backup og meta

မာလကာသီးအစေ့ရဲ့ ဆေးဖက်ဝင်အာနိသင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မာလကာသီးအစေ့ရဲ့ ဆေးဖက်ဝင်အာနိသင်များ

    မာလကာသီး

    မာလကာသီးဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိတဲ့အပြင်niacin၊ ဗီတာမင် C ၊ ဗီတာမင် A ၊သံဓါတ်၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်နဲ့thiamine တို့ပါဝင်ပါတယ်။ မာလကာသီး ကလေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပဋိဇီဝပိုးမွှားတွေကိုလည်းသေစေနိုင်ပါတယ်။

    မာလကာသီးက ဝက်ခြံပျောက်စေ၊လိပ်ခေါင်းပျောက်စေ၊ ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေ၊ သန္ဓေရရှိနိုင်ခြေများစေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ မာလကာသီးရဲ့အခွံနဲ့အစေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပဋိဇီဝပိုးမွှားတွေသေစေနိုင်စွမ်းရှိတဲ့ glycosides ၊carotenoids၊ နဲ့တခြားphenolic နဲ့flavonoidဒြပ်ပေါင်းတွေပါဝင်ပါတယ်။

    ဒါ့အပြင် ဗိုက်ပြည့်စေတဲ့အသီးဖြစ်လို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးပါတယ်။ အသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာမဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူရောစားလို့မရပါဘူး။ အူအတက်ပေါက်မှာ စိုးရိမ်ရတာကြောင့် မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။

    မာလကာသီးအစေ့ကနေ ရရှိနိုင်မယ့်ဆေးဖက်ဝင်အာနိသင်တချို့ကတော့ –

    (၁) သွေးတိုးကိုကျစေနိုင်

    မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာသွေးဖိအားကို ကျစေတဲ့ ကျန်းမာရေးအကျိုးေကျးဇူးရှိပါတယ်။ ဒီဓါတ်ပစ္စည်းနှစ်မျိုးလုံးကို မာလကာသီး အသားမှာရော၊ အစေ့မှာပါတွေ့ရနိုင်ပါတယ်။ မာလကာသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်ဟာ ငျက်ပျောသီးမှာထက် ပိုတက်ဆီယမ် ၆၀ ရာခိုငနှ်ုန်းပိုများပါတယ်။

    ပိုတက်ဆီယမ်ကသွေးနဲ့သွေးဖိအားကိုထိန်းညှိရာမှာအကျိုးပြုနိုင်ပြီး မာလကာသီးအစေ့က ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့bio-active ဒြပ်ပေါင်းတွေ ကြွယ်ဝတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်။

    (၂) ဝမ်းချုပ်ခြင်းကို သက်သာစေ

    မာလကာစေ့ရဲ့အကျိုးကျေးဇူးကတော့ ဝမ်းချုပ်နေတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ အစေ့မှာ အမျှင်ဓါတ်ပါဝင်တာကြောင့် အူတွင်းလှုပ်ရှားမှုကိုကောင်းစေပါတယ်။ ဒါ့အပြင် အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    (၃) ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေး

    မာလကာသီးဟာ ကင်ဆာဆဲလ်တွေကို တားဆီးပေးပြီး ကင်ဆာဆဲလ်တွေဖြစ်ပေါ်မှုကို ဖြေရှင်းပေးနိုင်ပါတယ်။ သူ့မှာအများအပြားပါတဲ့lycopene ပါဝင်မှုကြောင့်လည်း ဆီးကျိတ်ကင်ဆာဝေဒနာသည်တွေအတွက်အေးဆေးနေထိုင်သွားလို့ရသလို ရင်သားကင်ဆာလည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

    (၄) ကိုလက်စထရော ထိန်းချုပ်မှု

    ဒါတွေအပြင် မာလကာစေ့ဟာpolyunsaturated fatty acidsတွေကြောင့်သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်မှုမှာ အထောက်အကူပေးပါတယ်။

    မာလကာစေ့တွေဟာ အမျှင်ဓါတ်လဲ ကြွယ်ဝတာကြောင့် အူအတွင်း သည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီးသွေးတွင်းမှ ကိုလက်စထရောကိုလည်းလျှော့ချပေးပါတယ်။ သို့သော် မာလကာစေ့တွေဟာကျောက်ကပ်မှာသွားကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် မလိုလားအပ်တဲ့ အရာတွေမဖြစ်အောင် အတိုင်းအတာတစ်ခုထိပဲ စားတာကောင်းပါတယ်။

    ဒါကတော့ မာလကာစေ့က ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတစ်ချို့ကို အခုလို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement