home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အာလူးများများစားရင် တင်ပါးပိုကြီးတယ်ဆိုတာ တကယ်လား

အာလူးများများစားရင် တင်ပါးပိုကြီးတယ်ဆိုတာ တကယ်လား

“နင် တင်ပါးကြီးချင်ရင် အာလူးများများစားလေ” ဆိုပြီး ကိုယ့်သူငယ်ချင်း အချင်းချင်း နောက်ပြောင်နေကြတာ ကြားဖူးမယ်ထင်ပါတယ်။ အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်တွေဟာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်က နေ့စဉ် အသုံးပြုဖို့ အားအင်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ မှန်ကန်တဲ့ နည်းစနစ်နဲ့ ချက်ပြုတ်တဲ့အခါမှာ ခန္ဓာကိုယ်အတွက်လည်း အာဟာရများစွာ ပေးစွမ်းနိုင်တဲ့ အစားအစာဆိုလည်း မမှားပါဘူး။

အာလူးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် B6 ၊ ဗီတာမင် C ၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနိစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ဖော့စဖရပ်စ်ဓာတ်၊ဖောလစ်အက်ဆစ်၊ အမျှင်ဓာတ်၊ အသားဓာတ်နဲ့ ကစီဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်လို့ ဆီးချိုရောဂါသည်တွေ စားဖို့ သင့်တော်ပါတယ်။ အမျှင်ဓာတ်ပါဝင်လို့ အစာကြေလွယ်စေပါတယ်။ ကြွက်သားတည်ဆောက်ဖို့နဲ့နေ့စဉ်လိုအပ်တဲ့ အားအင်တွေကိုဖြည့်တင်းပေးဖို့ ပရိုတင်းဓာတ်၊ ကစီဓာတ်တွေ ပါဝင်ပါတယ်။

ဒါဆိုရင် အာလူးများများစားပေးရင် တကယ်ပဲ တင်ပါးကြီးမှာလား။

ကိုယ်ခန္ဓာရဲ့ နေရာတစ်နေရာထဲကို ကွက်ပြီး ကြီးစေတဲ့ အဆီစုနေစေတဲ့ အစားအစာမျိုး မရှိပါဘူး။ ပုံမှန်အားဖြင့် ကိုယ်စားလိုက်တဲ့ အစာအာဟာရတွေဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ သွားပြီး စုနေမှာပါ။ ဒါကြောင့် တင်ပါးကြီးစေဖို့ စားပေးသင့်တဲ့ အစားအစာထဲမှာ အာလူးလည်း ပါဝင်နေပေမယ့် အာလူးတစ်မျိုးတည်း စားပေးရမှာတော့ မဟုတ်ပါဘူး။

ဒါ့အပြင် တချို့လူတွေမှာ အစာစားလိုက်တဲ့အခါ အဆီတွေက ခါးနဲ့ ဗိုက်မှာ စုမနေပဲ ခါးအောက်ပိုင်း တင်ပါးနဲ့ ပေါင်၊ ခြေသလုံးတွေမှာ သွားစုတတ်ပါတယ်။ ဒီလိုလူမျိုးတွေမှာ ကစီဓာတ်၊ ပရိုတင်းဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေကို ပိုမိုစားပေးမယ်။ တင်ပါးကြီးတဲ့ မျိုးရိုးကလည်း ရှိနေတယ်။ လေ့ကျင့်ခန်းလည်း လုပ်ပေးမယ်ဆိုရင် လုံးဝန်းလှပတဲ့ တင်ကောက်ကောက်လေးတွေ အမြန်ရမှာ အသေအချာပါပဲ။

ကိုယ်ခန္ဓာ အဆီစုခြင်းဟာ လိင်နဲ့ သက်ဆိုင်မှုရှိသလား။

သွေးမဆုံးခင်အရွယ်ထိ အမျိုးသမီးအများစုမှာ တင်ပါး၊ တင်ပဆုံရိုးနဲ့ ပေါင်တွေမှာ အဆီစုတတ်ပြီး သွေးဆုံးပြီးနောက်ပိုင်းမှာ ဝမ်းဗိုက်မှာ သွားပြီး အဆီစုနိုင်ပါတယ်။

အမျိုးသားတွေမှာတော့ ဝမ်းဗိုက်နဲ့ ခါးမှာ အရင်ဆုံး အဆီစုပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့အခါ ကိုယ်တွင်းမှာ အဆီတွေ သွားစုနေပြီး အဝလွန်တာ၊ ဝမ်းဗိုက်အဆီဖုံးတာအပြင် နောက်ဆက်တွဲအနေနဲ့ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

မျိုးရိုးဗီဇကြောင့် တင်ပါးကြီးခြင်း

တချို့သူတွေမှာတော့ မိဘမျိုးရိုးမှာက တင်ပါးကို ပုံမှန်အတိုင်း ကြီးတာဆိုရင် မွေးလာတဲ့ကလေးမှာလည်း ဘာမှအထွေအထူး လုပ်နေစရာမလိုဘဲ တင်ပါးကြီးနိုင်ပါတယ်။ မတူညီတဲ့ မျိုးရိုးဗီဇကြောင့် နေ့စဉ်ဇီဝကမ္မပြောင်းလဲဖြစ်စဉ်နဲ့ ကိုယ်ခန္ဓာတွင်း အင်ဆူလင်ထုတ်လုပ်နိုင်မှု၊ အဆီသိုလှောင်ခြင်းအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေမှာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်ဖို့မလိုဘဲ အစာစားပေးရုံနဲ့ အချိန်တိုအတွင်းမှာ လုံးဝန်းလှပတဲ့ တင်ကောက်ကောက်လေးတွေ ဖြစ်လာနိုင်ပါတယ်။

တင်ပါးကြီးစေဖို့ အာလူးအပြင် တခြားဘာတွေ စားဖို့ လိုမလဲ။

ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကြွက်သားတွေ သန်မာစေဖို့၊ နေ့စဉ် အသုံးပြုရမယ့် အားအင်တွေကို ဖြည့်စွမ်းပေးနိုင်ဖို့ အာဟာရဓာတ်တွေ စုပ်ယူနိုင်စေဖို့ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဆီကောင်းဆီသန့်တွေ ပါဝင်တဲ့ အစားအစာတွေ ဖြစ်တဲ့

  • အစေ့အဆန်
  • ပေါင်မုန့်ကြမ်း
  • တူနာငါး၊ ငါးအမျိုးမျိုး
  • ကန်စွန်းဥ
  • အမဲသား၊ ကြက်သား၊ အသားအမျိုးမျိုး
  • ကြက်ဥ
  • အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသီးအနှံ
  • ထောပတ်သီးတွေလည်း စားပေးသင့်ပါတယ်။

ဟင်းချက်တဲ့အခါမှာလည်း ဆီ၊ ဆား၊ သကြားကို လျှော့သုံးပေးဖို့နဲ့ နေ့စဉ် အစာအာဟာရ မျှတစွာ စားသုံးဖို့ အရေးကြီးပါတယ်။ အစားအစာကို သေချာဂရုစိုက်ပေးဖို့လိုအပ်တဲ့အပြင် ခြေသလုံး၊ တင်ပါးလေ့ကျင့်ခန်းမျိုးကို ပုံမှန်လုပ်ပေးပါ။ မနက်တိုင်း လမ်းလျှောက်ပေးတာ၊ ပြေးတာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။ အစာကို ဂရုစိုက်စားမယ်၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲလိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ သွယ်လျလှပပြီး ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Does Eating Potatoes Make Your Butt Bigger –https://www.livestrong.com/article/523089-can-eating-potatoes-make-your-butt-bigger/ (Feb 28, 2019)

Top Foods For Bigger Butt –https://www.hipsandbum.com/top-10-foods-bigger-butt/ (Feb 28, 2019)

 

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 12/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။