မုန်လာဥ ချဉ်ရည်လို့ ဆိုလိုက်ရင် အရွက်တွေကို မထည့်ဘဲ မုန်လာဥဖြူကိုပဲ ချက်ဖြစ်တာ များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူ အရွက်က ချဉ်ဟင်းထဲ ထည့်ချက်လို့ ရပေမယ့် အရွက်က ဝါသွားတာ၊ မလတ်ဆတ်တာတွေကြောင့် ထည့်မချက် ဖြစ်တာလည်း များပါတယ်။
ထွက်မှာ သေချာပြီလား။
မုန်လာဥ ချဉ်ရည်လို့ ဆိုလိုက်ရင် အရွက်တွေကို မထည့်ဘဲ မုန်လာဥဖြူကိုပဲ ချက်ဖြစ်တာ များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူ အရွက်က ချဉ်ဟင်းထဲ ထည့်ချက်လို့ ရပေမယ့် အရွက်က ဝါသွားတာ၊ မလတ်ဆတ်တာတွေကြောင့် ထည့်မချက် ဖြစ်တာလည်း များပါတယ်။
တကယ်ကတော့ မုန်လာရွက်က စားလို့ရသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒီတစ်ခေါက်တော့ မုန်လာဥဖြူရဲ့ အရွက်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
မုန်လာရွက်ဆိုတာက မုန်လာဥဖြူရဲ့ အထက်ပိုင်းမှာပါတဲ့ အရွက်ကို ဆိုလိုတာပါ။ နာမည်အတိုင်း မုန်လာဥက ဖြူဖြူလေး ဖြစ်ပြီး အရွက်ကတော့ အစိမ်းရောင်လေးပါ။
ဒီအရွက်ကို ကြက်စွပ်ပြုတ်တွေထဲ ထည့်သောက်တာ၊ အချဉ်စိမ်တာတွေ လုပ်လေ့ရှိသလို ချဉ်ဟင်းထဲလည်း ထည့်ချက်စားလို့ ရပါတယ်။ အရွက်က ရိုးတံ ကြွပ်ကြွပ်လေးနဲ့ စားလို့ ကောင်းတဲ့ အရွက် တစ်မျိုးပါ။
စားရတာ အရသာရှိတဲ့ မုန်လာရွက်ထဲမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
မုန်လာရွက် က ဆေးဖက်ဝင်လား ဆိုတော့ အခုလို ဆေးဖက်ဝင်ပါတယ်။
မုန်လာဥဖြူရဲ့ အရွက်မှာ သံဓာတ်၊ phosphorus တို့ ပါဝင်သလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် C၊ ဗီတာမင် A၊ သီရာမင်းတို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခြေကုန်လက်ပမ်းကျတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးအားနည်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
သံဓာတ်၊ phosphorus နဲ့ ဗီတာမင် C၊ ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို တုပ်ကွေး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
မုန်လာဥဖြူ အရွက်က သဘာဝ ဆီးရွှင်ဆေး တစ်မျိုးပါ။ ဆီးကျောက်တွေကို ကြေစေနိုင်ပြီး ဆီးအိမ်ကို ရှင်းစေပါတယ်။ ဝမ်းမှန်စေနိုင်တာကြောင့် ဝမ်းချုပ်တာ၊ လေပွတာတွေ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။
မုန်လာဥဖြူ အရွက်က ဗီတာမင် C ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ မုန်လာဥဖြူအရွက်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။
စမြင်းခံတာက အတော်လေး နာကျင်ပြီး ခံစားရခက်ပါတယ်။ မုန်လာဥဖြူအရွက်က ဒီပြဿနာကို ပြေလည်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရောင်ကျစေနိုင်ပါတယ်။ အခြောက်ခံထားတဲ့ မုန်လာဥဖြူအရွက်ခြောက်ကို အမှုန့်ကြိတ်ပြီး သကြားနဲ့ ရေကိုရောပြီး ခပ်ပျစ်ပျစ်လေး စားပေးရုံပါ။
အသည်းရောင် အသားဝါ ရောဂါဖြစ်တဲ့အခါ အရေပြားရော မျက်ဖြူသားတွေပါ ဝါလာပါတယ်။ ဒီလို ဖြစ်တာကို သက်သာစေဖို့ဆိုရင် မုန်လာဥဖြူ အရွက်ကို စားပေးလို့ ရပါတယ်။
ဆီးချိုက အခုနောက်ပိုင်း အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစိခုပါ။ မုန်လာဥဖြူ အရွက်က ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူအရွက်က သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပြီး ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။
အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပြီး အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
ကဲ …. မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Benefits Of Radish Leaves And Its Side Effects https://www.lybrate.com/topic/radish-leaves-benefits Accessed Date 14 December 2021
10 Amazing Health Benefits Of Radish Leaves https://www.stylecraze.com/articles/health-benefits-of-radish-leaves/ Accessed Date 14 December 2021