အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဖောလိတ် ချို့တဲ့ခြင်းအကြောင်း

ဖောလိတ် ဒါမှမဟုတ် ဖောလစ်အက်ဆစ်ဟာ ဗီတာမင်ဘီအမျိုးအစားတစ်မျိုးဖြစ်ပြီး ဒီအန်အေဖွဲ့စည်းခြင်း၊ ဒီအန်အေပျက်စီးမှုကို ပျက်စီးခြင်း၊ သွေးနီဥဆဲလ်များ ထုတ်လုပ်ခြင်း စတဲ့လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ပေးပါတယ်။ သင့်ရဲ့အစားအသောက်တွေထဲမှာ ဖောလိတ်ဓာတ် အလုံအလောက်မရှိရင် ဖောလိတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ ဖျော်ရည်များ၊ အစိမ်းရင့်ရောင် အသီးအရွက်များ စတာတွေဟာ ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဖောလိတ်ဓာတ်ကို လုံလောက်စွာ မစားသောက်မိရင် ရက်သတ္တပတ်အနည်းငယ်အတွင်း ချို့ယွင်းမှုလက္ခဏာတွေ ပြတတ်ပါတယ်။ ဖောလိတ်ချို့တဲ့ခြင်းဟာ သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းခြင်းဆိုတာ သွေးနီဥဆဲလ်တွေ နည်းပါးသွားတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ သွေးနီဥတွေဟာ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတာကြောင့် သွေးအားနည်းတဲ့အခါ တစ်သျှူးကနေ အောက်ဆီဂျင်များ နည်းပါးသွားပါတယ်။ ဖောလိတ်ဟာ ကလေးမွေးနိုင်တဲ့အရွယ် အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ချို့တဲ့ရင် မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်ဆစ် သောက်သုံးသင့်ပါတယ်။ ဖောလိတ်ချို့တဲ့ခြင်း လက္ခဏာများ ဖောလိတ်ဓာတ်ချို့တဲ့ရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကာဗိုဟိုက်ဒရိတ်၏ လုပ်ငန်းတာဝန်များ

ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အက်တမ်တွေ ပေါင်းစပ်ထားတဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ အာဟာရပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အငြင်းအပွားဆုံး ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားရမယ်ဆိုတဲ့ နည်လမ်းတွေကို လုပ်ဆောင်လာကြသလို တချို့ကလည်း ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာတွေ စားသုံးရမယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲ ငြင်းခုန်နေကြသည်ဖြစ်ပါစေ ကာဗိုဟိုက်ဒရိတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အခန်းက ပါဝင်တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။ အခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာများကတော့ ကာဗိုဟိုက်ဒရိတ်ရဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်များအကြောင်း ဖြစ်ပါတယ်။ ၁။ ကိုယ်ခန္ဓာအတွက် စွမ်းအင်ထောက်ပံ့ပေးခြင်း ကာဗိုဟိုက်ဒရိတ်ရဲ့ လုပ်ငန်းတာဝန်တခုကတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာကနေရရှိတဲ့ ကာဗိုဟိုက်ဒရိတ်ကို ချေဖျက်ပြီး ဂလူးကို့စ်အဖြစ် ဖြိုခွဲပါတယ်။ ဂလူးကို့စ်ဟာ ဆဲလ်များအတွင်း ရောက်ရှိတဲ့အခါ ATP လို့ခေါ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

ဘလူးဘယ်ရီသီးများဟာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံပဲ ဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဘလူးဘယ်ရီသီးရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ ကယ်လိုရီနည်းပြီး အာဟာရဓာတ်မြင့်မားခြင်း ဘလူးဘယ်ရီဟာ ဘယ်ရီသီးတွေကြားမှာ အာဟာရဓာတ် အသိပ်သည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဘလူးဘယ်ရီတခွက် (၁၄၈ ဂရမ်) မှာ - အမျှင်ဓာတ်။ ၄ ဂရမ် - ဗီတာမင် စီ။ တစ်နေ့တာလိုအပ်ချက်၏ ၂၄ % - ဗီတာမင် ကေ။ တစ်နေ့တာလိုအပ်ချက်၏ ၃၆% - မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၅% - ကယ်လိုရီ ၈၄ - ကာဘိုဟိုက်ဒရိတ် ၁၅ ဂရမ် စတာတွေပါဝင်ပါတယ်။ ၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ကိုယ်ခန္ဓာထဲက ဖရီးရယ်ဒီကယ်တွေရဲ့ဒဏ်ကို ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ မတည်ငြိမ်တဲ့ မော်လီကျူးတွေဖြစ်ပြီး ဆဲလ်တွေကိုပျက်စီးစေခြင်းကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုက်လန်၏ အကျိုးကျေးဇူးများ

