတိုင်းအတာ ကွာခြားနိုင်ပါတယ်။ တံခါးညပ်တဲ့အခါ လက်အသားကို ထိမိမယ်ဆိုရင် အညိုအမဲစွဲတာ၊ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

မြွေကိုက်ခံရရင် ဘာတွေကို မလုပ်ရဘူးလဲ။

မြွေကိုက် ခံရတာ ရေသောက်လိုက်လို့ အဆိပ်ပြန့်ပြီး ဆုံးသွားတယ်ဆိုတာမျိုး၊ မြွေကိုက်ခံရတယ်။ အရမ်းအိပ်ချင်လာပြီဆိုပြီး အိပ်လိုက်ရာကနေ အသက်သေဆုံးသွားတယ်ဆိုတာမျိုးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါကတွေက တကယ်လား။ မြွေကိုက်ခံရမှတော့ ဘာပဲလုပ်လုပ် သေမှာပဲလေ။ မြွေဆိုတာက အဆိပ်ပြင်းတာကိုးလို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။ မြွေဆိပ်က သေစေနိုင်လား။ မြွေဆိုတာက အဆိပ်ပြင်းတဲ့ သတ္တဝါလို့ လူသိများကြပါတယ်။ မြွေဆိုတဲ့နေရာမှာ အမျိုးအစား နဲ့ အရွယ်အစားကိုလိုက်ပြီး အဆိပ်ပြင်းတာက ကွာခြားနိုင်ပါတယ်။ မြွေဆိပ်ဆိုတဲ့နေရာမှာလည်း အာရုံကြောတွေကို ထိခိုက်စေနိုင်တာမျိုး ရှိသလို သွေးထဲမှာ ပြန့်သွားတဲ့ မြွေဆိပ်တွေလည်း ရှိပါတယ်။ မြွေဆိပ်က အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုပေမယ့် ရှေးဦးသူနာပြုစုနည်းကို သေချာ လုပ်ဆောင်မယ်။ အချိန်မီ ဆေးကုသမှု ခံယူမယ်။ လိုက်နာဂရုစိုက်ရမယ့် အချက်တွေကို သေချာလေး လိုက်နာဂရုစိုက်မယ်ဆိုရင် မြွေကိုက်ခံရပေမယ့်လည်း အသက်ရှင်နိုင်ပါတယ်။ မြွေကိုက်ခံရတဲ့အခါ လုပ်ဆောင်ရမယ့် ရှေးဦးသူနာပြုစုနည်းတွေက […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား .........

နေ့တိုင်း ရေချိုးကြတာနဲ့ တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သန့်ရှင်းပြီးသား ဖြစ်တယ်လို့ ထင်ပါသလား။ ဒါဆိုရင် မေးစရာ ရှိပါတယ်။ ဒါကတော့ ရေချိုးတိုင်း တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သေချာလေး သန့်စင် ဖြစ်ရဲ့လား ဆိုတာပါ။ သန့်ရှင်းဖြစ်တယ်ဆိုရင်လည်း ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ......... ဆိုတာကိုတော့ ဖတ်ရင်း ဖြေကြည့်ပေးဦးနော်။ ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ......... နေ့တိုင်းရေချိုးတယ်။ အပတ်စဉ် ခေါင်းလျှော်ဖြစ်တယ်ဆိုရင်တောင်မှ ဒီအစိတ်အပိုင်းလေးတွေကို သေချာလေး သန့်ရှင်းရေး လုပ်ဖြစ်တယ်ဆိုသူက ခပ်ရှားရှားပါ။ ကိုယ်တိုင်ရော သေချာလေး သန့်စင် ဖြစ်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ဦးရေပြား ခေါင်းပုံမှန် လျှော်တိုင်း ဦးရေပြားကို သန့်စင်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ ခေါင်းလျှော်တဲ့အခါ ဆံသားက စေးကပ်ကပ်ဖြစ်နေတာတွေကို သက်သာသွားစေဖို့ပဲ အဓိက ထားတတ်ကြပါတယ်။ ဦးရေပြားကို လက်သည်းနဲ့ ကုတ်တာမျိုး […]


