အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

စားလို့ကောင်းတဲ့ ကြာစွယ်လေးကပေးတဲ့ ကျန်းမာရေး အာနိသင်

မာလာဟင်းထဲမှာဖြစ်ဖြစ်၊ မာလာရှမ်းကော ဒါမှမဟုတ် ဟော့ပေါ့ထဲမှာ ထည့်စားတတ်ကြတဲ့ ကြာစွယ်လေးက ခပ်ကြွပ်ကြွပ်လေးနဲ့ ဝါးစားလို့ကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ကြာစွယ်ဆိုတာ ဘာလဲ……. ကြာပင်ရဲ့ အမြစ်ပါ။ ပင်စည်မှာ အပေါက်လေးတွေ ပါနေပြီး စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။ အပြင်ခွံက အဝါရောင် ဒါမှမဟုတ် အညိုရော်င ခပ်ဖျော့ဖျော့ဆိုပေမယ့် အတွင်းသားကတော့ ဖြူပါတယ်။ ဟင်းတွေထဲမှာ ထည့်ချက်စားသုံးကြသလို ရှေးယခင် ကာလတွေတုန်းက တရုတ်လူမျိုးတွေက တိုင်းရင်းဆေးအဖြစ် အသုံးပြုခဲ့ကြပါ သေးတယ်။ ဘယ်အာဟာရဓာတ်တွေ ပါဝင်နေလဲ………. စားလို့ ကောင်းတဲ့ ကြာစွယ်လေးကို စားသုံးပေးမယ်ဆိုရင် ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီဓာတ် အမျှင်ဓာတ် ဗီတာမင် C ပိုတက်ဆီယမ် Riboflavin ဗီတာမင် B6 ကော့ပါး မဂ္ဂနိ့ သီရာမင်း ဖော့စဖရိတ် သံဓာတ် မဂ္ဂနီဆီယမ် ကယ်လ်ဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြာရိုးလေး ကပေးတဲ့ ကျန်းမာရေး

ဟင်းခါးလေးပဲ ချက်သောက်သောက်၊ ချဉ်ရည်ဟင်းပဲ ချက်ချက် အဆင်ပြေပြီး စားလို့ကောင်းတဲ့ ကြာရိုးလေးကို ကြိုက်တဲ့ သူလေးတွေရှိလား။ လက်သုပ်စုံလေး လုပ်စားရင်း ကြာရိုးဟင်းခါး ပူပူလေးသောက်ရတာ တော်တော်လေး အရသာ ရှိပါတယ်။ ဒီလို စားကောင်းပြီး ခံတွင်းတွေ့တဲ့ ကြာရိုးလေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား…………. ကြာရိုးဆိုတာ ဘာလဲ………… ကြာရိုးဆိုတာ ကြာပန်းအောက်မှာပါတဲ့ အရိုးပွပွလေးပါ။ နီညိုရောင်လေးရှိပြီး ခပ်ပွပွရိုးတံလေးကို အရွယ်တော်လေးတွေ တုံးပြီး ဘေးနားက အမျှင်လေးတွေကို သင်ပြီး ချက်စားလို့ ရပါတယ်။ ဘယ်လို အာဟာရဓာတ်တွေပါနေလဲ………… ကြာရိုးမှာ ကယ်လ်ဆီယမ်၊ သံဓာတ် နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆ မြင့်စေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သံဓာတ်က ဟီမိုဂလိုဘင်တိုးစေပြီး သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းကြွယ်ဝတဲ့ သတ်သတ်လွတ် အစားအစာတွေ

ပရိုတင်းလို့ ဆိုလိုက်ရင် အသားတွေ ငါးတွေကနေပဲ ရမယ်လို့ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါကလည်း မမှားပါဘူး။ အသားဓာတ် လို့ဆိုတာကိုး။ အသားငါးတွေကနေပဲ ရမယ်လို့ ယူဆမှာပေါ့။ ဒီတော့ အသားမစားတဲ့သူတွေ အသားဓာတ် မရတော့ဘူးလားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ အသားဓာတ်ရနိုင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ရှိပါသေးတယ်။ ပရိုတင်းကြွယ်ဝတဲ့ သတ်သတ်လွတ် အစားအစာတွေ က ဘာ​တွေဖြစ်မလဲ ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်လိုက်ပါ။ ပရိုတင်းကြွယ်ဝတဲ့ သတ်သတ်လွတ် အစားအစာတွေ က ဘာတွေများလဲ အသားငါးတွေ မစားဘဲ ပရိုတင်း ကြွယ်ဝဖို့ဆိုရင်တော့ ဒါလေးတွေ စားပေးလို့ရပါတယ်။ ပဲနီလေး အမျှင်ဓာတ် ကြွယ်ဝသလို ပရိုတင်းလည်း ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာသလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနီလေး တစ်ခွက်စာမှာ ပရိုတင်း ပမာဏ ၁၇.၈၆ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ လွဲလွဲလေးများ

