backup og meta

ရာသီစာ မြူရွက်လေး က ဆေးဖက်ဝင်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီစာ မြူရွက်လေး က ဆေးဖက်ဝင်သလား။

    မြူရွက် ဆောင်းရောက်လို့ မြူဆိုင်းဆိုင်းကာလလေးတွေမှာ စားရတဲ့ ရာသီစာလေး တစ်ခုပါ။ မြူရွက်လေး ကို ကြက်သွန်ဖြူလေး ခပ်ဆတ်ဆတ် ထုထားတာလေး၊ ပုစွန်ခြောက်လေး၊ ကြက်သွန်နီလေးကို ဆီနည်းနည်းနဲ့ ဆီသတ်ပြီး ကြော်ချက်လေး ချက်စားရင်လည်း ကောင်းသလို ပြုတ်တို့စားတာလည်း ကောင်းပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ မြူရွက်ကို အစားအများဆုံးနဲ့ စားလို့ အကောင်းဆုံး နည်းလမ်းက သုပ်စားတာပါ။

    မြူရွက်လေး ကို ရေနွေးဖျောပြီး ရေစင်အောင်ညှစ်၊ သံပုရာရည်နိုင်နိုင်လေးနဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပုစွန်ခြောက်ထောင်း၊ မြေပဲထောင်းပြီး ဆီချက်လေး ဒါမှမဟုတ် ဆီစိမ်းလေးနဲ့ သုပ်စားတာက အတော် စားကောင်းတဲ့ ခံတွင်းမြိန် ဆေးဖက်ဝင် ဟင်းတစ်ခွက်ပါ။

    ဆောင်းရောက်လာမှ နှင်းရည်သောက်ပြီး ပေါက်ရောက်လာတဲ့ မြူရွက်လေးက စားလို့ကောင်းရုံတင်ပဲလား။ ဆေးဖက်ရော ဝင်လားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား ….. ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။

    မြူရွက် ဆိုတာ

    မြူရွက်ဆိုတာက စိုထိုင်းဆရှိတဲ့ မြေနေရာတွေမှာ နှင်းရည်ကျတဲ့အခါ ပေါက်ရောက်လာတဲ့ အပင်ပုလေး တစ်မျိုးပါ။ အရွက်ခပ်ဖားဖားလေးတွေရှိပါတယ်။ ရိုးတံကလည်း ခပ်မာမာ မဟုတ်ပါဘူး။ အရွက်က နူးညံ့ပြီး ဟင်းနုနွယ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။

    တစ်ပင်လုံးကို စားလို့ ရပါတယ်။

    မြူရွက်လေး ကပေးတဲ့ အာဟာရ

    စားရတာ အရသာရှိတဲ့ မြူရွက်လေးမှာ အခုလို အာဟာရလေးတွေ ပါဝင်နေပါတယ်။

    ရာသီစာ မြူရွက်လေးက ဆေးဖက်ဝင်သလား။

    ရာသီစာ မြူရွက်လေးက ဆေးဖက်ဝင်သလား။

    ရာသီစာ မြူရွက်လေးက ဆေးဖက်ဝင်သလား …. ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုများ ဆေးဖက်ဝင်သလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    မြူရွက်ကို စားပေးလို့ ရသလို ရေနွေးလိုမျိုး သောက်ပေးလို့လည်း ရပါတယ်။ အရွက် သတ္တုရည်ကို အသုံးပြုပေးလို့ ရသလို အရေပြား ပြဿနာတွေအတွက် အရွက်ကို ကြိတ်ပြီး အုံပေးလို့လည်း ရပါတယ်။

    စားတာအတွက်က အရွက်နုလေ ကောင်းလေ ဖြစ်ပြီး အရေပြားအတွက် ကြိတ်ပြီး အုံတာမျိုးအတွက်က ရင့်လေ အဆင်ပြေလေလေပါ။

    ကဲ ….. စားလို့ ကောင်းတဲ့ မြူရွက်လေး သုပ်စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူး ရယူလိုက်ပါ။ ရောဂါအခံ ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်။

    နောက်တစ်ချက် သတိပေးချင်တာကမြူရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အများကြီးစားတာမျိုး မလုပ်ဖို့ပါ။ သင့်တင့်တဲ့ ပမာဏလေးကိုပဲ စားသုံးဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement