backup og meta

သံပရိုသီး နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံပရိုသီး နဲ့ ကျန်းမာရေး

    အနံ့မွှေးမွှေးပြီး ချဉ်ပြုံးပြုံးအရသာရှိလှပြီး ဖျော်ရည်ပဲ ဖျော်သောက်သောက်၊ အသုပ်ထဲ ပဲထည့်စားစား အရသာရှိသလို ခံတွင်းရှင်းတဲ့ သံပရိုသီးလေးက ကျန်းမာရေးနဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုများ အထောက်အကူပေးလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။

    သံပရိုသီးလို့ ပြောလိုက်ရင် အခွံဝါဝါလေးနဲ့ အရည်ရွှမ်းတဲ့ အသီး မွှေးမွှေးလေးတွေကို ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီသံပရိုသီးလေးတွေက ဖျော်ပဲသောက်သောက်၊ အသုပ်တွေ၊ မုန့်ဟင်းခါးတွေ၊ အုန်းနို့ခေါက်ဆွဲလို စားစရာတွေထဲကိုပဲ ထည့်စားစား စားလို့ကောင်းပါတယ်။ သံပရိုသီးရဲ့ အကျိုးကျေးဇူးက စားလို့ကောင်းရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြား အသုံးဝင်တာတွေလည်း ရှိပါသေးတယ်။

    သံပရိုသီးမှာပါတဲ့ အာဟာရဓာတ်

    သံပရိုသီးမှာ

    သံပရိုသီး နဲ့ ကျန်းမာရေး

    ချဉ်ပြုံးပြုံး အရသာရှိတဲ့ သံပရိုသီးလေးက

    နှလုံးကျန်းမာ စေတယ်

    ဗီတာမင် C ကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါခံစားရတာနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သံပရိုသီးကို ပုံမှန်စားသုံးပေးတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေမှာပါ။ သံပရိုသီးမှာပါတဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ hesperidin နဲ့ diosmin  တို့က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

    ဝိတ်ကျ စေနိုင်တယ်

    သံပရိုသီးက အချဉ်ဓာတ်ပါတာကြောင့် ဝိတ်ကျစေနိုင်တယ်လို့ အများက လက်ခံထားကြပါတယ်။ နောက်တစ်ခုက သံပရိုသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ပါဝင်နေတာပါ။ သံပရိုသီးသောက်တာက အဆာခံနိုင်စေတဲ့ သဘောတော့မရှိပေမယ့် သံပရိုသီးကို ရေနွေးနွေးနဲ့ စိမ်သောက်တာက ကိုယ်အလေးချိန် လျှော့ချနေသူတွေကို အထောက်အကူပြု ပေးတယ်လို့ ဆိုပါတယ်။

    ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတယ်

    သံပရိုသီးမှာပါတဲ့ Citric acid က ဆီးရွှင်စေနိုင်ပြီး ဆီးထဲက pH ပမာဏကို တိုးစေနိုင်တာကြောင့် ကျောက်ကပ် ကျောက်တည်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

    သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်

    သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းရောဂါ အဖြစ်များပါတယ်။ အစားအသောက်တွေထဲမှာ သံဓာတ် လုံလောက်စွာ မပါဝင်မှုကိ သွေးအားနည်းရောဂါ ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းခံပါ။ သံပရိုသီးက သံဓာတ် ပါဝင်နေသလို အစားအစာတွေမှာပါတဲ့ သံဓာတ်ကို အူနံရံတွေက စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တာကြောင့်  သွေးအားနည်းရောဂါ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    ကင်ဆာ ကာကွယ်ပေးတယ်

    အသီးအနှံတွေက ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ သံပရိုသီးလို ချဉ်တဲ့အသီးတွေကို စားသုံးသူတွေက ကင်ဆာရောဂါ ခံစားရနိုင်ခြေ နည်းတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

    သံပရိုသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိသလို ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာ ကာကွယ်ဖို့ရော ကုသဖို့ပါ သံပရိုသီးကို သုံးပေးလို့ရပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    သံပရိုသီးတွေက ကယ်လ်လိုရီ ပါဝင်သလို ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ နဲ့ သကြားဓာတ်တွေ ပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    ဒါတွေအပြင် သံပရိုသီးက သွေးတွင်းသ​ကြားဓာတ်ကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါသေးတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးသလို အနာကျက်စေဖို့လည်း ကူညီပေးပါသေးတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement