ပန်းသီး သေးသေးလေး တွေကို စားဖူးကြလား။ အဝါရောင် ဖျော့ဖျော့လေး အနီရဲရဲလေးနဲ့ အရောင်အသွေးက လှသလို ပုံမှန် ပန်းသီးထက် ဆိုဒ်သေးနေတာလေးက ချစ်စရာ ကောင်းလှပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ပန်းသီး သေးသေးလေး တွေကို စားဖူးကြလား။ အဝါရောင် ဖျော့ဖျော့လေး အနီရဲရဲလေးနဲ့ အရောင်အသွေးက လှသလို ပုံမှန် ပန်းသီးထက် ဆိုဒ်သေးနေတာလေးက ချစ်စရာ ကောင်းလှပါတယ်။
ဒီလို ချစ်စရာ ကောင်းတဲ့ ပန်းသီး သေးသေးလေးတွေက အမြင်မှာ ချစ်စရာကောင်းသလို အရသာလည်း ကောင်းပါတယ်။ ဒါတင်မကသေးတာက ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တာပါ။ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
ပန်းသီးသေးသေးလေးတွေဆိုတာက ပန်းသီး မျိုးရင်းဝင် တစ်မျိုးပါ။ သဘာဝအတိုင်း ပေါက်ရောက်တတ်တဲ့ ပန်းသီး တစ်မျိုးပါ။ ပန်းသီးနဲ့ ပုံစံတူပေမယ့် အရွယ်အစားကတော့ သေးငယ်ပါတယ်။
အချိုမကဲဘဲ အချဉ်ဘက်ကို နည်းနည်းလုတဲ့ အရသာ ရှိပါတယ်။ အပင်ကြီးပင်ဖြစ်ပြီး အသီးလေးတွေကတော့ အခိုင်လိုက် သီးတတ်ပါတယ်။ အရွယ်က အကြီးဆုံး အနေနဲ့ တရုတ်ဇီးချိုသီး အရွယ်လောက် ရှိပါပြီ။
ပန်းသီး သေးသေးလေးတွေမှာ
ပန်းသီး သေးသေးလေးတွေမှာ ပန်းသီးလိုပဲ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အာဟာရတန်ဖိုးကွာတာကြောင့် ပန်းသီး တစ်လုံးမှာပါတဲ့ ပမာဏ ရစေဖို့ဆိုရင် အရွယ်တော် ၃ လုံးလောက် စားပေးဖို့တော့ လိုပါမယ်။
ပန်းသီး သေးသေးလေး တွေက ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးပါတယ်။
ပန်းသီး သေးသေးလေးတွေမှာ phenolic ဒြပ်ပေါင်း ပါဝင်နေပါတယ်။ ဒီလို ကြွယ်ဝတာက အရသာတိုးစေပြီး အရောင်အသွေး လှစေဖို့ လုပ်ဆောင်ပေးတာ မဟုတ်ပါဘူး။ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝတာကြောင့် ကျန်းမာရေးကို ထောက်ကူပေးသလို အရေပြား ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
ကင်ဆာဖြစ်နေသူတွေမှာလည်း ကင်ဆာကျိတ်တွေ ကြီးလာတာကို ဟန့်တားပေးသလို ကင်ဆာဆဲလ်တွေ ပြန့်တာကို တားဆီးပေးပါတယ်။
ပန်းသီး သေးသေးလေးတွေမှာ bioactive components ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ သွေးတွင်း အဆီများတဲ့သူတွေ စားသုံးဖို့ သင့်တော်ပါတယ်။ တစ်နေ့ကို ၃ လုံးလောက် ပုံမှန် စားသုံးပေးဖို့ လိုပါမယ်။
ဗီတာမင် C ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
ဗီတာမင် A က မျက်လုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပန်းသီး သေးသေးလေး တွေမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေပြီး ကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ဒီတော့ ကျန်းမာရေး ကောင်းစေဖို့ အခုလို ပန်းသီး သေးသေးလေးတွေကို စားပေးလို့ ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။