အစိမ်းရောင်ရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ဖွယ်ရာ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ကိုက်လန်ဟာ ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့အပြင် ဆေးဖက်ဝင်ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုက်လန်၁ီကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ အာဟာရဓာတ်သိပ်သည်းခြင်း ကိုက်လန်ကို ဂေါ်ဖီအုပ်စုဝင် အပင်ဖြစ်ပြီး အစိမ်းရောင်၊ ခရမ်းရောင် စသဖြင့် မျိုးကွဲတွေ ရှိပါတယ်။ တွေ့ရအများဆုံး အမျိုးအစားကတော့ အစိမ်းရောင်နဲ့ လှိုင်းတွန့်သဏ္ဌာန်အရွက်ရှိတဲ့ ကိုက်လန်မျိုး ဖြစ်ပါတယ်။ ကိုက်လန်တခွက်စာ (၆၇ ဂရမ် သို့မဟုတ် ၂.၄အောင်စ) မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကတော့ - ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၂၀၆% - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၃၄% - ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၉% - မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အလုံးခပ်ကြီးကြီး နှင်းသီးကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေပါတယ်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံ တစ်မျိုးလည်း ဖြစ်ပါတယ်။ နှင်းသီး ဆိုတာ နှင်းသီးကို Rose Apple လို့ ခေါ်ကြသလို Malay Apple၊ Malay Rose Apple လို့လည်း ခေါ်ကြပါတယ်။ အိန္ဒိယမှာတော့ Jambu လို့ ခေါ်ကြပါတယ်။ နုနယ်ချိန်မှာ အစိမ်းနုရောင်ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ တဖြည်းဖြည်းပန်းရောင် ခပ်ရင့်ရင့် အဆင်း ရှိလာတတ်ပါတယ်။ နှင်းသီးမှာ ဘာတွေပါ လေ့လာချက်တွေအရ နှင်းသီးမှာ Niacin၊ Riboflavin၊ Thiamin ဗီတာမင် A၊ ဗီတာမင် B12၊ ဗီတာမင် C၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကနစိုးသီး စားပေးရင် ရမယ့် ကျန်းမာရေး အာနိသင်

ငယ်ငယ်က မိုးရာသီရောက်ပြီဆိုရင် ကနစိုးသီး ချိုချိုလေးတွေ စားခဲ့ကြတာ မှတ်မိလား။ မိုးဦးကျ ကာလမှာ မိုးအေး​အေးလေးနဲ့ စားလိုက်ရင်ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ကနစိုးသီးကို စားရတာ သဘောကျတယ်ဆိုရင်တေ့ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ကနစိုးသီး ဆိုတာ ကနစိုးသီးဆိုတာက အပြင်ခွံ ဝါဖန့်ဖန့်လေးနဲ့ အတွင်းမှာ အကြည်ရောင် ဒါမှမဟုတ် အဖြူရောင် အမွှာလေးတွေ ပါတတ်ပြီး အတွင်းက အစေ့ကတော့ ခရမ်းရောင်မကျ ပန်းရောင်မကျလေးပါ။ စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိပြီး မိုးကျပြီဆိုရင် အရသာချိုချိုလေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ အမြဲစိမ်းပင်မျိုးဖြစ်ပြီး အထက်မြန်မာပြည် နဲ့ အောက်မြန်မာပြည်လိုမျိုး မိုးများတဲ့ ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အပင်အရွယ်အစားကတော့ အမြင့်ပေ ၄ဝ မှ ၅ဝ အထိရှိ​ကြပြီး ပင်စည်လုံး ပတ်ကတော့ ၃ ပေမှ ၅ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ဖရုံသီး၏ အကျိုးကျေးဇူး

ကျောက်ဖရုံသီးကို သိပ္ပံအမည်အနေနဲ့ Benincasa hispida လို့ခေါ်ပြီး အရှေ့တောင်အာရှကနေ စတင်စိုက်ပျိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နွယ်ပင်မျိုးဖြစ်ပြီး အသီးဟာ ဖရဲသီးနဲ့ဆင်တူပါတယ်။ ကျောက်ဖရုံသီးကိုတော့ ဆေးဖက်ဝင်တယ်သတ်မှတ်ထားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာ၊ အာယုဗေဒ ဆေးပညာစတာတွေမှာ အသုံးပြုကြပါတယ်။ ယနေ့အခါမှာ ဆေးဖက်ဝင်အကျိုးရှိတယ်ဆိုတဲ့ အကြောင်းကို သိပ္ပံနည်းကျသုတေသနတွေအနေနဲ့ပါ အတည်ပြုလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးဆိင်ရာ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ကျောက်ဖရုံသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီ၊ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် နည်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။ ကျောက်ဖရုံသီး အစိမ်း ၁၀၀ ဂရမ်မှာ အာဟာရဓာတ်အားဖြင့် - ကယ်လိုရီ။ ၁၃ ယူနစ် - ပရိုတိန်း။ ၁ ဂရမ်လျော့လျော့ - ကာဘို ဟိုက်ဒရိတ်။ ၃ ဂရမ် - အမျှင်ဓာတ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပျားရည် နဲ့ ကျန်းမာရေး