ပရိုတင်းက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဒီ အာဟာရဓာတ် ပြည့်မီမှ ခန္ဓာကိုယ် ကျန်းမာမှ မှန်ပေမယ့် နည်းစနစ်မှန်မှန်စားသုံးမှ ခန္ဓာကိုယ်ကျန်းမာစေမှာပါ။ ဒီတော့ ပရိုတင်းနဲ့ပတ်သက်ပြီး ကိုယ်သိထားတာ ဘယ်လောက်မှန်လဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား………… ပရိုတင်းဆိုတာ ဘာလဲ………… ပရိုတင်းဆိုတာက အသားဓာတ်ပေါ့လို့ အလွယ်တကူပြောလို့ရပါတယ်။ ဒီအာဟာရဓာတ်က ကိုယ်ထဲကသွေးတွေကစလို့ အရိုး နဲ့ ကြွက်သား၊ အရိုးနု၊ အရေပြား၊ ဆံသား၊ ခြေသည်းလက်သည်း စတာတွေ အားလုံးကို ဖွဲ့စည်းပေးထားတာပါ။ ကိုယ်ခံအား ကောင်းဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။ ပရိုတင်းနဲ့ပတ်သက်လို့ သိထားတာတွေ ဘယ်လောက်မှန်လဲ……………. ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်…… Myth (1) – ပရိုတင်းကို အသား၊ ဥအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေကနေပဲ ရရှိနိုင်တယ်။ ပုံမှန်ကတော့ ဒီလိုပဲ ယူဆနိုင်ပါတယ်။ အသားဓာတ်လို့ ဆိုတာကိုး။ အသား၊ ငါး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန္နဲသီးစိမ်း ကပေးတဲ့ ကျန်းမာရေး

ပိန္နဲသီးဆို မှည့်မှည့်ချိုချိုလေးမှာ စားလို့ရတာ မဟုတ်ပါဘူး။ ခပ်နုနုအရွယ် အစိမ်းမှာတင် အကွင်းလိုက်လှီး အစေးထွက်အောင် ရေစိမ်လို့ အတို့အမြှုပ်အနေနဲ့ ပြုတ်စားလို့ရသလို အတုံးလေးတွေ တုံးပြီး ချက်စားရင်လည်း တော်တော်လေး စားကောင်းပါတယ်။ ဒီတစ်ခေါက်တော့ အရသာရှိရှိ ချက်စားတတ်တဲ့ ပိန္နဲသီစိမ်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်း ပြောပြပေးပါရစေ။ ပိန္နဲသီးစိမ်း ဆိုတာ အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။ ပိန္နဲသီးစိမ်း မှာပါတဲ့ အာဟာရဓာတ်များ စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ ကယ်လ်လိုရီ ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖရုံစေ့ ရဲ့ အသိသာဆုံး ကျန်းမာရေး အကျိုးကျေးဇူး (၆) ခု

ဖရုံစေ့ မှာ အပင် က ရရှိတဲ့ မပြည့်ဝဆီ (polyunsaturated fatty acids) တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ် တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကာရိုတီးနွိုက် နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုလည်း များပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။ ဒီလို ပါဝင်မှု ပြည့်စုံလှတဲ့ ဖရုံစေ့ ဆိမ့်ဆိမ့်လေးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ အသိသာဆုံး (၆) ခုကို ဥပမာ ကြည့်လိုက်ရအောင်… (၁) ဆီးကျိတ် နဲ့ ဆီးအိမ် ကျန်းမာရေး အတွက် ကောင်းတယ် ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်း ကို လက္ခဏာတွေ လျော့ပါးသက်သာစေတယ် လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးစားပါ၊ ကျန်းမာပါလိမ့်မယ်

သရက်သီးလို့ ဆိုလိုက်တာနဲ့ အစိမ်းစားရမလား၊ ငပိရည်လေးနဲ့ အတို့အမြှုပ်လုပ်စားရမလား၊ သုပ်စားရမလား၊ ကြော်စားရမလား၊ အမှည့်အတိုင်းစားရမလားဆိုပြီး ခေါင်းထဲ စားပုံစားနည်းလေးတွေ အလျှိုလျှိုပေါ်လာမယ်ထင်ပါတယ်။ သရက်သီးဟာ မြန်မာတွေနဲ့ အလွန်ရင်းနှီးတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး ဒဏ္ဍာရီတွေ ပုံပြင်တွေအရဆိုရင်လည်း အသီးမှာ သရက်ဆိုပြီး အကောင်းဆုံးသစ်သီးအဖြစ် တင်စားတတ်ကြပါသေးတယ်။ စိမ်းဖန့်ဖန့် သရက်သီး အစိမ်းလေးပဲဖြစ်ဖြစ်၊ လိမ္မော်ရောင်ဝင်းနေတဲ့ သရက်သီးမှည့်လေးပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာမဆို သရက်သီးဆိုတဲ့ အသံကြားရုံနဲ့ မြန်မာတွေကတော့ တံတွေးကို ဂလုခနဲမျိုးချပြီး စားချင်စိတ်ပေါ်လာတတ်ကြတာကတော့ အတူတူပါပဲ။ ခုလို COVID-19 ဝေဒနာဆိုးကြီး လူတိုင်းကို ချိန်းခြောက်နေတဲ့ကာလမျိုးမှာ သရက်သီးစားရင် ရောဂါကာကွယ်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ပေါ်ထွက်နေပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ သရက်သီးကြိုက်တဲ့လူတွေအတွက်တော့ စားစရာ အကြောင်းပြချက်ကောင်းဖြစ်နေမှာ အမှန်ပဲနော်။ တကယ်တော့ သရက်သီးဟာ လူကို ကျန်းမာရေးကောင်းမွန်စေနိုင်တဲ့ အသီးအနှံဆိုတာ အမှန်ပါပဲ။ COVID ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေမရှိပေမယ့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

