အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပုရစ်ကြော် စားပြီး ရမယ့် ပရိုတင်း ဘာတွေ အကျိုးကျေးဇူးပေးမလဲ

ပုရစ် ကြော် လို့ ပြောလိုက်တာနဲ့ အသည်းယားတဲ့အသံနဲ့ နောက်တွန့်သွားမယ့်သူတွေက တစ်ဖက်၊ ဘယ်မှာလဲ...ဘယ်မှာလဲနဲ့ ချက်ချင်း ပြေးဝယ်စားချင်လောက်အောင် အရမ်းကြိုက်တဲ့သူတွေက တစ်ဖက် ရှိနေပါတယ်။ အင်းဆက် အမျိုးအစားဝင်ဖြစ်တဲ့ ပုရစ်ကြော်က အခုဆို မသေးတဲ့ဈေးနှုန်းနဲ့ မြန်မာ့ဈေးကွက်မှာ ရပ်တည်နေပါပြီနော်။  မြန်မာပြည်မှာက ပုရစ်ရယ်၊ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်တို့ကို ကြိုက်နှစ်သက်ကြတာ ဟိုးအရင်တည်းက။ တရုတ်တန်းက သင်ပေါင်းပိုးကလည်း နာမည်ကြီးရယ်။ ဒါတွေက အင်းဆက်မဟုတ်လို့ ဘာတွေဖြစ်မလဲ။ အင်းဆက်တွေက အာဟာရဓါတ်ကြွယ်ဝပြီး အစာကြေလည်းလွယ်တယ်၊ ဓါတ်မတည့်မှုဆိုတာမရှိသလောက်ကိုနည်းတယ်၊ အဓိက အသားဓါတ်ပြည့်ဝတယ်ဆိုတာ သုတေသနတွေက အထောက်အထားတွေ့ရှိထားတာကြာပေါ့။ အသားဓာတ် အရင်းအမြစ် အင်းဆက်တွေက အသားဓါတ်ကြွယ်ဝပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုးမျိုးလုံးပါဝင်တယ်လို့ သုတေသီတွေကပြောထားပါတယ်။ ဆောင်းရာသီဆို ဒီမှာ တဖွဲဖွဲမြင်နေရတတ်တဲ့ ပိုးကောင်လေးတွေ၊ ဒါးခုတ်ကောင်၊ ကျိုင်းကောင် ၊ပုရစ် စတဲ့ အင်းဆက်တွေကို ဖိလစ်ပိုင်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး

မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ ​ကြော်ချက်လေးပဲလုပ်လုပ်၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်လို့ အသုပ်လေးနဲ့ပဲ တွဲစားစား စားလို့ကောင်းလို့ ဘူးသီးလေးကို ကြိုက်တဲ့ သူတွေရှိလား........... ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင် မဖြစ်မနေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။ ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်လား။ ဘူးသီး ဆိုတာ ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရိုသီး နဲ့ ကျန်းမာရေး

အနံ့မွှေးမွှေးပြီး ချဉ်ပြုံးပြုံးအရသာရှိလှပြီး ဖျော်ရည်ပဲ ဖျော်သောက်သောက်၊ အသုပ်ထဲ ပဲထည့်စားစား အရသာရှိသလို ခံတွင်းရှင်းတဲ့ သံပရိုသီးလေးက ကျန်းမာရေးနဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုများ အထောက်အကူပေးလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။ သံပရိုသီး သံပရိုသီးလို့ ပြောလိုက်ရင် အခွံဝါဝါလေးနဲ့ အရည်ရွှမ်းတဲ့ အသီး မွှေးမွှေးလေးတွေကို ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီသံပရိုသီးလေးတွေက ဖျော်ပဲသောက်သောက်၊ အသုပ်တွေ၊ မုန့်ဟင်းခါးတွေ၊ အုန်းနို့ခေါက်ဆွဲလို စားစရာတွေထဲကိုပဲ ထည့်စားစား စားလို့ကောင်းပါတယ်။ သံပရိုသီးရဲ့ အကျိုးကျေးဇူးက စားလို့ကောင်းရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြား အသုံးဝင်တာတွေလည်း ရှိပါသေးတယ်။ သံပရိုသီးမှာပါတဲ့ အာဟာရဓာတ် သံပရိုသီးမှာ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် အဆီဓာတ် တို့ပါဝင်ပါတယ်။ သံပရိုသီး နဲ့ ကျန်းမာရေး ချဉ်ပြုံးပြုံး အရသာရှိတဲ့ သံပရိုသီးလေးက နှလုံးကျန်းမာ စေတယ် ဗီတာမင် C ကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါခံစားရတာနဲ့ လေဖြတ်တာတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂျင်းမဟုတ်တဲ့ ချင်း (ginger)

“ ဂျင်းထည့်တယ်” ဆိုတဲ့ အသုံးများလာတဲ့ စကားလေးတစ်ခုကို အားလုံး ကြားဖူးကြမှာပါ။ ဗန်းစကား “ဂျင်း” ဆိုတာကတော့ နားလည်သလောက်ပြောရရင် မဟုတ်တာတွေ၊ ပေါက်ကရတွေ၊ ဂျောက်တွန်းတဲ့ သဘောပေါ့။ ဒါပေမယ့် ဒီနေ့ရေးမယ့် ဂျင်း (ginger) လေးက ကျန်းမာရေးအတွက် အရမ်းကို ကောင်းစေတဲ့ ဂျင်းမဟုတ်တဲ့ ဂျင်းမြစ်လေးအကြောင်းပါ။ ဂျင်းမြစ်မှာ အာဟာရဓာတ်တွေ၊ ခုခံအားကောင်းစေတဲ့ ပစ္စည်းတွေ နဲ့ ပြည့်ဝနေတာကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အထောက်အကူအပေးဆုံး သဘာ၀ ထွက်ကုန်လေးတစ်ခုလို့တောင် တင်စားကြပါတယ်။ ဒါဆို ဂျင်းဟာ ဘယ်လိုနေရာမှာ အသုံးဝင်လဲ ဆိုတာကိုလေးကို ဆက်ပြောပြပါမယ်။ (၁) germs လို့ခေါ်တဲ့ ပိုးမွှားလေးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဂျင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေက ဘက်တီးရီးယားပိုးမွှားလေး တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဒါ့ကြောင့်လည်း ဂျင်းကို တိုင်းရင်းဆေးပညာတွေမှာရော၊ အိမ်တွင်းသုံးဆေးဝါး အနေနဲ့ရော […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ

ကမ္ဘာတစ်လွှားမှာ နို့အမျိုးမျိုးကို နှစ်ပေါင်းများစွာ သောက်သုံးလာခဲ့ကြပါတယ်။ နွားနို့ အပါအဝင် သိုး၊ ဆိတ်များဆီကနေ ထုတ်လုပ်သောက်သုံးကြပါတယ်။ နို့သောက်ခြင်းရဲ့ အာဟာရတန်ဖိုးနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတာ ရှိပါတယ်။ နို့ဟာ ဓာတ်မတည့်ခြင်းလည်း ဖြစ်စေတတ်တာမို့ အချို့က အကျိုးထက် အပြစ်ပိုများကြောင်း ထောက်ပြကြပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားတဲ့ နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ ပါပဲ။ နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ ကတော့ ၁။ နို့မှာ ထင်မထားလောက်အောင် အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မွေးခါစ တိရစ္ဆာန်ကလေးငယ်များကို အာဟာရဓာတ်ပြည့်ဝအောင် သဘာဝက ဖန်တီးထားတာမို့ ပါဝင်တဲ့ အာဟာရဓာတ်များဟာ အံ့မခန်းပါပဲ။ ဥပမာ နွားနို့တခွက် (၂၄၄ ဂရမ်) မှာ အောက်ပါအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ • ကယ်လိုရီ။ ၁၄၆ • ပရိုတိန်း။ ၈ ဂရမ် • အဆီဓာတ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီးရှာလကာရည်၏ အကျိုးကျေးဇူးများ