ရှေးယခင်ကာလတွေကတည်းက ပျားရည်ကို ဆေးဝါးအဖြစ်ရော စားသုံးစရာတစ်ခုအနေနဲ့ပါ အသုံးပြုခဲ့ကြတာပါ။ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပျားရည် ခန္ဓာကိုယ်ကို အားရှိစေသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ ခပ်ချိုချိုအရသာရှိတာကြောင့် သကြားအစား အသုံးပြုကြတဲ့ ပျားရည်က ကယ်လ်လိုရီပါဝင်မှု လုံးဝမရှိတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။ ဒိတစ်ခေါက်တော့ ရှေးယခင်ကာလတွေကတည်းက ဆေးဖြစ်ဝါးဖြစ် သုံးလာကြတဲ့ ပျားရည်က ဘယ်လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား………….. ပျားရည် ကပေးတဲ့ ကျန်းမာရေး ချိုချိုလေးနဲ့ စားလိုက်ရင် အရသာရှိတဲ့ ပျားရည်လေးက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ် ပျားရည်စစ်စစ်က အပင်က ဓာတုပစ္စည်းတွေ ပါဝင်နေတာ​ကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ အချို့သော ပျားရည်တွေမှာ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း လေးတွေက ဘာတွေများဖြစ်မလဲ။ နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က အာဟာရပြည့်ဝတဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်ကို ရေခဲအေးအေးလေးနဲ့ သကြား၊ သကြားရည်၊ ထန်းလျက်ရည်တို့နဲ့ တွဲဖက်စားရင် တော်တော်လေး စားကောင်းပါတယ်။ ဒီစားကောင်းတဲ့ ဒိန်ချဉ်လေးက အစာခြေစနစ်ကစလို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အထိ အားဖြည့်ပေးနေတဲ့ စားစရာလေးတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်စားပေးတာက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း ဒိန်ချဉ်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သွား နဲ့ သွားဖုံး ပြဿနာကင်းစေတယ် ဒိန်ချဉ်သောက်ပေးတာက ကော်ဖီလိုမျိုး သွားမှာ စွန်းထင်းစေတဲ့အရာတွေကြောင့် သွားအရောင်ပြောင်းတာ ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က ချဉ်ပေမယ့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေတာမျိုး မရှိပါဘူး။ ဒိန်ချဉ်မှာပါတဲ့ lactic acid […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

နွားနို့သည် အာဟာရဓာတ် အကြွယ်ဝဆုံး ဖျော်ရည်စာရင်းထဲ ပါဝင်တယ်လို့  ကျန်းမာရေး ပညာရှင်တွေ သတ်မှတ်ထားပြီးသားပါ။ ဒါကြောင့်လည်း ကလေးက စလို့ ဘိုးဘွား အရွယ်ထိ နွားနို့ကို တစ်နေ့ တစ်ခွက်လောက် ပုံမှန်သောက်ပေးကြတာပေါ့။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ ဈေးထဲမှာ လှည်းလေးနဲ့ မလိုင်နို့ဆိုပြီး ရောင်းကြတယ်၊ အိမ်ရောက်တာနဲ့ နွားနို့ကို ကြိုပြီး ပူပူလေး သောက်၊ သိပ် ပြဿနာမရှိဘူးလေ။ အခုကျတော့ ကျန်းမာရေးအခြေအနေနဲ့ လူ့အကြိုက်ပေါ် မူတည်ပြီး နွားနို့တွေကို • မလိုင်ပြည့် (Full Cream Milk) • မလိုင်ဖယ် (Skim Milk) • အဆီလျှော့ (Low Fat Milk) ဆိုပြီး ၃ မျိုး ထုတ်လုပ်လာကြပါတယ်။ ဒီအမျိုးအစား ၃ မျိုးက ဘာကွာခြားမှုရှိလဲ။ ကိုယ်က အားကစားလုပ်တဲ့သူ မဟုတ်ဘူး၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း