အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ငါးအရေခွံ စားကြလား........

ငါးက လူတိုင်း မစားသလို ငါးစားတဲ့သူတိုင်းလည်း ငါးအရေခွံ မစားကြပါဘူး။ ဒီထဲမှာမှ သင်က ငါးလည်းစားတယ်။ ငါးအရေခွံလည်းစားတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်သူတစ်ဦး ဖြစ်ဖို့များပါတယ်။ အကြောင်းကတော့ ငါးကလည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ငါးအရေခွံကလည်း ကျန်းမာရေးကို အကျိုးများစေလို့ပါ။ ဒီတစ်ခေါက်တော့ ငါးအရေခွံ စားတာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ငါးအရေခွံမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ...... ငါးအရေခွံမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ပရိုတင်း ကယ်လ်လိုရီ ဆိုဒီယမ် အဆီ omega-3 fatty acids ဗီတာမင် D ဗီတာမင်  E အိုင်အိုဒင်း selenium taurine တို့ ပါဝင်နေပါတယ်။ ပင်လယ်ငါးတွေမှာတော့ အရေပြားမှာ ပြဒါးပါဝင်နေတာကြောင့် သေချာလေး ဆေးကြောသန့်စင်ပြီးမှ စားတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ဘဲကင် ဆိုရင် စားလို့ကို မဝတာ။ အသားတွေ ထဲမှာ ဘဲသား မှ ဘဲသား ဆိုပြီး ကြိုက်သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ဘဲသားလို့ ပြောလိုက်ရင် သွေးတက်မယ်။ အအေးစာ မစားနဲ့ ဆိုပြီး ပြောတာကို ငယ်ကတည်းက ကြားဖူးကြမှာပါ။ တကယ်ကတော့ ဘဲသားက ထင်နေသလောက် မဆိုးသလို ကျန်းမာရေး အတွက် အကျိုးပြုတာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲ ဆိုတာ ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘဲသားမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ....... ဘဲသားမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ အဆီ ဆိုဒီယမ် ပရိုတင်း သံဓာတ် ဆီလီနီယမ် ဗီတာမင် C ဗီတာမင် B […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပျားသံပုရာရည်လေး သောက်ကြရာဝယ်

သောက်စရာတွေ အများကြီး ရှိတဲ့အထဲကမှ သင့်အကြိုက်ဆုံး သောက်စရာလေးက ပျားသံပုရာရည် များလား ....ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေတဲ့ ပျားသံပုရာရည်လေး က ကျန်းမာရေးကို အထောက်အကူပြုနိုင်လား ....... ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲ ...... ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပျားသံပုရာရည် ဆိုတာ ပျားသံပုရာရည် ဆိုတာက ပျားရည်ရယ်၊ သံပုရာရည်ရယ်ကို ဆား အနည်းငယ် ရေနွေး ဒါမှမဟုတ် ရေအေးလေးနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ပါ။ အမောပြေစေသလို ခေါင်းမူးတာ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားသံပုရာရည် ဒီလို ဖျော်ပါ ပျားသံပုရာရည် ဖျော်ဖို့ဆိုရင် သံပုရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း သဘာဝ ပျားရည် စစ်စစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရေအေး ဒါမှမဟုတ် ရေနွေး တစ်ဖန်ခွက်စာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြင်းခွာရွက် ဘယ်လို ဆေးဖက်ဝင်သလဲ .......

မြင်းခွာရွက် လို့ဆိုလိုက်ရင် မသိသူ၊ မမြင်ဖူးသူရယ်က ခပ်ရှားရှားပါ။ နေ့စဉ် စားသောက်မှုမှာ မပါပေမယ့် တစ်ပတ်ကို ၂ ကြိမ်လောက်တော့ စားမိနိုင်တဲ့ အရွက် တစ်မျိုးပါ။ တို့စရာ အနေနဲ့ တို့တို့၊ ဟင်းခါးပဲ ချက်သောက်သောက်၊ သုပ်ပြီးပဲ စားစား၊ ဖျော်ပဲသောက်သောက်၊ အရွက်ကို အခြောက်ခံပြီး အကျရည်ထဲပဲ ထည့်သောက်သောက် သောက်ဖြစ်ကြတဲ့ မြင်းခွာရွက်လေးက ဆေးဖက်ဝင်တယ်ဆိုတာကိုလည်း သိထားပြီး ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ မြင်းခွာရွက်က ဆေးဖက်ဝင်တယ်လို့တော့ ကြားဖူးတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကို သေသေချာချာ မသိဘူးဆိုသူတွေအတွက် မြင်းခွာရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ မြင်းခွာရွက် ဆိုတာ မြင်းခွာရွက်ဆိုတဲ့နေရာမှာ အရွက်ခပ်ဖားဖား ယပ်တောင်လေးလို ပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက် ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာ ဆိုတာလည်း ရှိပါတယ်။ မြင်းခွာရွက်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ညောင်ရွက် စားလို့ရလား ......

ညောင်ရွက်၊ ညောင်ပင်စတာတွေက မြန်မာလူမျိုးတွေ နဲ့ အိန္ဒိယ လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ အပင်တစ်ခုပါ။ ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တာကြောင့် ဗောဓိညောင်ကို အလေးအမြတ်ထားကြတာပါ။ တကယ်ကတော့ ညောင်ပင်က ဘာသာတရားအရ အရေးပါသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။ ညောင်ရွက်လေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား။ ညောင်ရွက် ဆိုတာ ညောင်ပင်ကတော့ အထူးအထွေ ပြောစရာ မလိုအောင်ကို မြင်ဖူး၊ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ညောင်ပင်ရဲ့ အရွက်ကို ညောင်ရွက်လို့ ခေါ်တာပါ။ ညောင်ပင်တွေက နှစ်ပေါင်း ရာနဲ့ချီပြီး ရှင်သန်နိုင်ပါတယ်။ အမြင့်ပေ ၂၁ မီတာ အထိ မြင့်ပါတယ်။ အလေးအမြတ်ထားရသလို အရိပ်လည်း ရပါတယ်။ ညောင်ပင်က အရွက်တင် မဟုတ်ဘဲ လေရှူမြစ်တွေ၊ အခေါက်၊ အမြစ်၊ အသီး၊ အဖူးတွေကလည်း ဆေးဖက်ဝင်ပါတယ်။ ညောင်ရွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး နဲ့ ကျန်းမာရေး

ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်းနဲ့ပဲ တွဲစားစား၊ ဘဲဥချဉ်ဟင်း နဲ့ ငပိရည်ဖျော်တဲ့အခါ အတို့အမြှုပ်အနေနဲ့ပဲ စားစား စားလို့ကောင်းတဲ့ အတို့အမြှုပ်လေး တစ်ခုရှိပါတယ်။ ဒါကတော့ အရောင်အသွေးက အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အရောင်အသွေး စုံလင်စွာနဲ့ တွေ့ရတတ်တဲ့ ခရမ်းကြွပ်သီးလေးတွေပါ။ ဒီအသီးလေးတွေမှာ ဆေးဖက်ဝင် အာနိသင်တွေ ရှိသလို ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး မှာလည်း ဆေးဖက်ဝင် အာနိသင်တွေလည်း ရှိပါတယ်။ ဘယ်လို ဆေးဖက်ဝင် အာနိသင်တွေများ ရှိတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်လား ........ ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေ ဖြစ်မလဲ ....... ခရမ်းကြွပ်သီးလေးက အာဟာရ ကြွယ်ဝသလို အရွက်လေးမှာလည်း အခုလို  အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် copper Thiamin (ဗီတာမင် B1) ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သီဟိုဠ်သီး စားကြမယ်

သီဟိုဠ်စေ့က စားလို့ သလို သီဟိုဠ်သီး ၊ သီဟိုဠ်ရွက်တွေကလည်း စားလို့ ရပါတယ်။ စားလို့ ရရုံတင် မဟုတ်ပါဘူး။ ဆေးဖက်လည်း ဝင်ပါတယ်။ ဒီတစ်ခေါက်တော့ ငါး၊ ကင်ပွန်းချဉ်ရွက်တို့နဲ့ ချဉ်ဟင်းချက်စားလေ့ရှိတဲ့ သီဟိုဠ်သီးလေး စားရင်း ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်လဲ ဆိုတာ ပြောပြပေးပါမယ်။ သီဟိုဠ်သီး က ဟင်းချက် စားလို့ရသလို သံပုရာသီးလေးနဲ့ ဖျော်သောက်ပေးလို့လည်း ရပါတယ်။ မှည့်လေ အရသာ ကောင်းလေလေပါ။ မမှည့်ရင်တော့ ဖန်တာ၊ လေချုပ်တာတွေ ဖြစ်နိုင်ပါတယ်။ သီဟိုဠ်သီး ဆိုတာ သီဟိုဠ်သီးဆိုတာ သီဟီုဠ်ပင်ရဲ့ အသီးပါ။ အစိမ်းမှာ အရောင်က အစိမ်းရောင် ရင့်ရင့်လေး ဖြစ်ပြီး မှည့်လာရင်တော့ အဝါရောင်လေး ပြောင်းလာပါတယ်။ အနီရဲရဲလေး ဖြစ်တာမျိုးလည်း ရှိပါတယ်။ သီဟိုဠ်သီးရဲ့ ထူးခြားချက်က အစေ့က အပြင်ဘက်မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သီဟိုဠ်ရွက် က ဆေးဖက်ဝင်လား ......

သီဟိုဠ်စေ့ကို ကလေးလူကြီးမရွေး အကုန်လုံး စားကြပေမယ့် သီဟိုဠ်ရွက် ကိုတော့ လူကြီးတွေလောက်ပဲ စားတာ များပါတယ်။ စားလိုက်ရင် ရှိန်းတိန်းတိန်း မွှေးတေးတေးလေး ဖြစ်တဲ့ သီဟိုဠ်ရွက်က ကျန်းမာရေးအတွက် အထောက်အပံ့ပေးလား ...... စားကောင်းရုံ သက်သက်ပဲလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ သီဟိုဠ်ရွက် ကို ဘယ်လို စားကြလဲ ....... သီဟိုဠ်ရွက်ကို အတို့အမြှုပ်အနေနဲ့ စားကြတာ များပေမယ့် ဟင်းချက်စားကြတာမျိုးလည်း ရှိပါတယ်။ ချဉ်ဟင်းတွေထဲမှာ ထည့်ချက်စားတာမျိုးလည်း ရှိပါတယ်။ အရွက် နုနုလေးတွေ ဆိုရင်တော့ အတို့အမြှုပ် လုပ်ပြီး စားတာက အကောင်းဆုံး ဖြစ်မှာပါ။ သီဟိုဠ်ရွက်က တစ်နှစ်ပတ်လုံး ရရှိနိုင်တဲ့ အရွက် တစ်မျိုးပါ။ သီဟိုဠ်ရွက်မှာ အာဟာရတွေ ပါလား ......... သီဟိုဠ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ကပ်ပါးပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုန်လာဥနီ အရွက် စားလို့ရလား ......

မုန်လာဥနီ လို့ပြောလိုက်ရင် အများစုက မုန်လာဥနီကိုပဲ စားလို့ရတယ်လို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ မုန်လာဥနီက မုန်လာဥကိုတင် မဟုတ်ဘဲ မုန်လာဥနီ အရွက် ကိုပါ စားလို့ ရပါတယ်။ မုန်လာဥနီက ကျန်းမာရေးအတွက် ကောင်းသလို မုန်လာဥနီ အရွက်ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပေးပါတယ်။ မုန်လာဥနီအရွက်က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ မုန်လာဥနီ အရွက်စားလို့ရလား ...... မုန်လာဥနီ အရွက်က မုန်လာဥဖြူ အရွက်လေးလိုပဲ စားလို့ရပါတယ်။ အရွက်နုနုလေးတွေကို ကြော်စားလို့ရသလို ရေနွေးဖျောပြီး သုတ်စားတာ၊ တို့စားတာတွေ လုပ်လို့ ရပါတယ်။ နောက်တစ်နည်းကတော့ ဟော့ပေါ့ထဲ ထည့်စားတာပါ။ ချဉ်ဟင်းချက်စားလို့လည်း ရပါတယ်။ မုန်လာဥနီ အရွက်က ခါးသက်သက် ဖြစ်တာကြောင့် အဆိပ်အတောက်ရှိတယ်လို့ ယခင်က ယူဆခဲ့ကြပါတယ်။ တကယ်ကတော့ မုန်လာဥနီ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန်းရွက် ကပေးတဲ့ ကျန်းမာရေး

ပိန်းရွက်ကို စားလို့ရတဲ့ အကြောင်းကိုတော့ ဆောင်းပါးလေး တစ်ပုဒ်ရေးပြီး ပြောထားပြီးသားပါ။ ဘေးကင်းအောင် ဘယ်လို စားရမလဲဆိုတာကိုရောပေါ့။ ဒီ တစ်ခေါက်တော့ ပိန်းရွက် က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပိန်းရွက် ဆိုတာက ပိန်းရွက် လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ အကြောင်းကတော့ ပိန်းပင်က အလေ့ကျ ပေါက်ပင် တစ်မျိုးဖြစ်ပြီး တွေရ မြင်ရလွယ်လို့ပါ။ မမြင်ဖူးသူတွေကို မြင်သာအောင် ပြောပြရရင် ပိန်းရွက်ဆိုတာကအရွက်က အစိမ်းရောင် ခပ်ဖားဖား ရှိပါတယ်။ အရိုးက အစိမ်းရယ် အနီရယ်ဆိုပြီး ကွာပါတယ်။ ဒါကိုမှ ပိန်းစိမ်းရယ် ပိန်းနီရယ်ဆိုပြီး ခွဲခြား ခေါ်ဝေါ်တာပါ။ ပိန်းစိမ်းက ရိုးတံရော ရွက်ကြောလေးတွေပါ အစိမ်းရောင်ပါ။ ပိန်းနီကတော့ ရိုးတံနဲ့ ရွက်ကြောလေးတွေက အနီရောင်ပါ။ ခရမ်းရောင်ဘက်တောင် နည်းနည်းလုပါတယ်။ ပိန်းရွက်မှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)