သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘူးသီး ကပေးတဲ့ ကျန်းမာရေး

ဘူးသီး ကပေးတဲ့ ကျန်းမာရေး

မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ ​ကြော်ချက်လေးပဲလုပ်လုပ်၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်လို့ အသုပ်လေးနဲ့ပဲ တွဲစားစား စားလို့ကောင်းလို့ ဘူးသီး လေးကို ကြိုက်တဲ့ သူတွေရှိလား……….. ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင် မဖြစ်မနေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။

ဘူးသီး လေးက ပေးတဲ့ ကျန်းမာရေး

စားလို့ အရသာရှိတဲ့ ဘူးသီးလေးက

အပူငြိမ်းစေတယ်

ဘူးသီးက ခန္ဓာကိုယ် အပူငြိမ်းစေပြီး ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အစာအိမ်ကို အေးစေနိုင်ပြီး ခန္ဓာကိုယ်က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ချွေး တအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။

နှာခေါင်း သွေးလျှံတာဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေ ကင်းစေဖို့အတွက် ဘူးသီး စားပေးလို့ရပါတယ်။

ဝိတ်ကျစေတယ်

ဘူးသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ ဒါ့အပြင် ဘူးသီးမှာ ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးသီး တစ်စိတ်စာကို အရည်ကြိတ်ပြီး သံပရာရည် နည်းနည်းနဲ့ သောက်ပေးလို့ရပါတယ်။ ဒီလိုသောက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။

အစာခြေစနစ်ပြဿနာတွေ ကင်းစေတယ်

ဘူးသီးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းချုပ်တာကို သက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။

ဝမ်းမှန်စေလို့ အစာခြေစနစ်တလျှောက် သန့်စင်စေပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ အူမကြီး ကျန်းမာပြီး ရောဂါကင်းစေဖို့ ဘူးသီးကို စားပေးလို့ရပါတယ်။ ဝမ်းကိုက်နေတဲ့အခါ ဘူးသီးဖျော်ရည်ထဲကို ဆားနည်းနည်းထည့်ပြီး သောက်ပေးပါ။ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ဘူးသီးက အစာ​ကြေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသေးတယ်။

နှလုံး ကျန်းမာစေတယ်

ဘူးသီးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ဘူးသီးမှာ ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ choline ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက် စွမ်းဆာင်ရည်ကို တိုးတက်စေနိုင်သလို စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။

စိတ်ကျန်းမာရေးကို ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

ရေဓာတ် ဖြည့်ပေးတယ်

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ သကြားဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဘူးသီးကို စားပေးလို့ ရပါတယ်။ ပရိုတင်း နဲ့ အခြား အာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ဘူးသီးက ကြွက်သားတွေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

7 Incredible Benefits of Drinking Bottle Gourd (Lauki) Juice https://food.ndtv.com/food-drinks/7-incredible-benefits-of-drinking-of-bottle-gourd-lauki-juice-1452828 Accessed Date 24 April 2020

16 Reasons Why Lauki Is Healthy https://www.practo.com/healthfeed/16-reasons-why-lauki-is-healthy-3556/post Accessed Date 24 April 2020

Bottle gourd (Calabash) nutrition facts https://www.nutrition-and-you.com/bottle-gourd.html Accessed Date 24 April 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 13/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။