home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နွေပူပူ ကို အံတုဖို့ ဒီအသီးတွေ စားပေးပါ။

နွေပူပူ ကို အံတုဖို့ ဒီအသီးတွေ စားပေးပါ။

မကြာခင် နွေရာသီကလည်း ရောက်တော့မယ်။ ရာသီဥတုက တဖြည်းဖြည်း ပူပြင်းခြောက်သွေ့လာတဲ့အပြင် ဒီနှစ်ထဲ အယ်နီညိုကလည်းဖြစ်ဦးမယ်ဆိုတော့ ဒီနှစ်နွေရာသီရဲ့ အပူဒဏ်ကို အံတုဖို့ ပြင်ဆင်ရတော့မှာပေါ့။ နွေရာသီရဲ့ အဓိက ပြဿနာကတော့ နေပြင်းပြီး ချွေးထွက်များလို့ ရေဓာတ်ခမ်းခြောက်တာနဲ့ အသားအရေ နေလောင်တာပဲ ဖြစ်ပါတယ်။ ဒါတွေက အင်မတန်မှ စိတ်ညစ်စရာကောင်းတဲ့ နွေရောက်ရင် ဖြစ်နေကျ ပြဿနာတွေပါ။ နွေပူပူ ကို တွန်းလှန်နိုင်တဲ့ အသီးတွေရှိတယ်ဆိုရင် သင်စိတ်ဝင်စားမလား။

နွေပူပူ ကို အံတုဖို့ စားသင့်တဲ့ အသီးများ

စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ကီဝီသီး – ဗီတာမင် C ဓာတ် အပြည့်ပါတဲ့ ဒီအသီးတွေဟာ နွေရာသီမှာ အစားသင့်ဆုံးအသီးလို့ဆိုရင်တောင် မမှားပါဘူး။ ဗီတာမင် C ရဲ့ နေလောင်ဒဏ်ကို ကာကွယ်နိုင်တဲ့ အစွမ်းကြောင့် ဆောင်းလက်ကျန် စတော်ဘယ်ရီသီးတွေက နွေရဲ့ အပူဒဏ်ကို အံတုတဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်နေရခြင်းပါပဲ။

နွေရာသီမှာ ချွေးထွက်များလို့ ရေဓာတ်ခမ်းခြောက်ပြီး အသားအရေ နေလောင်တတ်ပါတယ်။ နွေပူပူ ကို တွန်းလှန်နိုင်တဲ့ အသီးတွေရှိတယ်ဆိုရင် သင်စိတ်ဝင်စားမလား။

သခွားသီး ရေဓာတ်အပြည့်ပါပြီး သကြားလည်းမပါ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အသီးဆိုရင် သခွားသီးကိုသာ ပြရပါလိမ့်မယ်။ သခွားသီးရဲ့ ရေဓာတ်ဖြည့်နိုင်စွမ်းကြောင့် အသားအရေလည်းလှပြီး နွေရာသီမှာ အဆီပြန်တာကိုလည်း သူက ကာကွယ်ပေးဦးမှာပါ။

ခရမ်းချဉ်သီး – ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက သင့်အသားအရေတွေကို ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ပေးမှာ ဖြစ်တဲ့အပြင် သူ့မှာပါဝင်တဲ့ ဗီတာမင် C နဲ့ lycopeneရဲ့ ရေဓာတ်ဖြည့်နိုင်တဲ့ အစွမ်းကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေကို သူက ပြန်လည်ပြုပြင်ပေးပါသေးတယ်။

ဖရဲသီး – နွေရာသီနဲ့ ဖရဲသီးဆိုတာ ခွဲခြားလို့ မရပါဘူး။ ကြွယ်ဝတဲ့ ရေဓာတ်က နွေရာသီရဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးမယ့်အပြင် ပါဝင်တဲ့ ဓာတ်တိုးပစ္စည်းတွေက ခရမ်းလွန်ရောင်ခြည် ကြောင့် ဖြစ်တဲ့ အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးဦးမှာပါ။

နွေရာသီမှာ ချွေးထွက်များလို့ ရေဓာတ်ခမ်းခြောက်ပြီး အသားအရေ နေလောင်တတ်ပါတယ်။ နွေပူပူ ကို တွန်းလှန်နိုင်တဲ့ အသီးတွေရှိတယ်ဆိုရင် သင်စိတ်ဝင်စားမလား။

ဟင်းနုနွယ် ဒီအစိမ်းရောင်ရှိတဲ့ အရွက်လေးတစ်ရွက်မှာ ဗီတာမင် A တွေ အပြည့်အဝပါလို့ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးသွားနိုင်တဲ့ အသားအရေလေးကို သူက အားတွေဖြည့်ပေးဦးမှာပါ။

မုန်လာဥနီ – ဥနီက မျက်လုံးကျန်းမာရေးအတွက်တင် မဟုတ်ပါဘူး။ သူ့မှာ ပါဝင်တဲ့ beta-carotene က နေလောင်သွားတဲ့ အသားအရေကိုပြန်လည်ပြုပြင်ပေးတဲ့အပြင် နွေနေပြင်းပြင်းထဲက ခရမ်းလွန်ရောင်ခြည်တွေ မျက်လုံးကို ပြဿနာပေးနိုင်တာတွေကိုလည်း လျှော့ချပေးပါတယ်။

သလဲသီး – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါလို့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ဖြစ်တဲ့ အသားအရေထိခိုက်တာတွေကို သူက အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။

နွေရောက်ပြီဆို ဒီ အသီးတွေစားရုံနဲ့တင် မပြီးသေးပါဘူး။ နွေရဲ့ အပူချိန်ကို အံတုဖို့ ရေများများသောက်ပါ။ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားကို ရွေးချယ်ပါ။ အပြင်သွားတိုင်း လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ နေကာမျက်မှန်၊ ထီးတို့ကို ဆောင်သွားပါ။ နေရောင်ခြည်နဲ့ အသားအရေ တိုက်ရိုက်ထိတွေ့တာကို တတ်နိုင်သမျှ ရှောင်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 14/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။