ပန်းသီးရှာလကာရည်ဟာ နောက်ပိုင်းမှာ အိမ်တွင်းပစ္စည်းတွေနဲ့ပဲ ပြုလုပ်နိုင်တာမို့ ခေတ်စားလာပါတယ်။ ယခင်ကလည်း အစားအစာချက်ပြုရာမှာရော ဆေးဝါးအနေနဲ့ပါ သုံးစွဲခဲ့ကြပါတယ်။ ပန်းသီးရှာလကာရည်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဓိကအားဖြင့် ပိုးမွှားများ သေစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် နောက်ပိုင်းသုတေသနတွေအရ ကိုယ်အလေးချိန်ကျခြင်း၊ ကိုလက်စထရော ကျစေခြင်း၊ သွေးတွင်းသကြားဓာတ် ကျစေခြင်း၊ ဆီးချိုဝေဒနာများ သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိကြောင်း သိလာရပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်ခြင်း ပန်းသီးရှာလကာရည်ထဲမှာ အက်ဆီတစ်အက်ဆစ်ပါဝင်ပါတယ်။ အဆိုပါအက်ဆစ်ဟာ ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးအထောက်အကူပြု အာနိသင်တွေအတွက် အဓိကကျပါတယ်။ ပရိုတိန်း၊ အင်ဇိုင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်အနည်းငယ် ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေတော့ များများစားစား ပါဝင်ခြင်း မရှိပါဘူး။ နာမည်ကြီးတံဆိပ်တွေမှာတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီးရှာလကာရည်၏ ဘေးထွက်ဆိုးကျိုးများ

ပန်းသီးရှာလကာရည်ဟာ လူသားတို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတယ်လို့ သိပ္ပံနည်းကျသုတေသနတွေအရ သိရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ဘယ်အရာဖြစ်စေ အလွန်အကျွံသုံးစွဲမိရင် ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည် သုံးစွဲချိန်မှာ ကြုံလာနိုင်တဲ့ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ဆိုတာကတော့ ပန်းသီးကို တစေးနဲ့ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ တစေးဟာ ပန်းသီးထဲက သကြားဓာတ်ကို အယ်လ်ကိုဟောအသွင် ပြောင်းစေပါတယ်။ ပြီးရင် ဘက်တီးရီးယားတွေ ပေါင်းစပ်ပြီး အယ်လ်ကိုဟောကို အက်ဆီတစ်အက်ဆစ်အသွင် ပြောင်းလဲသွားစေပါတယ်။ ဒါဟာ ပန်းသီးရှာလကာရည် ဖြစ်ပေါ်လာပုံ အကြမ်းဖျဉ်း ဖြစ်ပါတယ်။ ၁။ အစာအိမ်မှ အစာခြေချိန်ကို နှေးစေခြင်း ပန်းသီးရှာလကာရည်ဟာ အစာအိမ်ကနေ ချေဖျက်ပြီးသား အစာတွေ အူလမ်းကြောင်းထဲ ရောက်စေတဲ့ နှုန်းထားကို လျှော့ချပြီး သွေးတွင်းသကြားဓာတ် ရုတ်ချည်းမြင့်တက်မှုကို တားဆီးပေးပါတယ်။ ဒါဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂရိတ်ဖရုသီး၏ အကျိုးကျေးဇူးများ

ဂရိတ်ဖရုဟာ အချဉ်ဓာတ်ကဲတဲ့ သံပုရာမျိုးနွယ်ဝင်ဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အသီးတခုလုံးကို စားသုံးနိုင်သလို ဖျော်ရည်ပြုလုပ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။ ဂရိတ်ဖရုဟာ အသားအရေကို လှပစေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ ယခုဆောင်းပါးမှာဖော်ပြမှာကတော့ ကျန်းမာရေးအပေါ် ဂရိတ်ဖရုရဲ့ အကျိုးပြုပုံနဲ့ သတိပြုရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။ အကျိုးကျေးဇူးများ ဂရိတ်ဖရုမှာ ကယ်လိုရီနည်းပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် A နဲ့ C များစွာ ပါဝင်ပါတယ်။ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဆီးချို ဂရိတ်ဖရုမှာ သကြားဓာတ်ညွှန်ကိန်း (glycemic index) နည်းပါတယ်။ အမျိုးအစား ၂ ဆီးချို ဖြစ်ပွားနိုင်ခြေကို နည်းပါးစေပါတယ်။ ဂရိတ်ဖရုမှာ naringin ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပြီး အမျိုးအစား ၂ ဆီးချိုသမားတွေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အထောက်အကူပြုတယ်လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိုးနတ် စားသင့် မစားသင့်

ဒိုးနတ် (Doughnut/Donut) လို့ပြောလိုက်ရင် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ အရသာမျိုးပေးစွမ်းနိုင်တဲ့ ဂျုံမုန့်ဝိုင်းတစ်မျိုးကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒိုးနတ်တွေဟာ ဒီကနေ့ခေတ်မှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ မုန့်အချိုတစ်မျိုးအဖြစ်လည်း ညွှန်းဆိုခံရလေ့ရှိပါတယ်။ ၁၉ ရာစုအစောပိုင်းကာလတွေမှာ စတင်ပေါ်ထွက်လာတဲ့ ဒိုးနတ်တွေဟာ အမေရိကန်ယဉ်ကျေးမှုရဲ့ သရုပ်သကန်တစ်ခုအဖြစ် မှတ်ယူခံရပါတယ်။ ချိုချိုရဲရဲ ဝိုင်းဝိုင်းစက်စက် ဒီမုန့်တွေဟာ ပထမကမ္ဘာစစ်နဲ့အတူ ဥရောပမြေကို ခြေချလာခဲ့တာဖြစ်ပြီးတော့ ခုချိန်မှာတော့ ကမ္ဘာတစ်လွှား လူကြိုက်အများဆုံး အစားအစာတစ်မျိုးဖြစ်လို့နေပါပြီ။ ကမ္ဘာပေါ်မှာ ဒိုးနတ်ကို အကြိုက်ဆုံး တိုင်းပြည်ကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပေမယ့် နိုင်ငံအလိုက် အစားဆုံးတိုင်းပြည်ကတော့ ကနေဒါပါ။ ကော်ဖီ၊ နို့ စတာတွေနဲ့ တွဲဖက်သုံးဆောင်ကြတာဟာ ဒိုးနတ်စားသုံးမှုရဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီးတော့ ဒီမုန့်တွေဟာ သမားရိုးကျ ကိတ်မုန့်တွေကို ခွဲထွက်လာတဲ့ မျိုးကွဲတစ်မျိုးဖြစ်ပါတယ်။ သကြားပါဝင်မှုများပြီး ချောကလက်၊ cinnamon ၊ sprinkles အမှုန်လေးတွေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန္နဲသီး ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ချိုချိုလေးနဲ့ ဝါးလိုက်တိုင်း အရသာရှိတဲ့ ပိန္နဲသီး လေးက အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားလေးအတိုင်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပေးနိုင်ပါသတဲ့။ ပိန္နဲသီး ဆိုတာ အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။ ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်များ စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ ကယ်လ်လိုရီ ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် C Pyridoxine (ဗီတာမင် B6) Niacin (ဗီတာမင် B3) Riboflavin (ဗီတာမင် B2) Folic acid (ဗီတာမင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)