တမာ ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့

အညာဓလေ့ မြန်မာဓလေ့ ဆိုရင် တမာ ပင်တွေကို မေ့ထားလို့မရပါဘူး။ တမာချဉ် အညွန့်အဖူးလေးတွေ က မြန်မာတွေ နှစ်သက်တဲ့ ငါးပိရည်နဲ့ အတွဲအဖက် တို့စရာတစ်ခုပါပဲ။ တမာ က အရွက်တင် စားလို့ရတာမဟုတ်ဘဲ ကိုင်းရဲ့အရိုးကိုလည်း ဆေးဖော်စပ်တဲ့အထဲ ထည့်တတ်ကြသလို သွားနဲ့ခံတွင်းအတွက် ကောင်းလို့ ဟိုးယခင်ကတည်းက တမာကိုင်းနဲ့ သွားတိုက်တာလည်း ရှိပါတယ်။ ဒီလောက်ထိကို တမာရွက်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ (၁) ကိုယ်အလေးချိန် ကျစေနိုင်တယ် တမာပွင့်တွေက ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွင်းကာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကိုရဖို့ အားပေးကူမှာ ဖြစ်ပါတယ်။ (၂) သွေးတွင်းသကြားဓာတ် ထိန်းနိုင်တယ် တမာရွက်က insulin receptor  ရဲ့ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ချဲ့ပေးနိုင်လို့ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ (၃) […]


အာဟာရဆိုင်ရာ အချက်အလက်များ

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ ..... တိုးတက် လာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေသာမက တော်တော်များများသောလူတွေဟာ Bubble Tea ကို နှစ်ခြိုက်စွာသောက်သုံးလာကြပါတယ်။ Gong Cha တို့ Cha Thai  တို့ကို နာမည်ကြီးဆိုင်တွေ သာမက ရှော့ပင်းမောလ်တွေရဲ့ အအေးဆိုင်တွေမှာ Bubble Teaကို မှာယူ နိုင်ပါတယ်။ Bubble Teaဆိုတာဘာလဲ  Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရောစပ်ဖျော်ထားတဲ့ဖျော်ရည်ပါ။ အမြင်ဆန်းပြီး သောက်ချင်စရာဖြစ်နေအောင် ပုလဲလုံး အမည်း (ပီလော ပီနံကို ဂျယ်လီသဖွယ် ပြုလုပ်ထားတဲ့) အလုံးလေးတွေက အောက်ခြေမှာ နစ်မြုပ်နေပါတယ်။ ဒါဟာ လူငယ်တွေလက်မှာ မချတမ်းသောက်သုံးနေကြတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေး အတွက် နို့ တစ်ခွက်

နို့ ရည်တွေဟာ လူ့ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အာဟာရအဖြစ် မှတ်ယူထားကြပါတယ်။ ဘာလို့ဆို မွေးတည်းက မိခင်နို့ရည်၊ သို့မဟုတ် နို့မှုန့်တော့ သောက်ခဲ့ရတာပဲ ကြည့်။ နို့ အာဟာရဆို နွားနို့နဲ့ နို့ထွက်ပစ္စည်း တွေက ထိပ်ဆုံးကပါပဲ။  ကလေးနို့မှုန့်ကအစ လူကြီးတွေအတွက် အရိုးပွရောဂါ ကာကွယ်တဲ့ နွားနို့ အထိ ရှိနေပြီး နွားနို့ကို နိုင်ငံတဝှမ်း သောက်သုံးတဲ့လူ လည်း များပါတယ်။ နွားနို့လား၊ အစေ့အဆန်တွေထည့်ထားတဲ့ နို့လား။ အဆီထုတ်နို့လား၊ အဆီပြည့်နို့လား ရွေးချယ်စရာတွေက ပေါမှပေါရယ်။ နွားနို့ တစ်ခွက်ရဲ့ နောက်ကွယ် ဒီလို အသားဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝတဲ့ နွား နို့ ဟာ အသက်အရွယ်မရွေး သောက်သုံးကြတဲ့ အာဟာရတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် နွားနို့သောက်ပြီးရင် လေပွသလို၊ နေရခက်သလို ခံစားရတာကို သောက်သုံးသူတွေက စိုးရိမ်ကြပါတယ်။ နွားနို့ကိုအစာမကြေဖြစ်ရတာက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)