ဆေးလိပ်ဖြတ်ခြင်း

နှစ်ဆင့်ခံဆေးလိပ်ငွေ့ ရဲ့ ကျန်းမာရေးဆိုးကျိုး

တဆင့်ခံဆေးလိပ်ငွေ့ကိုတော့ ကောင်းကောင်းကြားဖူးမှာပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဘာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအကြောင်းမပြောခင် ဆေးလိပ်ငွေ့ဆိုတာ ပါတဲ့အတွက် ဒါက ဆေးလိပ်ရဲ့ ဆိုးကျိုးတစ်ခုဆိုတာကိုတော့ ခန့်မှန်းလို့ရမှာပါ။ ဆေးလိပ်ငွေ့ အမျိုးအစားများ ဆေးလိပ်ငွေ့တွေမှာ သောက်တဲ့သူက ကိုယ်သောက်တာ ကိုယ်ရှူမိရင် first hand smoke လို့ခေါ်ပါတယ်။ သောက်ရုံတင်မကဘဲ ကိုယ်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ကိုပါ ပြန်ရှူမိပါတယ်။ နောက်တစ်ခုကတော့ second hand smokeပါ။ ကိုယ့်အနီးအနားကလူ ဆေးလိပ်သောက်တဲ့အခါ သူမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို ပြန်ရှူမိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မသောက်ပေမယ့်လည်း သောက်တဲ့သူနီးပါး ကျန်းမာရေး ထိခိုက်ပါတယ်။ Third hand smoke ဆိုတာက ဆေးလိပ်အနံ့တွေ ပစ္စည်းတွေ၊ အခန်းထဲမှာ စွဲနေပြီး ဒါကို ရှူမိတာပဲ ဖြစ်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ လို့ခေါ်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဘာလဲ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ […]


ရှေးဦးသူနာပြုစုခြင်း

ပင့်ကူကိုက် ခံရတဲ့အခါ

မြင်တာနဲ့ အသည်းယားစရာ ကောင်းတဲ့ ပင့်ကူကို လူတိုင်းက ဝေးဝေးက ရှောင်ကြပါတယ်။ ဒါပေမယ့်လည်း မတော်တဆ ပင့်ကူကိုက် ခံရတဲ့အခါ ထိတ်လန့်မသွားဘဲ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ပင့်ကူကိုက် ခံရခြင်းအတွက် အိမ်တွင်းပြုစုနည်း ပင့်ကူကိုက်ခံရတာနဲ့ ချက်ချင်းဆိုသလို အဆိပ်တက်ပြီး တစ်ကိုယ်လုံး မည်းတက်လာတာက ရှားပါတယ်။ ဒါမျိုးက ရုပ်ရှင်ထဲမှာပဲ ရှိတာပါ။ များသောအားဖြင့် အိမ်မှာ တွေ့ရတဲ့ ပင့်ကူတွေ၊ လူနဲ့ အနေနီးတွေ ပင့်ကူတွေက တခြားအင်းဆက်တွေလိုပဲ အန္တရာယ်ပေးတာ နည်းပါတယ်။ ဒါကြောင့် အိမ်တွင်းပြုစုနည်းတွေကလည်း တခြားအင်းဆက်အကိုက်ခံရတာနဲ့ ဆင်တူပါတယ်။ အရင်ဆုံး ကိုက်ခံရတဲ့ နေရာကို ရေနဲ့ ဆပ်ပြာနဲ့ ဆေးချပါ။ ပြီးရင်  ပိုးမဝင်အောင် ပိုးသတ်ဆေးကို တစ်နေ့ ၃ကြိမ်လိမ်းနိုင်ပါတယ်။ နာတာ၊ ရောင်တာရှိရင် ရေခဲဝတ်လေးကို အကိုက်ခံရတဲ့ နေရာမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း