backup og meta

မက်ကာဒေးမီးယားစေ့က ကျန်းမာစေသလား။

မက်ကာဒေးမီးယားစေ့က ကျန်းမာစေသလား။

ဟုတ်ပါတယ်။ မက်ကာဒေးမီးယားစေ့က ကျန်းမာစေပါတယ်။ အခွံမာမာလေးနဲ့ အတွင်းမှာ အဖြူဆံလေးပါတဲ့ မက်ကာဒေးမီးယားစေ့က စားရတာ ချိုဆိမ့်ဆိမ့်လေးနဲ့ တော်တော်ကို အရသာရှိတာပါ။

ချောကလက်တွေထဲမှာ ပါလေ့ရှိသလို ဒီအတိုင်းစားလို့လည်းရပါတယ်။ နို့ထဲမှာ ရောကြိတ်ပြီး သောက်ပေးလို့ ရသလို နို့နဲ့ ဒီအတိုင်း စိမ်ပြီး သောက်ပေးလို့လည်း ရပါတယ်။

အခွံလေးက လှော်ထားတာကြောင့် ချောကလက်လေးလို အညိုရောင်သန်းသန်းလေးပါ။ မလှော်ခင်မှာတော့ အခွံလေးက စိမ်းစိမ်းလေးပါ။ အတွင်းဆံလေးကတော့ အဖြူရောင်လေးပါပဲ။

မက်ကာဒေးမီးယားကို မီးပြင်းပြင်းနဲ့ လှော်လိုက်တဲ့အခါ အာဟာရဓာတ် လျှော့သွားတတ်တာကြောင့် မီးကို ခပ်အေးအေးနဲ့ လှော်တာ အကောင်းဆုံးပါ။ ဒါမှလည်း အာဟာရကြွယ်ဝလွန်းတဲ့ မက်ကာဒေးမီဒယားစေ့ရဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။

မက်ကာဒေးမီးယားမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ။

မက်ကာဒေးမီးယားစေ့က ကျန်းမာစေသလား။

စားလိုက်ရင် ချိုစိမ့်စိမ့်နဲ့ အရသာရှိလှတဲ့ မက်ကာဒေးမီးယားစေ့လေးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

မက်ကာဒေးမီးယားစေ့က ကျန်းမာစေသလား။

မက်ကာဒေးမီးယားစေ့ကအခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

မက်ကာဒေးမီးယားစေ့က အဆီများတယ်ဆိုပေမယ့် မပြည့်ဝဆီ ကြွယ်ဝတာပါ။ ဒါကြောင့် အသင့်အတင့် စားသုံးမယ်ဆိုရင် နှလုံး ကျန်းမာစေနိုင်မှာပါ။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဖလေဗာနွိုက်ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်သလို သွေးကြောတွေကိုလည်း သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

မက်ကာဒေးမီးယားစေ့က အဆာခံနိုင်စေပြီး အစား စားချင်စိတ် ခဏခဏ မဖြစ်အောင် လုပ်ဆောင်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးသလို ဝိတ်ချချင်သူတွေအတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတ်စာ တစ်မျိုးပါ။

အလွန်အကျွံ စားတာမျိုး မလုပ်ဖို့တော့ လိုပါမယ်။ သင့်တင့်တဲ့ ပမာဏကို စားသုံးတာက ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

မက်ကာဒေးမီးယားစေ့က သွေးတွင်းအဆီကျစေနိုင်သလို ဝမ်းဗိုက်အဆီကိုလည်း ကျစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို မဖြစ်အောင် ကာကွယ်ပေးသလို လေဖြတ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။

ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

မက်ကာဒေးမီးယားစေ့မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အာနိသင် ပါဝင်နေတာကြောင့် အမျိုးအစား-၂ ဆီးချို ရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းမချုပ်စေဖို့ ကာကွယ်ပေးပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

မက်ကာဒေးမီးယားစေ့မှာ ဗီတာမင် E ပါဝင်နေတာကြောင့် အချို့သော ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ သင့်တင့်တဲ့ ပမာဏ ပါဝင်အောင် စားသုံးပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။

ကဲ …… အရသာ ရှိတဲ့ မက်ကာဒေးမီးယားစေ့ကအခုလိုမျိုး ကျန်းမာရေးကို အထောက်အကူပြုပေးတယ်ဆိုတော့ ဆေးဖြစ်ဝါးဖြစ်လေးတော့ စားပေးဖို့ လိုမယ်နော်။ ကယ်လိုရီများတာကြောင့် အများကြီး မစားမိဖို့လည်း သတိထားစေချင်ပါတယ်။

အခွံမာသီးနဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်တာကြောင့် ဓာတ်မတည့်မှု တစ်မျိုးမျိုး ခံစားဖူးမယ်ဆိုရင် နည်းနည်းချင်း စမ်းစားကြည့်တာက အကောင်းဆုံး ဖြစ်မှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What are macadamia nuts good for? https://www.medicalnewstoday.com/articles/324233 Accessed Date 11 January 2022

Are Macadamia Nuts Healthy? https://www.medicinenet.com/are_macadamia_nuts_healthy/article.htm Accessed Date 11 January 2022

ယခုပုံစံ

14/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Almond နဲ့ ဗာဒံ တူတူပဲလား

သစ်ကြားသီး နဲ့ ကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement