backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နေကြာပျားရည် ကျန်းမာရေးအတွက် ကောင်းစေသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နေကြာပျားရည် ကျန်းမာရေးအတွက် ကောင်းစေသလား။

နေကြာပျားရည် ဆိုလို့ ထူးဆန်းသွားလား။ မထူးဆန်းပါနဲ့။ သဘာဝစစ်စစ် နေကြာပျားရည် က ပုံမှန် သောက်နေကျ ပျားရည်တွေလိုပဲ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။

နေကြာပျားရည်က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို သေသေချာချာလေး သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

နေကြာပျားရည် ဆိုတာ

နေကြာပျားရည် ဆိုတာ နေကြာဝတ်မှုန်ကို စားထားတဲ့ ပျားလေးတွေဆီကနေ ရတဲ့ ပျားရည်ပါ။ နေကြာဆီက ကျန်းမာရေးအတွက် ကောင်းစေသလို ပျားရည်ကလည်း ကျန်းမာရေး အကျိုးထူးတွေ ရှိတာကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူပြုမယ်ဆိုတာကတော့ အသေအချာပါ။

အရောင်က အဝါရောင် ရင့်ရင့်လေးကနေ လိမ္မော်ရောင်အထိ ဖြစ်နိုင်ပါတယ်။ အမိုင်နိုအက်ဆစ် အပါအဝင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။

နေကြာပျားရည်ကနေ ရနိုင်တဲ့ အာဟာရတွေက ဘာတွေများလဲ။

နေကြာပျားရည်ကနေ အခုလို အာဟာရတွေ ရရှိနိုင်ပါတယ်။

  • အမိုင်နိုအက်ဆစ်
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
  • ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်းတို့ ပါဝင်နေပါတယ်။

နေကြာပျားရည် ကျန်းမာရေးအတွက် ကောင်းစေသလား။

နေကြာပျားရည် ကျန်းမာရေးအတွက် ကောင်းစေသလား

နေကြာပျားရည်က ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတယ်။

နေကြာပျားရည်မှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ပါဝင်နေတာကြောင့် အနာပိုးဝင်တာတွေကို ကာကွယ်ပေးသလို ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အနာကျက်စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကို သက်သာစေနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်။

အစာခြေစနစ် ကျန်းမာချင်တယ်ဆိုရင် မနက်စောစောမှာ နေကြာပျားရည် တစ်ဇွန်းလောက် သောက်ပေးပါ။ ဒီလိုလုပ်ပေးတာက အစာအိမ်ကိုရော အူလမ်းကြောင်းကိုပါ ကျန်းမာစေနိုင်ပါတယ်။

အာဟာရပြည့်ဝစေတယ်။

ပျားရည်က အာဟာရပြည့်ဝစေတယ်ဆိုတာ သိပြီး ဖြစ်မှာပါ။ နေကြာပျားရည်မှာလည်း ပျားရည်နည်းတူ အာဟာရတွေ ပါဝင်နေသလို နေကြာပင်ကနေရရှိနိုင်တဲ့ အာဟာရတွေကိုပါ အပိုဆုအနေနဲ့ ရရှိနိုင်မှာ ဖြစ်တာကြောင့် အာဟာရ ပြည့်ဝစေမှာ အသေအချာပါ။

အရေပြား ကျန်းမာစေတယ်။

မျက်နှာ အသားအရေ သန့်စင်ဖို့၊ ဝက်ခြံတွေ သက်သာစေဖို့နဲ့ ချွေးပေါက်တွေ ပွင့်စေဖို့လည်း နေကြာပျားရည်က လုပ်ဆောင်ပေးပါတယ်။ ရေနွေးလေးနဲ့ သောက်သုံးပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့လည်း ရပါတယ်။ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

အရေပြားပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ် ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးရုံပါ။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြား ထိခိုက်တာ၊ ဆဲလ်တွေ ပျက်စီးတာနဲ့ ဆီးချို၊ သွေးတိုး၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့အတွက် နေကြာပျားရည်ကို အသုံးပြုပေးလို့ ရပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

နေကြာဝတ်မှုန်ကရော ပျားရည်ကပါ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေကြာပျားရည်ကို ပုံမှန်လေး ဆေးဖြစ်ဝါးဖြစ် သောက်ပေးတာက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်။

နေကြာပျားရည်က အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ရေနွေးနွေးလေးနဲ့ သောက်သုံးပေးလို့ ရပါတယ်။

ကဲ…. နေကြာပျားရည်က အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ ဆီးချို ရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးပေးဖို့ အကြံပြုလိုပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း ဆေးဖြစ်ဝါးဖြစ်လေး သောက်သုံးပေးလို့ ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement